ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရွှေဘို ပေါ်ဆန်း ရောင်းခွင့်ပိတ်ပင်
မျိုးဝင်းဇော်/ ၅ မတ် ၂ဝ၁ဝ

line

 

ရန်ကုန် ဆန်စပါးကုန်စည်ဒိုင်တွင် ရွှေဘိုပေါ်ဆန်း ဆန်ကို ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း ဆန်ကုန်သည်ကြီးများထံမှ သိရသည်။

ဆန်ကုန်သည်တဦးက “ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက အစည်းအဝေးခေါ်ပြီး နှုတ်မိန့်နဲ့ ပိတ်ခိုင်းလိုက်တာ။ သူရှင်းပြတာကတော့ သူ့ကို မြို့တော်ဝန်က ပြောတယ်။ ရွေးကောက်ပွဲလုပ်မယ့် နှစ်မှာ ဆန်ဈေးတက်တာ၊ ဆန်ပြဿနာကြုံတာမျိုး မလိုချင်ဘူးတဲ့။ ဆန်ဈေးတက်ရင် နိုင်ငံရေးပရောဂ ပါတယ်လို့ မှတ်ယူပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်တဲ့။ ဒီအတွက် လိုအပ်တာ အားလုံး လုပ်ပါတဲ့” ဟု ပြောသည်။

လက်ရှိ ဆန်ချောဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းက လူကြိုက်အများဆုံးနှင့် ဈေးအကောင်းဆုံး ဆန်ဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်း အဆွဲများသဖြင့် ဈေးတက်လာသည့်အခါ ယင်းအောက်မှ ဖျာပုံပေါ်ဆန်းအပါအဝင် အခြား ဆန်ချောဈေးတွေပါ လိုက်ပြီး တက်ကြောင်း၊ ထို့ကြောင့် ရွှေဘိုပေါ်ဆန်း ရောင်းချခွင့် ပိတ်ပင်လိုက်ပါက ဆန်ဈေးများစွာမတက်နိုင်တော့ဟု သက်ဆိုင်ရာက ယူဆသဖြင့် ရောင်းချခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါပေမယ့် မရောင်းရဘူးဆိုရင် ဒီဆန်တွေ ဘယ်သွားပို့မလဲ၊ တရားဝင် ရောင်းလို့မရရင်တော့ မှောင်ခို ရောင်းကြဝယ်ကြမှာပေါ့။ ခုတော့ မှောင်ခို ရောင်းဝယ်နေကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုနှစ် ဆန်ဈေးမတက်ရန်ဟုဆိုကာ နိုင်ငံခြားတင်ပို့ခွင့်များကို ပိတ်ပင်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် (၈) သိန်းဝန်းကျင် တင်ပို့ခဲ့ခြင်းကြောင့် ဆန် စပါး ဈေးနှုန်း ပြီးခဲ့သည့်နှစ် ဈေးနှုန်းအတိုင်း ကျဆင်းခြင်း မရှိသေးပေ။

စစ်အစိုးရ အာဏာပိုင်တို့သည် ယခင်က သာမန်ပြည်သူများ စားသည့် ဆန်ကြမ်းများကိုသာ ဈေးနှုန်းမတက်စေရန် စည်ကမ်းအမျိုးမျိုးထုတ် ကန့်သတ်လေ့ရှိပြီး ဆန်ချောများကိုမူ အမိန့်ထုတ် တားမြစ်ခြင်း လုပ်လေ့လုပ်ထ မရှိဟု သိရသည်။

ရန်ကုန်မြို့၌ ပေါ်ဆန်းမွှေးဆန် အိမ်အရောက်ပို့ လုပ်ငန်းတွင် အရောအနှောကင်းပြီး ချက်ပြီးသည့်အခါ ထမင်းကောင်းသည့် ရွှေဘို ပေါ်ဆန်းမွှေးကို လူကြိုက်ကာ အသုံးများကြောင်း မြို့ခံများက ပြောသည်။

လောလောဆယ် ဖျာပုံပေါ်ဆန်း တတင်းခွဲ တအိတ် ကျပ် (၂၅,ဝဝဝ) ရှိပြီး မှောင်ခိုရောင်းဝယ်နေရသည့် ရွှေဘိုပေါ်ဆန်းမှာ တအိတ် ကျပ် (၂၆,၅ဝဝ) ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် ရွေးကောက်ပွဲကာလ လယ်သမားများထံမှ မဲရရှိရန်အတွက် ဧဒင် ဦးချစ်ခိုင်ကို ဦးဆောင်စေပြီး ဆန်စပါးလုပ်ငန်းအသင်းကို ဖွဲ့စည်းပေးထားသည့်အတွက် ကျန် ဆန်ကုန်သည်ကြီးများအသင်း၊ ဆန်စက်လုပ်ငန်းပိုင်ရှင်များ အသင်း စသည်တို့နှင့် ပဋိပက္ခများ ဖြစ်ပွားနေကြောင်း သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook