ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
မျိုးဝင်းဇော်/ ၉ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ရန်ကုန်နှင့် နယ်မြို့အသီးသီးတွင် ကားဈေး တဟုန်ထိုးကျဆင်းနေပြီး ဈေးကွက်ပျက်သလောက် ဖြစ်နေခြင်းသည် ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရမှ အိမ်စီးကားငယ်များ တင်သွင်းခွင့်ပြုနိုင်သည်ဆိုသည့် သတင်းထွက်ပေါ်နေမှုနှင့် ၂ဝဝ၅ က ဖမ်းဆီးထားသည့် ကားများကို လေလံပစ်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ကားပွဲစားများက ပြောသည်။

ဟံသာဝတီမှ ကားပွဲစားတဦးက “ကားဈေးတွေက အမြင့်ကားတွေဆို ခေါက်ချိုးလောက်ကျနေတယ်။ ပရာဒို၊ လင်ခရူဆာ နဂိုက သိန်း (၁,၆ဝဝ၊ ၁,၈ဝဝ) တန်းတွေဟာ ခု သိန်း (၇ဝဝ၊ ၈ဝဝ) ဝန်းကျင် ဖြစ်နေပြီ။ ဒါက ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၆-၂၈) နေပြည်တော် ကားလေလံပွဲ ပြီးတဲ့နောက် ဖြစ်လာတဲ့ ဈေးနှုန်း၊ အလတ်တန်းစားထဲကဆို သိန်း (၇ဝဝ) လောက် ပေါက်ဈေးရှိတဲ့ (၉၂) မော်ဒယ် မတ်တူး အခု သိန်း (၄ဝဝ) အောက်ဆင်းသွားပြီ။ လူအများစီးနေတဲ့ ဆန်နီ ဆူပါဆလွန်းတွေဆို နဂို သိန်း (၂၅ဝ) ကနေ (၃ဝဝ) တန်တွေ အခု သိန်း (၂ဝဝ) အောက် အားလုံးရောက်ကုန်ပြီး သိန်း (၁၅ဝ) လောက်ထိ ရောက်တဲ့ ကားတွေတောင် ရှိလာတယ်” ဟု ပြောသည်။

ကားဈေးများ ကျဆင်းနေသော်လည်း ဈေးကွက်တွင်း အဝယ်မရှိသလောက် ရှားပြီး ရောင်းသူသာ များနေသည့်အတွက် အရောင်းအဝယ် မရှိသလောက် ဖြစ်နေကာ ကားပွဲစားများလည်း အလုပ်မဖြစ်ကြကြောင်း၊ ကားဈေးကွက်မှာ ရောင်းသူနှင့် ဝယ်သူ ကြိုက်ဈေးဖြင့်သာ ရောင်းဝယ်နေကြကြောင်း ၎င်းက ပြောသည်။

ယခုနောက်ပိုင်း ကားလေလံဆွဲ ဝယ်ရောင်း လုပ်ကိုင်သူများမှာ အာဏာပိုင် သားသမီးများ၊ ၎င်းတို့နှင့် ရင်းနှီးသည့် စီးပွားရေးသမားများ ပါဝင်နေကြောင်း ရန်ကုန်မြို့မှ ကား ရာဖြတ်လုပ်သူ ပွဲစားတဦးက ပြောသည်။

၎င်းက “ဒီစီးပွားရေးသမားတွေဟာ ကားတွေကို လေလံဝင်ဆွဲ၊ တဖက်ကလည်း နယ်စပ်ကနေ လိုင်စင်မဲ့ကားတွေ မှောင်ခို တင်သွင်းပြီး လေလံအောင်တဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကားတွေနေရာမှာ အစားထိုး၊ လိုင်စင်ဝင်၊ ပြန်ရောင်းပြီး စီးပွားအလွန်ဖြစ်နေကြတယ်” ဟု ပြောသည်။

ယခု အာဏာပိုင်များနှင့် နီးစပ်သည့် အဆိုပါ ဝယ်ရောင်းများကိုယ်တိုင် ၎င်းတို့ လက်ထဲတွင် ကားများကို ကိုင်မထားတော့ဘဲ ထုတ်ရောင်းနေကြသဖြင့် ကားဈေး အလွန်အကျွံ ပြိုဆင်းလာခြင်းဖြစ်ကြောင်း ရာဖြတ်လုပ်သူ ပွဲစားက ရှင်းပြသည်။

ထို့ကြောင့် အစိုးရ ကားလေလံပွဲတို့တွင် လေလံဆွဲသူများ ပေးသည့်ဈေးနှုန်းမှာလည်း နိမ့်သထက် နိမ့်လာပြီး ပြီးခဲ့သည့် နေပြည်တော် ကားလေလံပွဲ၌ လေလံကြမ်းခင်းဈေး မမီ၍ လေလံဖျက်သိမ်းသည့် ကားအစီး (၁ဝဝ) ကျော်အထိ ရှိခဲ့သည်။

ကချင်ငြိမ်းချမ်းရေးအဖွဲ့မှ ခေါင်းဆောင်တဦးက “စစ်အစိုးရဟာ ကားပါမစ်ကို ကိုယ်ကျိုးရှာတဲ့အနေနဲ့ ပြည်သူတွေ တင်သွင်းခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားတာဟာ တိုင်းပြည် အလွန်နစ်နာတယ်။ ပြည်နယ်မြို့တော်တွေမှာတောင် လူတွေ ကားမစီးနိုင် ကြဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ လမ်းတံတား ဆောက်ပေးတယ် ဝါဒဖြန့်နေပေမယ့် စီးစရာ ကားမရှိဘူး။၊ မြန်မာနိုင်ငံက ကားဈေးနှုန်းတွေဟာ သဘာဝမကျပဲ မတန်တဆ မြင့်မားနေလို့ ဖြစ်တယ်” ဟု ဝေဖန်ပြောကြားသည်။

စစ်အစိုးရသည် ဖေဖော်ဝါရီ (၁၆-၁၇) ရက်နေ့တို့တွင် တြိဂံတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းထားသည့် ကားများအပါအဝင် စုစုပေါင်း (၂၁၂) စီးနှင့် နေပြည်တော် လေလံလက်ကျန် ကားများကို ကျိုင်းတုံ၌ လေလံတင်မည်ဖြစ်ပြီး အဆိုပါကားများထဲတွင် Pajero, Hilux Surf ,Land cruiser, Wagon, Mark II Saloon, Van CE 106 အမျိုးအစားများ ပါဝင်သည်။

မြန်မာနိုင်ငံတွင် ကားဈေးကွက်ပျက်ပြီး ကားဈေး တဟုန်ထိုး ကျဆင်းနေသော်လည်း အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက (၇) ဆ မှ (၁ဝ) ဆအထိ ဈေးနှုန်းမြင့်မားနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo