ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ထိုင်းလေကြောင်းကို ပြိုင်ဆိုင်၍ ဗီယက်နမ် ၀င်ရောက်
မျိုးချစ်သူ/ ၃ မတ် ၂ဝ၁ဝ

line

 

ဗီယက်နမ်လေကြောင်းလိုင်းမှ ပြေးဆွဲသော ရန်ကုန်-ဗီယက်နမ် (ဟနွိုင်း) ခရီးစဉ်ကို မတ်လ (၂) ရက်တွင် ပထမဆုံး ပျံသန်းပြီဖြစ်သည်။

မြန်မာနိုင်ငံမှ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှနိုင်ငံများသို့လည်း ယင်းလေကြောင်းလိုင်းဖြင့် တိုက်ရိုက်လက်မှတ် ၀ယ်ယူကာ ထရန်စစ်ဖြင့် သွားလာနိုင်ကြောင်း၊ ယခင်ကကဲ့သို့ ဘန်ကောက်မှတဆင့် ထရန်စစ်လုပ်ရန် မလိုတော့ဘဲ ဟနွိုင်းမှ ထရန်စစ်လုပ်ကာ သွားလာနိုင်ကြောင်း မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးမှ သိရသည်။

“သွားလာရေးတော့ အိုကေသွားမယ်၊ အရင်ထက်ပေါ့။ ပြီးတော့ အခု ဗီယက်နမ်လေကြောင်းလိုင်း ပျံတာဟာ ထိုင်းလေကြောင်းလိုင်း ဈေးကွက်ကို စိန်ခေါ်တာလည်း ဖြစ်တယ်လို့ မြင်တယ်” ဟု ခရီးသွားလုပ်ငန်းလုပ်နေသူတဦးက ပြောသည်။

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ဗီယက်နမ် လေကြောင်းလိုင်းသည် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများတွင် အင်အားကြီးသော လေကြောင်းလိုင်းတခုဖြစ်ရန် ရည်ရွယ်ထားကြောင်း၊ မကြာမီကာလများတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့အပြင် အခြားမြို့ကြီးများကိုလည်း ဆက်လက်ပြေးဆွဲနိုင်ရန် ရည်ရွယ်ထားကြောင်း ယင်းလေကြောင်းလိုင်း၏ အထွေထွေမန်နေဂျာ Mr. Cao Xuan Phu က ပြောသည်။

အဆိုပါလေကြောင်းလိုင်းက စတင်ပျံသန်းသောလေယာဉ်မှာ fokker 70 ဖြစ်ပြီး လေယာဉ်လက်မှတ်ခ ဈေးနှုန်းမှာ အသွား လက်မှတ်တစောင်လျှင် (၁၉၅) ဒေါ်လာဖြစ်ပြီး အသွားအပြန်အတွက် (၂၆၀) ဒေါ်လာဖြစ်ကြောင်း၊ စတင်ပျံသန်းသောနေ့မှစ၍ ဧပြီလ (၃၀) ရက်အထိကို ပရိုမိုးရှင်းအစီအစဉ်ဖြင့် အသွားအပြန်လက်မှတ်အတွက် (၂၁၀) ဒေါ်လာဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်- ဟနွိုင်း တိုက်ရိုက်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကိုရီးယား အသွားအပြန်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ (၄၇၀) နှင့် ရန်ကုန်မှ ဂျပန်၊ ပြင်သစ်၊ ဂျာမနီသို့ အသွားအပြန် (၆၇၀) ဒေါ်လာ အသီးသီးသတ်မှတ်ထားကြောင်း ဗီယက်နမ်လေကြောင်းလိုင်းရုံးမှ သိရသည်။

ဗီယက်နမ် လေကြောင်းလိုင်းသည် ၁၉၅၆ ခုနှစ်က စ၍ ဥရောပ၊ အာရှနှင့် သြစတြေးလျ နိုင်ငံတို့ရှိ မြို့ (၂၆) မြို့သို့ ပျံသန်းနေသော လေယာဉ်အစီး (၇၀) ခန့်ရှိသော လေကြောင်းလိုင်းတခုဖြစ်ကြောင်း သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook