ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နှစ် (၁၀၀) ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ မဲဆောက်တွင် ကျင်းပ
ရဲရင့်/ ၄ မတ် ၂ဝ၁ဝ

line

 

မြန်မာအလုပ်သမများ နိုင်ငံတကာ အမျိုးသမီးများနည်းတူ အမျိုးသမီး အခွင့်အရေးများ ရှိသည်ကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် နှစ် (၁၀၀) ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်းအလုပ်သမားအဖွဲ့က မဲဆောက်တွင် ကမကထပြု ကျင်းပခဲ့သည်။

မဲဆောက်အခြေစိုက် တာ့ခ်ခရိုင် လူမှုဖူလုံရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးဌာနက ယနေ့နံနက်တွင် မဲဆောက်မြို့၌ ကျင်းပခြင်းဖြစ်ပြီး အဖွဲ့၏ညွှန်ကြားရေးမှူး နိုင်ဖိဆုမ်ဆုဝနာဝါနစ်က “ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမတွေ၊ ကမ္ဘာမှာရှိတဲ့အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျင်းပပေးတာပါ” ဟု ပြောသည်။

ရာပြည့်ပွဲသို့ မဲဆောက်ဒေသအတွင်းရှိ အလုပ်ရုံစက်ရုံများမှ အလုပ်သမ (၂၀၀) ခန့်တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာများကို မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးဟောင်းတဦးဖြစ်သူ ဒေါ်စန်းစန်းက ဆွေးနွေးပြောကြားသည်။

သိုးမွှေးအထည်ချုပ်ရုံမှ မမော်မော်က “ကျမတို့မြန်မာအလုပ်သမားတွေကို အခုလိုပဲ အမြဲတမ်း ပူးပေါင်းလက်တွဲမှုတွေ လုပ်မယ်ဆိုရင် သူတို့နဲ့ကျမတို့ကြားမှာ နာလည်မှုနဲ့လေးစားယုံကြည်မှုတွေ ဒီထက်မက ပိုပြီးတိုးပွားလာမှာပါ” ဟု ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက “နိုင်ငံတကာမှာ အမျိုးသမီးအလုပ်သမားက အများဆုံးပဲ။ သူတို့ရဲ့လုပ်အားစွမ်းဆောင်မှုကို အသိအမှတ်ပြုပြီး ဒီပွဲကိုဖိတ်တဲ့အတွက် ၀မ်းသာကျေးဇူးတင်တယ်။ ထိုင်းမှာ အခုဖြစ်ပေါ်နေတဲ့ မြန်မာအလုပ်သမား (၅) သိန်းကို ဖမ်းဆီးပြန်ပို့မယ့်ကိစ္စကို ထိုင်းအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅) သိန်းကို ဖမ်းဆီး၍ နေရပ်ဒေသပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင် ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) သိန်းခန့် လုပ်ငန်းခွင်အသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး တရားဝင်လုပ်သားဖြစ်ရန်အတွက် နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားသူမှာ (၂) သောင်းခန့်သာ ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပြောသည်။

ယနေ့အခမ်းနားကို ကြိုတင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာအမျိုးသမီးများနေ့မှာ မတ်လ (၈) ရက်နေ့ဖြစ်သည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook