ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နိုင်ငံခြားအဖျော်ယမကာ တလုံးချင်း အခွန်ကောက်
မျိုးဝင်းဇော်/ ၄ မတ် ၂ဝ၁ဝ

line

 

လာမည့် ဧပြီလဆန်းမှစ၍ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်၊ သောက်ရေသန့်နှင့် စီးကရက်များကို တပုလင်းချင်း အခွန်ဆောင်ပြီးကြောင်း အသိအမှတ်ပြု တံဆိပ်ခေါင်းပါမှသာ ရောင်းချခွင့်ပြုတော့မည်ဖြစ်သည်။

ပြည်တွင်းအခွန်ဦးစီးဌာန၊ မယက၊ အကောက်ခွန်ဦးစီးဌာန၊ ရဲ၊ ဘဏ်နှင့် စည်ပင်တို့မှ တာဝန်ရှိသူ တဦးစီပါဝင်သော အခွန်စည်းကြပ်ရေးအဖွဲ့များကို တမြို့နယ်လျှင် တဖွဲ့နှုန်း အခွန်ဦးစီးဌာန၌ ရုံးထိုင်စေ၍ ယင်းအဖွဲ့ထံတွင် ဆိုင်အသီးသီးမှ ရောင်းချသော နိုင်ငံခြားဖြစ် အဖျော်ယမကာ အမျိုးအစား၊ တန်ဖိုး၊ အရေအတွက်စာရင်းများကို တင်ပြအခွန်ဆောင်ရမည် ဖြစ်သည်။

မတ်လ (၃) ရက် ညနေပိုင်းက ဗဟန်းမြို့နယ် မယက ရုံးတွင်ပြုလုပ်သော အခွန်ဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူတဦးက “အခွန်ကောက်မှာက အရက်တပုလင်းကို တန်ဖိုးကိုလိုက်ပြီး (၆၅၃) ကျပ်ကနေ (၁၃,ဝဝဝ) ကျော်အထိ သတ်မှတ်ထားတယ်။ ကိုယ်က စာရင်းသွားပေး၊ အခွန်ငွေ ရှင်းပေးပြီး နောက်နေ့ကျရင် သူတို့က အခွန်တံဆိပ်ခေါင်းတွေ ယူလာပြီး သူတို့ကိုယ်တိုင် ကိုယ့်ဆိုင်က ပုလင်းတွေမှာ လာကပ်ပေးမယ်။ တကယ်လို့ ဧပြီလ ရောက်တာနဲ့ ကိုယ့်ဆိုင်ကို လာစစ်တဲ့ချိန် အခွန်တံဆိပ်ခေါင်း ကပ်မထားတဲ့ နိုင်ငံခြားဖြစ် အရက်တွေ၊ဘီယာတွေ၊ ဝိုင်တွေ၊ စီးကရက်တွေ တွေ့ရင် ပစ္စည်းတွေကိုသိမ်းမယ်၊ လူကိုလည်း အရေးယူမယ်” ဟု ရှင်းပြသည်။

အဆိုပါရှင်းလင်းပွဲတွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ မယက၊ အကောက်ခွန်ဦးစီးဌာန၊ ရဲ၊ ဘဏ် နှင့် စည်ပင်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းမှ စတိုးဆိုင်ပိုင်ရှင်များ၊ စူပါမားကက် ဆိုင်ပိုင်ရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များကို အခွန်စည်းကြပ်မည့်ကိစ္စ ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

မတ်လ (၄) ရက်မှ (၃၁) ရက်အထိ အခွန်ဆောင်ရမည့်ကာလအဖြစ် သတ်မှတ်ထားပြီး ဧပြီလတွင် တဆိုင်ချင်းကို ၀ယ်ယူသူပုံစံ ဟန်ဆောင်၍ ရှောင်တခင် ၀င်ရောက်ထောက်လှမ်းစစ်ဆေးသွားမည်ဟု ရှင်းလင်းပွဲတွင် သတိပေးပြောဆိုကြောင်း ရှင်းလင်းပွဲတက်ရောက်ခဲ့သူတဦးက ပြောသည်။

ကျပ် (၁၀,၀၀၀) နှင့်အောက် တန်ဖိုးရှိသော နိုင်ငံခြားအရက်များကို (၆၅၃) ကျပ်ကောက်ခံမည်ဖြစ်ပြီး ယင်းထက် တန်ဖိုးမြင့်သော အရက်များကို အဆင့်ဆင့် တန်ဖိုးအလိုက် တပုလင်းချင်းကောက်ခံသွားမည်ဟု စုံစမ်းသိရသည်။

ပြည်တွင်း အရက်ထုတ်လုပ်သူတဦးက ၎င်းတို့ကို ယခင်က အစိုးရက နိုင်ငံခြားဖြစ်အရက်အတွက် အခွန်ကို အက်ဖ်အီးစီဖြင့် အရက်တန်ဖိုး၏ (၆ဝ) ရာခိုင်နှုန်း တွက်ချက်ကောက်ခံကြောင်း၊ ယခုအခါ မြန်မာကျပ်ငွေနှင့် တန်ဖိုးသင့် ကောက်ခံပြီး အခွန်ကို (၂ဝဝ) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတန်ဖိုးများ တက်လာမည်ဖြစ်ကြောင်း ရှင်းပြသည်။

အခြားစားသောက်ဆိုင် ပိုင်ရှင်တဦးက ယင်းနေ့ ညနေတွင် အခွန်ဦးစီးဌာနမှ လက်ထောက် မြို့နယ်အခွန်ဦးစီးမှူးတဦး ရောက်လာပြီး အဆိုပါ အခွန်ကိစ္စ စိတ်မပူရန်နှင့် အဆင်ပြေအောင် အားလုံးဖြေရှင်းပေးမည့်ဖြစ်ကြောင်း၊ အခွန်အနည်းငယ်သာကျစေရန် ဆောင်ရွက်ပေးမည်ဟုပြောကာ လာဘ်ပေးရန်ကိစ္စ ညှိနှိုင်းကြောင်းလည်း ပြောပြသည်။

အချို့ဆိုင်ပိုင်ရှင်များကမူ အရက်တပုလင်းချင်း အပေါ်မှာလည်း အခွန်ကောက်၊ စားသောက်သမျှ စုစုပေါင်း အပေါ်မှာလည်း နောက်ထပ် အခွန် (၁ဝ) ရာခိုင်နှုန်း ထပ်ကောက်နေသဖြင့် အခွန်နှစ်ထပ်မက ဖြစ်နေသည့်အတွက် စားသုံးသူများ ပိုပြီး ငွေကုန်ကြေးကျများမည်ဖြစ်ကြောင်း ပြောသည်။

ပြည်တွင်းထုတ် အရက်၊ ဘီယာနှင့် စီးကရက်တို့ကို ၂၀၀၇ ခုနှစ် ဧပြီလမှစ၍ အခွန်ထမ်းတံဆိပ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်က နအဖစစ်အစိုးရ၏ အခွန်စည်းကြပ်ကောက်ခံမှုသည် စနစ်တကျ ကောက်ခံခြင်းမျိုး မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွက် တပြိုင်နက်တည်း ကောက်ခံခဲ့သဖြင့် အခွန်ငွေ ကျပ် သိန်းပေါင်း သိန်းနှင့်ချီ အချခံရကာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အရက်ထုတ် ကုမ္ပဏီ ပီအန်ဂျီ ပျက်စီးခဲ့သည်။

ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ကော်မတီဝင် လုပ်ငန်းရှင်တဦးက လက်ရှိ စစ်အစိုးရသည် ယခင်ကကဲ့သို့ ဘတ်ဂျက်လိုငွေပြဿနာကို ငွေစက္ကူရိုက်ထုတ်သည့် နည်းဖြင့် မဖြေရှင်းတော့ဘဲ အခွန်တိုးမြှင့်ကောက်ခံသည့် နည်းများဖြင့် ဖြေရှင်းလာနေကြောင်း၊ သို့သော် မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်မှု မရှိခြင်း၊ အခွန်တာဝန်ကျေသူများကို အခွင့်အရေးပေးမှု မရှိခြင်း စသည်တို့ကြောင့် အစိုးရ အခွန်ပိုရသော်လည်း တဖက်တွင် လာဘ်ပေးလာဘ်ယူမှုများလည်း ပိုမိုများပြားလာကာ ပြည်သူလူထုလည်း အခွန်အတုတ် ဖိစီးမှု များလာကြောင်း ဝေဖန်ထောက်ပြသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook