ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပါတီဥပဒေဖြင့် ကန့်သတ်ဟု ပြည်သူတို့ ရှုမြင်
မျိုးချစ်သူ/ ၁၀ မတ် ၂ဝ၁ဝ

line

 

ယနေ့ထုတ် နအဖသတင်းစာတွင်ပါရှိသော ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ရန်ကုန်ပြည်သူတို့ စိတ်ဝင်တစားဖတ်ရှုကြကာ မကျေမနပ်ဖြစ်နေကြကြောင်း ရန်ကုန်သတင်းရပ်ကွက်က သိရသည်။

“ဒီနေ့ ကျနော်သတင်းစာ ဖတ်ရတယ်။ အဲဒီမှာပါတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပါတီတည်ထောင်သူတွေနဲ့ ပါတီဝင်တွေဟာ ထောင်ဒဏ် ကျခံနေသူမဟုတ်ရဘူးဆိုတဲ့ အချက်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် ပတ်သက်ပြောဆိုနေတာနဲ့ တူနေတယ်” ဟု ဗဟန်းမြို့နယ်နေ ဘွဲ့ရလူငယ်တဦးက ပြောသည်။

ထောင်ကျနေသူ မည်သူကိုမဆို နိုင်ငံရေးပါတီထူထောင်ခြင်း သို့မဟုတ် ပါတီဝင်အဖြစ် မသတ်မှတ်ရန် အဆိုပါဥပဒေက တားမြစ်ထားသည့်အပေါ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ၀ါရင့်အင်ဂျင်နီယာတဦးက မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ၎င်းတို့အနေဖြင့် ယခုဥပဒေအရ ပါဝင်ခွင့်မရသည့်အပြင် လွှတ်ပေး၊ မပေးကို ယခုတိုင် ပြောကြားခြင်း မရှိသေးကြောင်း၊ အမှန်ဆိုလျှင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက နိုင်ငံရေးအကျဉ်းသားများကို လွတ်လပ်စွာ ပါဝင်ခွင့်ရစေရန် လွှတ်ပေးသင့်ပြီဖြစ်ကြောင်း၊ အစိုးရက ရွေးကောက်ပွဲကို ကလိမ်စေ့ငြမ်းဆင်မှု စတင်နေပြီဆိုခြင်းကို ပြည်သူများက အသိရှိနေရန် လိုအပ်ကြောင်း သုံးသပ်ပြောဆိုသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသော ကျောက်မျက်ရောင်းဝယ်ရေး အရာရှိကြီးတဦးကမူ “ပုဒ်မ (၁၀) ပါ တချက်ချက်နဲ့ ကိုက်ညီမှုမရှိသူကို ပါတီဝင်အဖြစ်က ထုတ်ပယ်မှု မရှိဘူးဆိုရင် ဒါမှမဟုတ် တမင်ထိန်ချန်ထားရင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိလို့ ဆိုထားတယ်။ ဒါကလည်း တဖက်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ရိုက်ညွှန်းနေတာလို့ မြင်တယ်။ ဆိုလိုချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီအဖွဲ့ချုပ်က ထုတ်ရမယ်လို့ သဘောသက်ရောက်နေတယ်။ ကျနော်ကတော့ ရင်လေးမိတယ်” ဟု ပြောသည်။

ဥပဒေအခန်း (၃) ၏ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း ဟူသောခေါင်းစဉ်နှင့်ပတ်သက်၍လည်း “ကလိမ်စေ့ ငြမ်းဆင်ထားတာမှာ သိသာတာက ပုဒ်မ (၁၂) ပုဒ်မခွဲ (က) ရဲ့ အပိုဒ်ခွဲ (၅) မှာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်သော နည်းဖြင့်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသော အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိရင် ဥပဒေအခန်း ( ၃) အရ ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဘူးလို့ ဆိုထားပေမယ့် အဲဒီမှာပဲ ခြွင်းချက်အနေနဲ့ နံပါတ် (၂) ခု ပါဝင်ပါတယ်။ အဲဒီမှာ နိုင်ငံပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ် စတာတွေကို နိုင်ငံတော်က တာဝန်အရ သုံးခွင့်ပြုထားခွင့်ရတဲ့ သူတွေ၊ ဒါမှမဟုတ် ငှားရမ်းသုံးစွဲခွင့် ရထားသူတွေ ပါတီမှာ ပါဝင်ခွင့်ရတယ်လို့ ပြောတဲ့သဘောပါ။ သူပြောချင်တာက တေဇလိုလူတွေ။ ဇော်ဇော်လိုလူတွေ ပါဝင်ခွင့်ရတယ်လို့ ပြောတာဖြစ်တယ်။ ပါတီဖွဲ့ခွင့်ကို အသက်ကန့်သတ်တာက (၂၅) နှစ်ပြည့်ပြီးသူတိုင်းလို့ ဆိုထားတယ်လေ” ဟု ၀ါရင့်အင်ဂျင်နီယာတဦးက ပြောသည်။

ရန်ကုန်ပြည်သူတို့အနေဖြင့် လွန်ခဲ့သောလများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းနေခဲ့ပြီး ယခုရွေးကောက်ပွဲဥပဒေ ထွက်လာသည့်အခါ အလွန်စိတ်ဝင်စားနေကြကြောင်း တွေ့ရသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံအရေးပဲလေ၊ စိတ်မ၀င်စားဘူးလို့ ပြောတာက လတ်တလော အနေအထားအရ ပြောကြတာပဲလို့ ထင်တယ်။ တကယ်လည်း ဥပဒေထွက်လာရော စိတ်ဝင်စားကြတာပဲလေ။ ခက်တာက အဲဒီဥပဒေကို နားလည်အောင် ဖတ်တတ်ဖို့ကိုတော့ ပြည်သူတွေကို အသိပေးဖို့ နောက်ကျနေတယ်လို့ မြင်တယ်” ဟု အငြိမ်းစားရှေ့နေတဦးက ပြောသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook