ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကျပ် (၅) သိန်းဖြင့် အပျော်တမ်း ဘောလုံးကလပ် ဖွဲ့ခွင့်ပြု
တက်လူ/ ၃ မတ် ၂ဝ၁ဝ

line

 

မှတ်ပုံတင်ကြေး ငွေကျပ် (၅) သိန်းဖြင့် အပျော်တမ်း ဘောလုံးကလပ်အသင်းများကို တရားဝင် ဖွဲ့ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“တသင်းစာပြည့်ရင် ရပြီ၊ ဘယ်ဒေသကပဲဖြစ်ဖြစ် ဖွဲ့ခွင့်ပေးပါတယ်။ ဘောလုံးအဖွဲ့ချုပ်မှာ လာပြီးတော့ မှတ်ပုံတင်နိုင်တယ်” ဟု ၎င်းက ပြောသည်။

အသင်းတသင်းအတွက် မှတ်ပုံတင်ကြေးအပြင် အသင်းများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ထောက်ခံချက် တင်ပြရန်လိုကြောင်း၊ အသင်းအတွက် ဖွဲ့စည်းပုံ၊ ဆက်သွယ်ရေးကိရိယာ၊ ဖုန်း၊ စီမံခန့်ခွဲမှုများ ဖွဲ့စည်းထားပုံ၊ ရန်ပုံငွေကြေး မည်မျှရှိသည်၊ ၀င်ငွေထွက်ငွေ မည်မျှရှိသည်၊ စာရင်းစစ်အဖွဲ့၏စစ်ဆေးမှုကို နာခံနိုင်မည် စသောသတ်မှတ်ချက်များ ပါဝင်ကြောင်း၊ ပြိုင်ပွဲအတွက် စည်းကမ်းများ သတ်မှတ်ပေးထားသည်ကို လိုက်နာရန်လိုအပ်ကြောင်း၊ အသင်းအတွက် ပါဝင်ကူညီမည့် စပွန်ဆာကိုလည်း ရှာဖွေရန်လိုအပ်ကြောင်း သိရသည်။

“သတ်မှတ်ချက်တွေက များနေတယ်။ အသင်းဝင်ကြေးက များတယ်။ ဘောလုံးဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ အပျော်တမ်းဘောလုံးအသင်း လုပ်ခွင့်ရတာဟာ အခွင့်အရေးပဲ။ ဒါပေမယ့် အဲဒီအခွင့်အရေးကို မှတ်ပုံတင်ကြေးနဲ့ စည်းကမ်းသတ်မှတ်ချက်တွေက ဆုံးရှုံးစေတယ်လို့ပဲ ကျနော်တော့ မြင်တယ်” ဟု ဘောလုံးဝါသနာရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူက သတ်မှတ်ထားသော စည်းကမ်းချက်များကို မကြာခင် တရားဝင်ထုတ်ပြန်ပေးမည်ဟု ပြောသည်။

၎င်းက “ဒီ အပျော်တမ်း ဘောလုံးအသင်းက ရေတိုစီမံချက်တခုပဲဖြစ်တယ်။ ရေရှည်အတွက်တော့ ညွှန်ကြားချက်မရှိသေးဘူး။ ဒီနှစ်ထဲမှာ နိုင်ငံရေးကိစ္စတွေလည်း အပြောင်းအလဲရှိမှာဆိုတော့ ပြောရခက်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အပျော်တမ်း ဘောလုံးကလပ်များကို ပြိုင်ပွဲတခုအဖြစ် ယခုနှစ်တွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် နံပါတ် (၁) မှ (၅) အထိ နေရာ (၅) ခုကို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွင် ထည့်သွင်းပါဝင်ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook