ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား
စိုးမိုး/ ၃ မတ် ၂ဝ၁ဝ

line

 

သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင်ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ်ပေးခဲ့ပြီးနောက် သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းလာမတိုးသည့် ရွှေ့ပြောင်းအလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်တဲ့ အလုပ်သမားတွေကို ပြန်ပို့မယ့် ကိစ္စအတွက်တော့ သက်ညှာစဉ်းစားပေးမှာ မဟုတ်ဘူး” ဟု မစ္စတာ ဆူပတ် ဂူခွန်က ပြောကြားကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်သမားလက်မှတ်ရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမား (၁၃) သိန်းကျော်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်အထိ (၇) သိန်းကျော်သာ အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး (၅) သိန်းခန့်မှာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာထုတ်ပြန်သည်။

“နိုင်ငံသား စိစစ်ရေးလုပ်ဖို့ကလည်း သိပ်ခက်ခဲတာ မဟုတ်ဘူး။ လုပ်ပေးတဲ့ ကုမ္ပဏီ (၁၂) ခု ရှိတယ်။ ၀န်ဆောင်ခက ဘတ် (၅) ထောင်ထက် မပိုဘူး” ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ဒု-ညွှန်ချုပ်က ထပ်လောင်းပြောကြားသည်။

ထိုင်းအစိုးရက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ယခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံကူးလက်မှတ်ရရှိရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ်ဆောင်ရွက်နေသော်လည်း အလုပ်သမားများအနေဖြင့် အပြည့်အ၀ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook