ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အန်အယ်လ်ဒီ ရှေ့လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ဗဟိုဦးစီးအဖွဲ့ ဖွဲ့ပြီး
NEJ/ ၄ မတ် ၂ဝ၁ဝ

line

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ဝင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည့် ဗဟိုဦးစီးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) ဦး၊ တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ (၁၀၀) ဦးနှင့် အရန်ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့အပါအ၀င် စုစုပေါင်း (၁၂၈) ဦး ပါဝင်သည်။

ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် အကျဉ်းကျနေသည့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်(၁) ဦးနှင့် ပြည်နယ်စည်းရုံးရေးအဖွဲ့ဝင် (၁) ဦးတို့ကိုလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

“အကျဉ်းကျတွေထဲမှာ တချို့လည်း ကျန်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း ကျန်ခဲ့တာ ရှိပါတယ်။ အကျဉ်းမကျခင်က သူတို့ဆောင်ရွက်ခဲ့တဲ့ပေါ်မှာ မူတည်ပြီးတော့ ရွေးတာပါ။ ဘယ်လောက်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ပေါ်မှာ ရွေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီခေါင်းဆောင်အားလုံးက အကျဉ်းကျလို့ ဖယ်ထားတယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတဲ့ သဘောထား ရှိကြပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦဟံသာမြင့်က ပြောသည်။

အန်အယ်လ်ဒီရုံးချုပ်၌ ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗဟိုဦးစီးအဖွဲ့ဝင်များ ရွေးချယ်ရေးအတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ပါဝင်တက်ရောက်သည့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း တခုချင်းအလိုက် သက်ဆိုင်ရာကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာ ယခုကဲ့သို့ ဗဟိုဦးစီးအဖွဲ့ဝင်စာရင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အရန်အဖွဲ့ဝင် (၈) ဦးမှာမူ တိုင်းနယ်ပြည်နယ်မှ တက်လာသူများဖြစ်ပြီး ၎င်းတို့မှာ ဗဟိုဦးစီးအဖွဲ့အစည်းဝေးတက်ခွင့်၊ ဆွေးနွေးခွင့်များရှိသော်လည်း မဲပေးပိုင်ခွင့်တခုသာမရှိကြောင်း ဦးဟံသာမြင့်က ရှင်းပြသည်။

မတ်လ (၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်ကြေညာချက်တွင် ဗဟိုဦးစီးအဖွဲ့ဝင်များ ဖွဲ့စည်းရခြင်းမှာ အဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာတောင့်တင်းရန်၊ ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် အဖွဲ့ချုပ်၏မူဝါဒသဘောထားများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဦးဟံသာမြင့်က “အခြေအနေအားဖြင့် ကျနော်တို့က အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစုံတရာကို ချရတော့မယ့် အနေအထားမှာ လှုပ်ရှားနေတဲ့ တိုင်းနယ်ပြည်နယ် အားလုံးကနေ ပေးတဲ့ input အားလုံးကို လိုချင်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဆိုတာက ကျနော်တို့ အများကြီး စဉ်းစားရမှာတွေ ရှိပါတယ်။ ရွေးကောက်ပွဲ ဥပဒေတို့၊ ပါတီမှတ်ပုံတင်ရေးဥပဒေတို့ဟာ တောက်လျှောက်လာမှာပါ။ ဒီလိုပေါ်လာရင် စဉ်းစားပါမယ်ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ ရွှေဂုံတိုင်ကြေညာစာတန်းမှာ အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီလိုစဉ်းစားပြီး ဆုံးဖြတ်တဲ့အခါကျရင် အဖွဲစည်းတခုလုံးက တပြည်လုံးမှာရှိတဲ့ အဖွဲ့ဝင်အားလုံးကို ကိုယ်စားပြုတဲ့ အကြံဉာဏ်များကို လိုချင်ပါတယ်” ဟု ပြောသည်။

အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် အန်အယ်လ်ဒီသည် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ကြေညာထားသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook