ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အဓမ္မခိုင်းစေခံရသည့် ရွာသား (၄၀၀) ကျော်တို့က အိုင်အယ်လ်အိုသို့ တိုင်တန်း
ရဲရင့်/ ၁ မတ် ၂ဝ၁ဝ

line

 

အဓမ္မလုပ်အား ခိုင်းစေခြင်းခံရသည့် တောင်ငူခရိုင်မှ ရွာသား (၄၇၀) တို့က ၎င်းတို့ အဓမ္မစေခိုင်းခံရမှုကို စုံစမ်း အရေးယူမှုပြုလုပ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့တိုင်ကြားစာ ပေးပို့လိုက်သည်။

ထိုသို့ အစီရင်ခံစာ ပေးပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အက်ဖ်တီယူဘီ) နှင့် ကော်သူးလေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူကေ) တို့မှ တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ်တွင် သတင်းစာရှင်းလင်းပွဲတရပ် ယမန်နေ့ညနေက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် အိုင်အယ်လ်အိုက ရုံးဖွင့်လှစ်ထားသော်လည်း အဓမ္မလုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ ထိရောက်သည့် အရေးယူမှု မပြုလုပ်နိုင်သည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ လူထုမှာ ပိုမိုဒုက္ခရောက်နေသဖြင့် ၎င်းတို့ကိုယ်စား အိုင်အယ်လ်အိုမှတဆင့် တင်ပြပေးခြင်းဖြစ်သည်ဟု အက်ဖ်တီယူကေအဖွဲ့က ပြောသည်။

အက်ဖ်တီယူကေမှ နော်ဖောဂေက “ဒေသခံလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေကို နိုင်ငံတကာက သိရှိဖို့နဲ့ ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းတွေကို အရေးယူပေးနိုင်ဖို့ဖြစ်တယ်။ နအဖနဲ့ အိုင်အယ်လ်အို ဒီကိစ္စတွေ ပပျောက်ဖို့ သဘောတူလက်မှတ် ရေးထိုးထားပေမယ့် ကျမတို့ ကရင်ဒေသမှာတော့ အဓမ္မလုပ်အားစေခိုင်းမှုက နေ့စဉ်ရှိနေပါတယ်။ ရွာသား (၄၇၀) က သည်းမခံနိုင်တော့လို့ လက်မှတ်ရေးထိုးပြီး ဒီအစီရင်ခံစာကို ပေးပို့တိုင်ကြားတာဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များအား ပြောသည်။

လက်မှတ်ထိုး တိုင်ကြားသူများမှာ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ကော့ဒေးဒဲရွာ၊ ဖလဲလားရွာ အပါအ၀င် အခြားရွာများမှဖြစ်ပြီး ၎င်းတို့အဆိုအရ မြန်မာစစ်တပ်အတွက် ရွာသားများမှာ နေ့စဉ် မိမိအစီအစဉ်ဖြင့် သယ်ယူပို့ဆောင်ရေး၊ တပ်စခန်းဆောက်လုပ်ရေး၊ လမ်းရှင်း၊ ကင်းစောင့်နှင့် သစ်ခုတ်ဝါးခုတ် အလုပ်များ စေခိုင်းခံရပြီး ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများမှာ အပြစ်ပေးခံကြရသည်ဟု ၎င်းက ပြောသည်။

အဓမ္မလုပ်အားခိုင်းစေမှုကို အိုင်အယ်လ်အိုတွင် တိုင်ကြားနိုင်သည်ကို အက်ဖ်တီယူကေအဖွဲ့ဝင်များပြောပြ၍ သိရှိပြီး လက်မှတ်ထိုး တိုင်ကြားခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူ (၄၇၀) တွင် လက်မှတ်ရေးထိုးနိုင်သူ (၄၀) ကျော်သာရှိပြီး ကျန်လူများမှာ စာမတတ်၍ လက်ဗွေနှိပ်ကြရကြောင်း၊ တိုင်ကြားသူများကို မြန်မာစစ်တပ်က လိုက်လံဖမ်းဆီးမည်ကို သိကြောင်း၊ မိမိတို့မှာ အားကိုးအားထား မရှိတော့သဖြင့် အရဲစွန့်တိုင်ကြားရခြင်းဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။

ယခု အစီရင်ခံစာကို အက်ဖ်တီယူဘီမှတဆင့် ပေးပို့တိုင်ကြားခြင်းဖြစ်ပြီး ယခုကဲ့သို့ အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်နေသည့် နအဖစစ်အုပ်စုအား လျင်မြန်စွာ အရေးယူနိုင်ရန်အတွက် အိုင်အယ်လ်အို၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အိုင်တီယူစီ)နှင့် အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) တို့ထံ ပေးပို့သွားမည်ဖြစ်သည်။

အက်ဖ်တီယူဘီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မာင်က “ကရင်ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ အဓမ္မလုပ်အား ပေးမှုတွေ ဆက်ပြီးရှိနေတယ်။ မနှစ်ကဆိုရင် တောင်ငူခရိုင်ထဲမှာ မှတ်တမ်းပြုထားတာ အမှုပေါင်း (၄၉၀) ကျော် ရှိတယ်။ အဓမ္မလုပ်အားပေးမှု ပပျောက်ဖို့ကိစ္စကတော့ အခုလို နအဖနဲ့ အိုင်အယ်လ်အို သဘောတူညီချက်တွေ ပြောရုံနဲ့မရသေးဘူး။ အိုင်အယ်လ်အိုအနေနဲ့ ပြင်းပြင်းထန်ထန် လုပ်ဖို့တောင်းဆိုပါတယ်” ဟု ပြောသည်။

ယနေ့ပေးပို့သည့် တိုင်ကြားစာကို အိုင်အယ်လ်အိုရုံးချုပ်နှင့် ရန်ကုန်ရှိ အိုင်အယ်လ်အို ရုံးခွဲသို့ ပေးပို့ထားပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ယခုလအတွင်း ကျင်းပမည့် အိုင်အယ်လ်အို ညီလာခံတွင် ဆွေးနွေးကြမည်ဟု သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook