ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

တော်လှန်ရေးနယ်မြေမှာ နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ
ခုခံစစ်ကို ဆက်ကိုင်စွဲမည်
NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉
line

  chin

နအဖအနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လက်တွေ့မလုပ်ဆောင်နိုင် သေးသမျှ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် ကရင် အမျိုးသားများ၏ ဆန္ဒနှင့်အညီ အုပ်စိုးသူစစ်အစိုးရကို ခုခံတော်လှန်စစ်ဖြင့် ဆက်လက် တိုက်ပွဲဆင်နွှဲနေရဦးမည်ဟု ကေအန်ယူ ဥက္ကဋ္ဌ စောတာမလာဘောက ပြောသည်။

ဇန်န၀ါရီ (၃၁) ရက်တွင် ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့တွင် ကေအန်ယူ ဥက္ကဋ္ဌ စောတာမလာဘောက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့သို့ ကေအန်ယူဥက္ကဋ္ဌပေးပို့သည့် တော်လှန်ရေးနေ့ မိန့်ခွန်းတွင် ပြောကြားခြင်းဖြစ်ပြီး “ကရင့်အရေးသည် နိုင်ငံအရေးဖြစ်သည့်အားလျှော်စွာ အုပ်စိုးသူ စစ်အစိုးရ အဆက်ဆက်နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံစကားပြောခဲ့သော်လည်း ၎င်းတို့အုပ်ချုပ်မှု ဥပဒေဘောင်အတွင်း ၀င်ရောက်ရေးနှင့် လက်နက်ချရေးကိုသာ တွင်တွင်ပြောဆိုလာတယ်။ ဒါကြောင့် သင့်မြတ်သော ညီညွတ်ရေးကို မရရှိနိုင်သည့်အပြင် ကရင်လူထုပိုင် အိုးအိမ်ခြံမြေများကို မီးရှို့ဖျက်ဆီးရုံမက သတ်ဖြတ်မုဒိမ်းကျင့် လူသားမဆန်သော လုပ်ရပ်များကို ကျူးလွန်နေဆဲဖြစ်သောကြောင့် ယခုအချိန်ထိ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေရဆဲဖြစ်တယ်။ လက်နက်ကိုင်ပဋိပက္ခမရပ်စဲနိုင်သေးသမျှ အုပ်စိုးသူစစ်အစိုးရအား ခုခံတော်လှန်သောစစ်ကို ဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်သည်” ဟု ပြောကြားသည်။

ယနေ့ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဌာနာချုပ် စစ်ရေးပြကွင်းတွင် စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲ့ပြီး တော်လှန်ရေးနေ့ဂုဏ်ပြုတပ်ခွဲနှင့်အတူ တက်ရောက်လာကြသည့် ပရိသတ်များက ကရင့်အမျိုးသား အလံတော်အား အလေးပြုခဲ့ကြသည်။ ၎င်းနောက် ဂုဏ်ပြုတပ်ခွဲ စစ်ကြောင်းမှ စစ်သည်များက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ချီတက်အလေးပြုခဲ့ကြသည်။

chin

ယနေ့အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက “နအဖစစ်အုပ်စုနဲ့ပတ်သက်လို့ပြောရရင် ကေအန်ယူရဲ့ သဘောထားက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရပဲ ရှင်းလို့ရမယ်။ စစ်မြေပြင်မှာ ဘယ်လိုမှဖြေရှင်းလို့မရဘူး။ လက်နက်နဲ့ ဖြေရှင်းတာ အခုဆိုရင် နှစ် (၆၀) ပြည့်သွားပြီ။ နိုင်ငံရေးနဲ့ မရှင်းဘဲ စစ်ရေးနဲ့ပဲ ရှင်းမယ်ဆိုရင် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တာကလွဲလို့ အခြားလမ်းမရှိဘူး။ ဒီစစ်အုပ်စုဟာ သူ့လက်နက်တွေနဲ့ ကရင်အမျိုးသားတွေရဲ့ မျိုးချစ်စိတ်ကို ဘယ်တော့မှ ပပျောက်အောင် မဖြိုခွင်းနိုင်ပါဘူး” ဟု ပြောကြားသည်။

ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့များနှင့် ပတ်သက်၍လည်း “ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့ အမျိုးသားသွေးစည်းညီညွတ်ရေးဟာ အဓိကကျတယ်။ ညီညွတ်ရေးတည်ဆောက်ဖို့ သဘောထား ကျနော်တို့မှာ အပြည့်အ၀ရှိတယ်။ ညီညွတ်ရေး တည်ဆောက်တဲ့နေရာမှာလည်း မူမရှိတဲ့ညီညွတ်ရေးဟာ အန္တရာယ်ကြီးတယ်။ ဒါကြောင့် မူပေါ်မှာဖြစ်ရမယ်။ သူတို့အနေနဲ့ အမျိုးသားအကျိုးအတွက် ရှေ့ကိုဘယ်လို လက်တွဲလုပ်ဆောင်ရမယ်ဆိုတဲ့ သဘောထားတွေ ပေါ်လာတယ်ဆိုရင် ကျနော်တို့ဟာ အမျိုးသား ညီညွတ်ရေးအတွက် ဘယ်တော့မှ တံခါးမပိတ်ဘူး” ဟု အခမ်းအနားသို့ တက်ရောက်လာသည့် သတင်းထောက်များအား ပြောကြားသည်။

အခမ်းအနားတွင် ကရင့်တော်လှန်ရေးနှစ် (၆၀) ကာလအတွင်း ကရင့်အမျိုးသားရေးအတွက် တော်လှန်ရေး ကာလတွင် စွမ်းစွမ်းတမံ ထမ်းဆောင်အနစ်နာခံခဲ့ကြသည့် တော်လှန်ရေးခေါင်းဆောင်များနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ရသူများကိုလည်း ဂုဏ်ပြုခြင်း အစီစဉ်တရပ်ကို ထည့်သွင်းကျင်းပခဲ့သည်။

အလားတူ ယမန်နှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည့် ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းအား ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ သားသမီး လေးဦးဖြစ်သည့် စောစေးစေးဖန်း၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့မှ ထူးချွန်ထက် မြက်ပြီး အမျိုးသားရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြသည့် ကရင့်လူငယ်များကို ဂုဏ်ပြုသောအားဖြင့် ဖန်းဖောင်ဒေးရှင်းကို ယမန်နှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က စတင်တည်ထောင်ခဲ့သည်။

ယခုနှစ်အတွက် ဆုကို ဖာဖွန်ခရိုင်မှ အမျိုးသမီးခေါင်ဆောင်ငယ်တဦးဖြစ်သည့် နော်ဖေါကပလာ့ထူးကို ယနေ့ ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ (၂) ထောင်အား ဖန်းမောင်နှမများကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုပေးအပ်သည့်ဆုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထက်မြက်ထူးချွန်သည့် ကရင်လူငယ်များအား နှစ်စဉ် ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းမှ နန့်ဘွားဘွားဖန်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

အမျိုးသားသွေးစည်းညီညွတ်ရေးနှင့်ပတ်သက်၍ ၁၉၉၄ ဒီဇင်ဘာလ (၂၁) ရက်နေ့က ကေအန်ယူမှ ခွဲထွက်သွားသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ အဆင့်မြင့်အရာရှိတဦးက “ကရင့်တော်လှန်ရေး နှစ် (၆၀) ပြည့်ပြီ။ ဒီနေ့အထိ ကရင်တွေ မညီညွတ်ကြသေးဘူး။ လက်ရှိအခြေအနေအရ ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည်ပေါင်းစည်းရေးဟာ လွယ်လွယ်နဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး။ နှစ်ဖွဲ့လုံး အသုံးပြုနေတဲ့ အမျိုးသားအလံနဲ့ အမျိုးသားသီချင်းဟာ အတူတူပဲ။ ဒါပေမယ့် ကေအန်ယူနဲ့ ဒီကေဘီအေဟာ အမျိုးသား စည်းလုံးညီညွတ်မှုနဲ့ ပတ်သက်ရင် ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေကို မစည်းရုံးနိုင်ကြဘူး။ အဲဒါအမှန်တရားပဲ။ ဒါကို ကျနော်တို့ အားလုံး လက်ခံရမယ်။ သို့သော် ဒီကေဘီအေနဲ့ ကေအန်ယူ ဒီနှစ်ဖွဲ့ပြန်လည်ပေါင်းစည်းရုံနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးရပြီလို့ ပြောလို့မရသေးဘူး။ ကရင်လူမျိုးတိုင်း ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသိတဲ့နေ့ကျမှပဲ ဒီညီညွတ်မှုဟာ ဖြစ်ပေါ်လာမယ်။ အခုလက်ရှိအ ခြေအနေမှာကတော့ ကြားလူပဲ အမြတ်ထွက်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပရိသတ် (၅) ထောင်ခန့်တက်ရောက်ခဲ့သည့် အခမ်းအနားသို့ ဒီကေဘီအေအဖွဲ့၏ နာယကဆရာတော် ဦးသုဇနနှင့် ဘားအံမြို့တောင်ကလေးဆရာတော် ဦးပညာသာမိ တို့၏အစီစဉ်ဖြင့် ကရင်ပြည်နယ်မှ နာမည်ရ ကရင်အဆိုတော် (၁၀) ဦးခန့်ကလည်း ခေတ်ဟောင်းခေတ်ပေါ် ကရင်တေးသီချင်းများဖြင့် လာရောက် သီဆိုဖျော်ဖြေခဲ့ကြသည်။

ကရင်အမျိုးသားအစည်းရုံး (ကေအန်ယူ) ကို အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် မြေပေါ်ပါတီအဖြစ် ရပ်တည်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ကေအန်ယူ၏ ပထမဆုံးဥက္ကဋ္ဌမှာ စောစံဖိုးသင်ဖြစ်သည်။

၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် ကရင်အမျိုးသားအစည်းရုံး ကေအန်ယူနှင့် ကေအန်ဒီအိုကို ထိုစဉ်က အုပ်ချုပ်သည့် ဦးနုအစိုးရက မတရားအသင်းအဖြစ် ကြေညာခဲ့သည်။ ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် ရန်ကုန်ရှိ ကေအန်ဒီအို ဌာနာချုပ်ကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည့်အတွက် တပြည်လုံးရှိ ကရင်လူမျိုးများက ပြန်လည်ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ဖြစ်ပေါ်ခဲ့သည်။

chin chin chin


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook