ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 
 

၂ဝဝ၉ ရန်ကုန်မှာ ရေရရှိမှု
အဆိုးဆုံး အခြေအနေရောက်
NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉
line

 

လက်ရှိ ၂ဝဝ၉ ခုနှစ်သည် ရန်ကုန်နေသူတွေအတွက် ရေရရှိမှု အဆိုးဆုံးနှစ် ဖြစ်ကြောင်း မြို့ခံများက ပြောပြသည်။

ရန်ကုန်မြို့လည် (၃၇) လမ်းမှာ အကျိုးဆောင်လုပ်ငန်း ရုံးခန်းဖွင့်လှစ် နေထိုင်သူ တဦးက “ကျွန်မ ရန်ကုန်သူပါ။ ဒီ (၃၇) လမ်းမှာ ရုံးခန်းလည်းဖွင့် လူလည်းနေတာ (၁၅) နှစ် ကျော်ပြီ။ စည်ပင်သာယာက ပေးတဲ့ ရေဆိုတာ မီးလာရင် မော်တာနဲ့ စုတ်လိုက်ရုံပဲ၊ ဘယ်အချိန်စုတ်စုတ် ရေတက်တယ်။ အခြားမြို့နယ်တွေမှာ ရေခက်ပေမယ့် ကျောက်တံတားမြို့နယ် ဒီ (၃၇) လမ်းမှာ ရေရတယ်။ ခု ဒီလထဲမှာ မီးလာလို့ ရေစုတ်ပေမယ့်လည်း ရေက မရဘူး။ မီးမလာလို့ သူများတွေ မစုတ်တဲ့အချိန် မီးစက်ငှားပြီး စုတ်တော့လည်း ရေကမရဘူး။ နောက် စည်ပင်ကို ခေါ်ပြကြည့်တော့ လမ်းထဲက ပိုက်ထဲမှာ ရေမရှိလို့လို့ ပြောတယ်။ မိန်းပိုက်ကနေ ဖောက်ပြီးသွယ်ထားမှ ရေရနိုင်မယ်လို့ ပြောတယ်။ ဒါနဲ့ မတတ်နိုင်ဘူး၊ စည်ပင်ကလူကို (၁) သိန်း (၇) သောင်းပေးပြီး မိန်းပိုက်ဖောက်ပြီး ရေသွယ်လိုက်ရတယ်။ ကျွန်မ သိသလောက် ဒီ (၁၅) နှစ်အတွင်း အဆိုးဆုံးပဲ” ဟုပြောပြသည်။

အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း နေထိုင်သူတဦးကို စုံစမ်းကြည့်ရာ သူက ၄င်းနေထိုင်ရာ ရပ်ကွက်မှာ မူလကတည်းက ည (၁၂) နာရီမှ နံနက် (၅) နာရီ အကြားသာ ရေစုတ်တင်လို့ ရကြောင်း၊ ယခု အချို့ရက်တွေမှာ မီးပျက်တဲ့ အတွက်ကြောင့် စုတ်မရသလို၊ မီးလာတဲ့ ရက်များမှာလည်း ပိုက်ထဲ ရေမရှိလို့ စုတ်မရကြောင်း၊ ရေစုတ်မရတာ (၂၃-၂-ဝ၉) ရက်နေ့ အထိ စုစုပေါင်း (၇) ရက်ခန့် ရှိပြီဖြစ်ကြောင်း ပြောပြသည်။

အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ် စည်ပင်သာယာရုံးကို စုံစမ်းကြည့်ရာ ယခုရက်ပိုင်း လျှပ်စစ်မီး အပျက်များသဖြင့် ရေတွန်းစက်များက ရေမတွန်းနိုင်လို့ ပိုက်တွေထဲ ရေမရောက်နိုင်တာ ဖြစ်နိုင်ကြောင်း၊ ၄င်းတို့လည်း တိတိကျကျ မသိရပါကြောင်း ဖြေကြားသည်။

ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နဲ့ တာမွေ မြို့နယ်များမှာ နေထိုင်သူတွေကို စုံစမ်းကြည့်ရာ ရေ အလွန် ခက်ခဲနေသည်မှာ မှန်ကန်ကြောင်း၊ ယခုနှစ် အခက်ခဲဆုံး ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားကြသည်။

ရေခက်ခဲလာသည့်အတွက် ငွေတတ်နိုင်သူတွေက စည်ပင်ဝန်ထမ်းများအား လာဘ်ငွေပေးပြီး မိန်းပိုက်ဖောက်ကာ ရေသွယ်လာကြသလို၊ ငွေမတတ်နိုင်သူတွေက မိန်းပိုက်အချို့၏ ရေယိုပေါက်များမှ တဆင့် အောက်ဘက်က မြေကြီးကိုယက်ပြီး ဇလုံချ ရေခံကာ ခပ်ယူသုံးစွဲနေကြသည်ကိုလည်း မြင်တွေ့ကြရသည်။

မြို့လည် တိုက်ခန်းနေသူ အများစုကတော့ ရေကို ထမင်းဟင်းချက်ပြုတ်၊ မျက်နှာသစ်လောက်သာ အဓိကထား သုံးစွဲပြီး အဝတ်လျော်တာမျိုးကအစ ထိန်းထိန်းသိမ်းသိမ်း ချွေချွေတာတာ လုပ်နေကြရသည်။

စစ်အစိုးရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း (၂၆) မြို့နယ်က ပြည်သူများကို ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန်များနဲ့ အဝီစိတွင်းပေါင်း (၂၂၅) တွင်းမှ ရေရယူ ပေးဝေလျက်ရှိကြောင်း၊ ယခုအခါ ရန်ကုန်မြို့ လူဦးရေရဲ့ (၆ဝ) ရာခိုင်နှုန်းကို ရေဂါလန်ပေါင်း (၁၃၅) သန်းခန့် နေ့စဉ်ပေးဝေနေပြီး တိုးချဲ့ ပေးဝေနိုင်ရန် စီစဉ်နေကြောင်း၊ ရန်ကုန်မြို့အတွင်း ပေးဝေနေသည့် ရေအရင်းအမြစ်များမှာ ၂ဝ၂ဝ ပြည့်နှစ်အထိ ခန့်မှန်းထားသည့် လူဦးရေ ခြောက်သန်းခွဲအတွက် လုံလောက်မှု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပုဂ္ဂလိက မီဒီယာများနှင့် တွေ့ဆုံရာမှာ ပြောဆိုခဲ့ဖူးသည်။

ဗိုလ်တစ်ထောင်မြို့နယ်မှ အမည်မဖော်လိုသူ စည်ပင် ဝန်ထမ်းတစ်ဦးကတော့ ရန်ကုန်ကို ရေပေးဝေမှုသည် မိုးတွင်းမှာပဲ လုံလောက်ပြီး ဆောင်းရာသီ ရောက်သည်နှင့် လုံလောက်အောင် မပေးဝေနိုင်တော့ကြောင်း၊ ဒါ့အပြင် ရေပေးဝေမှု မလောက်ငှသည့် ကြားထဲ ၂ဝဝ၇ ခု နှစ်ဆန်းပိုင်းမှာ သာကေတမြို့နယ်ကို ရေပိုက်သွယ်ပြီး ရေပေးခဲ့ကြောင်း၊ အဲဒီအချိန်က ရေပိုက်ဖိုးနဲ့ ရေမီတာခ တစ်အိမ် ကျပ် (၈၃,ဝဝဝ) ကောက်ခံခဲ့ပြီး ပြည်သူတွေကတော့ ငွေကြေးပိုမို ကုန်ကျခဲ့ကြောင်း၊ သာကေတကို ရေပေးခြင်းသည် ဝင်ငွေရလိုတာ တစ်ခုတည်းမကပဲ ကြံ့ဖွံ့အဖွဲ့ စည်းရုံးရေးသဘော လုပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် ရန်ကုန်မြို့တွင်း ရေပြတ်လတ်မှု ပိုမိုဖြစ်ပေါ်လာပြီး မိန်းပိုက်ကို ဖောက် ရေသွယ်ယူသူတွေ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ယခုလို ပြည်သူတွေ ရေရရှိမှု ခက်ခဲနေသည့်အကြောင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြဖို့ ကြိုးစားတိုင်း စာပေစိစစ်ရေးက ပိတ်ပင်လျက်ရှိကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များမှ သတင်းအယ်ဒီတာများ ကလည်း ပြောပြကြသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo