ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကေအိုင်အိုနယ်မြေအနီး နအဖတပ်နှင့် အာဏာပိုင်များ
ဘိန်းခင်းဖျက်ဆီးရေး ပြုလုပ်

ပေါက်ပေါက်/ ၁၀ မတ် ၂ဝ၁ဝ

line

 

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ နယ်မြေအနီးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်အချို့နှင့် ဒေသခံအာဏာပိုင်များ ပါဝင်သည့်စစ်ကြောင်းများဖြင့် ဘိန်းခင်းဖျက်ဆီးရေး ပြုလုပ်နေသည်။

ဝိုင်းမော်မြို့နယ်အရှေ့ဘက်၊ ကေအိုင်အို၏ တပ်ရင်း (၃) နယ်မြေအနီးရှိ ဆဒုံးဒေသနှင့် ယခင် ကေအိုင်အို ဗဟိုဌာနချုပ် အဟောင်း ပါဂျို၊ နားဖော့ဒေသဘက်တွင် တရုတ်နိုင်ငံသားများနှင့် ဒေသခံတို့ စိုက်ပျိုးထားသည့်ဘိန်းခင်းများကို စစ်ကြောင်းများဖြင့် ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဝိုင်းမော်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေကောင်စီ (မယက) နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “တပ်တို့၊ မယကတို့၊ မီးသတ်တို့ စစ်ကြောင်းတွေဖွဲ့ပြီး ဘိန်းခင်းဖျက်နေတာ။ အခုလ (၇) ရက်က စလုပ်တာပဲ။ မနေ့က တဖွဲ့တက်သွားတယ်ပြောတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ပါဂျို၊ နားဖော့ဘက်မှာ သွားဖျက်သေးတယ်” ဟု ပြောသည်။

ဘိန်းခင်းများဖျက်ဆီးလျှင် ယခင်က ကေအိုင်အိုနှင့် နအဖစစ်တပ်၊ ဒေသခံအာဏာပိုင်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သော်လည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မပြေမလည်ဖြစ်နေသည့်နောက်ပိုင်း ယခုကဲ့သို့ နအဖဘက်က ခွဲခြား လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဟိုတုန်းကတော့ အတူတူလုပ်ကြတယ်။ လက်နက်နဲ့ တဖက်ဒေသအနီးနားကို လာရင်တောင် အချိန်မီသတင်းပို့ အကြောင်းကြားဖို့ သူတို့ရဲ့ အပစ်ရပ်စာချုပ်ထဲမှာ ပါပြီးသား။ ပြီးခဲ့တဲ့နှစ် (၁ဝ) လပိုင်းက ကြွက်တွေ သောင်းကျန်းလို့ မေခနဲ့ မလိခမြစ်ကြားက ကေအိုင်အေ တပ်မဟာ (၁) ဒေသဘက် သွားအကူညီပေးတာ အဲဒါ နောက်ဆုံးပဲ။ ဖေဖော်ဝါရီထဲမှာ ပါဂျို၊ နားဖော့က ဘိန်းခင်းတွေကို နအဖစစ်တပ်က သူ့ဘာသာသူဖျက်ဆီးနေတာ။ အဲဒါနဲ့ ကေအိုင်အိုကလည်း သွားပြီး ဖျက်ဆီး၊ တဖက်နဲ့တဖက် အကြောင်းကြားတာ မလုပ်ကြဘူး။ အခု လာလုပ်တာလည်း ကေအိုင်အိုကို စစ်ရေးအရ ခြိမ်းခြောက်ပြချင်တာလည်း ပါမယ်” ဟု ပြောသည်။

ယခု ဘိန်းခင်းများဖျက်ဆီးရန် နအဖစစ်ကြောင်းနှင့် ဒေသခံအာဏာပိုင်များ ဝင်ရောက်နေကြသည့် ဆဒုံး၊ ပါဂျို၊ နားဖော့ ဒေသသည် ကေအိုင်အို ဗဟိုဌာနချုပ်ကို ဝန်းရံကာကွယ်ထားသည့် ရှေ့တန်း ကေအိုင်အို တပ်စခန်းများ၏အနီးတွင် တည်ရှိသည်။

ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးရန် အကြောင်းပြချက်ဖြင့် မပခ လက်အောက်ခံ စစ်ကြောင်းများ ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ ကေအိုင်အို တပ်မဟာ (၃) နယ်မြေအနီးတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးပေ။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook