ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

လူမှုရေးအကူအညီ ယူရို (၁၇) သန်း မြန်မာနိုင်ငံကို အီးယူက ပေးမည်
NEJ/ ၃ မတ် ၂ဝ၁ဝ

line

 

မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ (၂၃) သန်းကျော်နှင့်ညီမျှသည့် ယူရိုငွေ (၁၇.၂၅) သန်းကို လူသားချင်းစာနာမှု အကူအညီအဖြစ် ဥရောပသမဂ္ဂ (အီးယူ) က ယခုနှစ်တွင် ပေးသွားမည်ဟု ယမန်နေ့က ကြေညာလိုက်သည်။

အကူအညီများကို အီးယူကော်မရှင်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) မှတဆင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတို့ရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် ဒုက္ခသည်များကို ပေးအပ်သွားမည်ဟု ဘန်ကောက်ရှိ အီးယူရုံးခွဲက ပြောကြားသည်။

“အထူးသဖြင့် အကူအညီမဲ့နေကြတဲ့ ဝေးလံခေါင်ဖျား နယ်စပ်ဒေသတို့မှာ နေထိုင်သူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်” ဟု ဘန်ကောက်ရှိ အီးယူသံအမတ်ကြီး ဒေးဗစ် လစ်ပ်မန်က ပြောကြားသည်။

အီးယူက ယခုပေးမည့် အကူအညီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ သက်သက်သာဖြစ်ပြီး ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် တိုင်းရင်းသားများကို အလိုအပ်ဆုံးအကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကူညီထောက်ပံ့ငွေများအနက် ယူရို (၉.၂၅) သန်းကို ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကယား၊ ကချင်ပြည်နယ်တို့နှင့် တနင်္သာရီတိုင်း အတွင်းရှိ နယ်စပ်ဒေသတို့မှ တိုင်းရင်းသားလူမျိုးစုများအတွက် ကျန်းမာရေးနှင့် အစားအစာ အစီအစဉ်များတွင် သုံးစွဲမည်ဖြစ်ပြီး ကျန် ယူရို (၈) သန်းမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ကရင်ဒုက္ခသည် (၁) သိန်းခွဲတို့အတွက် လျာထားကြောင်း သိရသည်။

အီးယူက ၁၉၉၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာတွင် အီးယူကော်မရှင်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့က မြန်မာနိုင်ငံ၌ ရုံးဖွင့်လှစ်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၁) သိန်း (၄) သောင်း သေဆုံး၊ ပျောက်ဆုံးခဲ့ရပြီးနောက် နာဂစ်အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အီးယူက ၂၀၀၈ ခုမှ ၂၀၀၉ ခုနှစ်အတွင်း ယူရိုငွေ (၃၉) သန်း ကူညီထောက်ပံ့ခဲ့သည်။

မြန်မာစစ်အာဏာပိုင်များက ဒီမိုကရေစီရေးလှုပ်ရှားသူများကို နှိပ်ကွပ်ခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းတို့ကြောင့် အီးယူအပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook