ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို
NEJ/ ၁၂ မတ် ၂ဝ၁ဝ

line

 

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှု မြောက်နိုင်သည့်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တရပ် ဖွဲ့စည်းစစ်ဆေးသွားရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက အဆိုတင်သွင်းလိုက်သည်။

မစ္စတာ ကင်တားနားက ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတွင် ယခုကဲ့သို့ အကြံပြုတင်ပြလိုက်ခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာကို လာမည့်မတ်လ (၁၅) ရက်တွင် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံများကို မစ္စတာကင်တားနားက ဖတ်ကြားတင်ပြမည်ဖြစ်သည်။

ထိုအစီရင်ခံစာတွင် မစ္စတာကင်တားနားက ၎င်းလက်ခံရရှိထားသည့် အစီရင်ခံစာများအရ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုအချို့သည် နိုင်ငံတကာရာဇ၀တ်မှုတရားရုံးက သတ်မှတ်ထားသည့် လူသားများအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု သို့မဟုတ် စစ်ရာဇ၀တ်မှုတို့တွင် အကျုံးဝင်နိုင်သည်ဟု ဆိုသည်။

ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာစစ်အစိုးက စုံစမ်းစစ်ဆေးရန်လိုအပ်သည်ဟု ပြီးခဲ့သည့် ဖေဖေ၀ါရီလအတွင်းက မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် မစ္စတာကင်တားနားက ပြောဆိုထားသည်။

ဥပမာအားဖြင့် စစ်အစိုးရက ကလေးစစ်သားစုဆောင်းမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှုများနှင့် အစားအစာ၊ အိုးအိမ်နေရာ၊ ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံလိုအပ်ချက်များကိုလည်း တာဝန်ယူဆောင်ရွက်ပေးမှု ကင်းမဲ့နေကြောင်း ၎င်းက အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထိုသို့တာဝန်ယူမှု ကင်းမဲ့နေသည့်အတွက် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာရာဇ၀တ်မှုအဖြစ် အကျုံးဝင် မ၀င် သိရှိနိုင်ရန် အသေးစိတ်အချက်အလက် ရှာဖွေစုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရန်အတွက် ကုလသမဂ္ဂ အနေဖြင့် စဉ်းစားသင့်ကြောင်း မစ္စတာကင်တားနားက ပြောကြားသည်။

စစ်အစိုးရက ဟန့်တားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ စနစ်တကျ ကျူးလွန်နေသည့် မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟုလည်း ၎င်းက အစီရင်ခံစာတွင် ထောက်ပြထားသည်။

ယင်းသို့ ကျူးလွန်မှုများသည် အစိုးရက ချမှတ်သည့်မူဝါဒများအရ အစိုးရထိပ်ပိုင်းအဆင့် အာဏာပိုင်များ၊ စစ်တပ်နှင့် တရားရေးဆိုင်ရာမှ ၀န်ထမ်းတို့၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့်ဖြစ်ကြောင်း မစ္စတာ ကင်တားနားက ပြောကြားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ တင်ပြချက်ကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ အပါအ၀င် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များက ကြိုဆိုခဲ့ကြသည်။

မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့မှ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ယခု အစီရင်ခံစာသည် လွန်ခဲ့သည့်နှစ် (၂၀) အတွင်း မြန်မာနိုင်ငံမှအခြေအနေများ ပြောင်းလဲစေရေးအတွက် ကုလသမဂ္ဂအရာရှိ၏ အဓိပ္ပာယ်ပြည့်ဝ အရေးကြီးသည့် ပထမဆုံး တင်ပြချက်ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

အစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးရန် နအဖကို မစ္စတာ ကင်တားနားက ထပ်မံတောင်းဆိုထားသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook