ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ယာယီဗောတံတား ပြီးစီးသော်လည်း အဆင်မပြေ
လင်းနိုင်ဦး/ ၃ မတ် ၂ဝ၁ဝ

line

 

ခံနိုင်ရည်ကျဆင်းပြီး ယိုယွင်းနေသည့် ဂျိုင်းတံတား (ကော့ကရိတ်) အနီးတွင် ကုန်ကားကြီးများ ဖြတ်သန်းရန်အတွက် ယာယီ ဗောတံတား တည်ဆောက်ပြီးစီးသွားသော်လည်း ကုန်စည်စီးဆင်းမှု အဆင်မပြေသေးကြောင်း ကုန်သည်များက ပြောသည်။

ကုန်သည်တဦးက “ဂျိုင်းတံတား (ကော့ကရိတ်) ကြိုးတံတားအနားမှာ ယာယီဗောတံတားတခု ဆောက်နေတာ ပြီးသွားပြီ။ ဒီအတွက် အရင်လို တံတား ဟိုဘက်ထိပ် ဒီဘက်ထိပ် ထော်လာဂျီတွေ ငှားပြီး ပစ္စည်း ချ၊ သယ်၊ တင် လုပ်ရတာတော့ သက်သာသွားတယ်။ ဒါပေမယ့် အခု ဗောတံတားက တစီးပြီးမှ တစီးဖြတ်ရတော့ တနေ့ တက်လာတဲ့ ကုန်ကားတွေ တနေ့ ကုန်အောင် မဖြတ်နိုင်ဘူး။ ဒါကြောင့် ကားတွေ အများကြီး နေ့စဉ် တံတားနားမှာ ညအိပ်စောင့်ရတယ်။ ပုံမှန်တရက်ကို ညအိပ်စောင့်ရတဲ့ ကုန်ကားပေါင်း အစီး (၆ဝ) ကနေ (၇ဝ) အထိ ရှိတယ်” ဟု ပြောသည်။

ဂျိုင်းတံတားသည် သံမဏိကြိုးတံတား အမျိုးအစားဖြစ်ပြီး နဝတစစ်အစိုးရခေတ်တွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်ကာ စတင် တည်ဆောက်စဉ်ကတည်းက အရည်အသွေး ပြည့်မီအောင် မတည်ဆောက်နိုင်သည့်အတွက် ပြီးခဲ့သည့်နှစ်မှစ၍ တံတား ချို့ယွင်းလာကာ မကြာခဏ ပြုပြင်နေရပြီး တန် (၂ဝ) အောက် ကားများကိုသာ ဖြတ်သန်းခွင့်ပေးခဲ့သည်။

ယခုကဲ့သို့ တံတား ချို့ယွင်းလာသည့်အတွက် အာဏာပိုင်များက မြန်မာ့သစ်တောက်ငှက် ကုမ္ပဏီကို ဗောတံတား တည်ဆောက်ခွင့်ပေးခဲ့သည်။

ဗောတံတား တည်ဆောက်ပြီးသော်လည်း ရေတက် ရေကျကိုလိုက်ပြီး နေရာ ရွှေ့နေရခြင်း၊ အတက်အဆင်း လမ်းကျဉ်း၍ ကုန်ကားများ တစီးပြီးမှတစီး ဖြတ်သန်းရခြင်းတို့ကြောင့် အချိန်ကုန်ပြီး ကုန်ကားများ နေ့စဉ် ညအိပ်စောင့်ဆိုင်းရခြင်းဖြစ်သည်။

ကုန်ကားများအဆင်မပြေသော်လည်း မြန်မာ့သစ်တောက်ငှက်ကုမ္ပဏီမှာမူ ဗောတံတား ဖြတ်သန်းခ ကားတစီးလျှင် ကျပ်ငွေ (၄) သောင်းခွဲ ကောက်ယူခွင့် ပေးထားသဖြင့် အကြီးအကျယ် အကျိုးအမြတ် ရရှိနေကြောင်း ကုန်သည်များက ပြောသည်။

ကုန်သည်တဦးက “ဒီတံတားဆောက်တာ ကုမ္ပဏီက စုစုပေါင်း ကျပ်သိန်း (၁,၆ဝဝ) ဝန်းကျင်လောက် ကုန်တယ်ပြောတယ်။ တရက်ကို ကုန်ကားအစီး (၁ဝဝ) ကျော်ဖြတ်တယ်။ တစီး (၄) သောင်းခွဲယူတော့ တရက်ကို ကျပ်သိန်း (၅ဝ) ဝန်းကျင် ဝင်ငွေရနေတယ်။ တလဆို အရင်းကျေပြီ။ ကျန်တာတွေ အသားတင်အမြတ်ပဲ။ နောက် ဒီဗောတံတားကလည်း အသုံးမလိုတော့ရင် အားလုံးကို ပြန်ပြီး ရွှေ့ပြောင်းသွားလို့ရတယ်။ ကုန်သည်တွေ အဆင်မပြေပေမယ့် ဒီ တံတားဆောက်တဲ့ ကုမ္ပဏီကတော့ အကြီးအကျယ် အမြတ်ထွက်နေတယ်” ဟု ပြောသည်။

ဂျိုင်းတံတားသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည့် မြဝတီနှင့် ဘားအံ၊ မော်လမြိုင်- ရန်ကုန် ကားလမ်းပေါ်တွင် တည်ရှိသဖြင့် ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသည့် တံတားဖြစ်သည်။

ထို့အပြင် ကော့ကရိတ်- မြဝတီ ကားလမ်းပိုင်းမှာ ကောင်းစွာ ပြုပြင်ခြင်း မရှိသည့်အတွက် ယနေ့အချိန်ထိ အတက်တရက်၊ အဆင်းတရက် စနစ်ကို ကျင့်သုံးနေရဆဲ ဖြစ်သည်။ သင်္ကန်းညီနောင်- မြဝတီ လမ်းပိုင်းကိုမူ ထိုင်းနိုင်ငံဘက်မှ ငွေကုန်ကြေးကျခံ ဖောက်လုပ်ပေးသဖြင့် လမ်းကောင်းမွန်နေခြင်းဖြစ်သည်။

စစ်အစိုးရက “လမ်းဖောက်ပေးတယ်၊ တံတားတွေ ဆောက်ပေးတယ်” ဟု အချိန်တိုင်း ဝါဒဖြန့် ကြွေးကြော်နေသော်လည်း မြန်မာနိုင်ငံတဝန်းတွင် ဂျိုင်းတံတားနှင့် ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းပိုင်းကဲ့သို့ ယိုယွင်းဆိုးရွားနေသည့်လမ်းမျိုး အများအပြား ရှိနေကြောင်း စုံစမ်းသိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook