ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အလုပ်သမားဆန္ဒပြမှုများကို ပြည်သူများအားပေး
မျိုးချစ်သူ/ ၄ မတ် ၂ဝ၁ဝ

line

 

ရန်ကုန်ရှိ စက်ရုံလုပ်သားများသာမက အခြားအလုပ်သမားများပါ အလုပ်ရှင်အပေါ် မကျေနပ်သည်များကို ဆန္ဒပြလာနိုင်ကြောင်း နေပြည်တော်အလုပ်သမားရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

“ဒီနှစ်ထဲမှာ ဆန္ဒပြတာတွေက (၁၀) ကြိမ်အထက်မှာ ရှိနေပြီ။ ဘယ်သူ့ကိုမှလည်း မဖမ်းပါဘူး။ အစိုးရအနေနဲ့လည်း ဒီကိစ္စကို ဖမ်းဆီးလောက်သည်ထိ မလုပ်ပါဘူး။ ပြောချင်တာက ဒီနှစ်ထဲမှာ ပြောင်းလဲလာမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် အဲဒီဖမ်းဆီးတဲ့ကိစ္စကို မလုပ်တာလို့လည်း အကြမ်းပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်သမားများ ဆန္ဒပြမှုစိပ်လာသည်ကို ရန်ကုန်လူထု အလွန်စိတ်ဝင်စားလာကာ ဆန္ဒပြအလုပ်သမားများဘက်မှ အားပေးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ပြသင့်တာပေါ့။ အလုပ်သမားတွေရတဲ့ လစာက ဘယ်လောက်မှမရှိဘူး။ အလုပ်ရှင်တွေက လူပါးဝတယ်။ အစိုးရ ရုံးပိတ်ရက်တွေဆိုရင်လည်း မပိတ်ပေးဘူး၊ အဲဒီနေ့ အလုပ်ဆင်းတဲ့သူတွေကိုလည်း အချိန်ပိုကြေးမပေးဘူး၊ မသိလိုက်မသိဘာသာ နေကြတာလေ။ ကျမတို့လည်း ကုမ္ပဏီဝန်ထမ်းပါ၊ ဒါ့ကြောင့် သိတယ်။ အခုလိုဆန္ဒပြတာကို အားပေးတယ်” ဟု ရန်ကုန်မြို့ နာမည်ကြီး ကွန်ပျူတာကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ပြောသည်။

မကြာသေးခင်က အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ်ဟု နာမည်တပ်ကာ အစိုးရက လစာ (၂၀,၀၀၀) ကျပ် အပိုပေးခဲ့သော်လည်း ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီအချို့တွင်သာ လစာတိုးမြှင့်ပေးပြီး အများစုမှာ အလုပ်ရှင်သူဌေးများက မသိကျိုးကျွံပြုနေကြကြောင်း ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းအများစု၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ ၀န်ထမ်းတဦးက “ကျနော်တို့ မိတ်ဆွေတယောက်လုပ်တဲ့ ဂျာနယ်တိုက်မှာ လစာအရမ်းနည်းတယ်။ နည်းရတဲ့အထဲ လစာကိုခွဲပေးတယ်။ စာမူခတပုဒ်ကို (၂၀၀) ကျပ်ရတယ်။ တလကို သတင်း (၄၅) ပုဒ် ပေးရတယ်လို့ သိရတယ်။ ပြီးတော့ သတင်းထောက်ကို ဟိုခိုင်းဒီခိုင်းလုပ်တယ်။ အဲဒီသူဌေးကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက လူတိုင်းသိပါတယ်။ အဲဒီဂျာနယ်တိုက်ရှိတဲ့ မြို့နယ်အလုပ်သမားရုံးမှာလည်း သူ့ကိုတိုင်တဲ့တိုင်စာတွေက ပွစာတက်နေပြီ။ ဒါပေမယ့် ဘာမှမထူးလာပါဘူး။ အလုပ်သမားဆန္ဒပြမှုက ဂျာနယ်တိုက်တွေမှာလည်း ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ (၃) ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် (၃) ဖန်ချက်ဝန်၊ ဦးရွှေအိုးလမ်း အမှတ် (၆၄) ရှိ Grand Royal ဝီစကီစက်ရုံတွင် အလုပ်သမား (၁) ထောင်ကျော်ခန့်က လုပ်အားခတိုးမြှင့်တောင်းဆိုကာ ဆန္ဒပြခဲ့သည်။

တောင်းဆိုမှုများမှာ လုပ်အားခ တိုးမြှင့်မှုအပြင် အလုပ်ချိန်လျှော့ချရန်နှင့် သတ်မှတ်ထားသောလ၊ နှစ်များပြည့်ပါက နေ့စားအဖြစ်မှ တရားဝင် permanent ၀န်ထမ်းဖြစ်ရန်နှင့် အစိုးရရုံးပိတ်ရက်များကို ပိတ်ပေးရန်၊ အလုပ်ဆင်းရလျှင်လည်း အချိန်ပိုရရှိစေရန်တို့ကို တောင်းဆိုကြောင်း သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook