ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကြံ့ဖွံ့ဦးရေ ရန်ကုန်လူဦးရေ ထက်ဝက်ကျော်ရှိ
တက်လူ/ ၅ မတ် ၂ဝ၁ဝ

line

 

ရန်ကုန်တိုင်းအတွင်း ကြံ့ဖွံ့အဖွဲ့ဝင်အရေအတွက်မှာ ရန်ကုန်လူဦးရေ၏ တ၀က်ကျော်လွန်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ အကြီးအကဲတဦးက ပြောသည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြာပါပြီ၊ လူထုကို ဆွဲဆောင်ရတာပေါ့။ ရန်ကုန်မှာ ကျနော်တို့အသင်းကြီးအနေနဲ့ လူတွေအတွက် အခမဲ့တွေပဲ လုပ်ပေးနေတာပါ၊ လူတိုင်းသိပါတယ်။ လမ်းခင်းပေးမှု၊ ရေပေးဝေမှု၊ ကျန်းမာရေးဆေးပေးခန်းနဲ့ ကလေးတွေ စာသင်ကြားပေးမှု၊ စာသင်ကျောင်းဆောက်လုပ်ပေးမှု စတာတွေက ကျနော်တို့အသင်းက လုပ်တာပါ” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းဝင်တဦးက ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် အသင်းသားများကို လိုက်၍စုဆောင်းနေခြင်းဖြစ်ရာ အသင်းဝင်အရေအတွက် ပိုများလာစေရန် ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်တဦး ပြောပြချက်အရ ယခုအသင်းဝင်စာရင်းမှာ မဲပေးရန်အတွက် စာရင်းအတည်ဖြစ်မည်ဟု သိရသည်။

“ကျနော်တို့အသင်းသားတွေ ရန်ကုန်တိုင်း တာဝန်ခံနဲ့ တွေ့တဲ့အခါ သူက အသင်းသားတွေ တိုးလာတာကို စိတ်ကျေနပ်တယ်လို့ ပြောတယ်။ ပြီးတော့ အသင်းသားများသလို အသင်းသားတွေအနေနဲ့ အသင်းအပေါ်မှာ သစ္စာရှိဖို့လိုတယ်လိုလည်း ပြောတယ်။ သူဆိုလိုချင်တာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း အသင်းသားတယောက်ဖြစ်တဲ့အတွက် ပြဿနာတစုံတခုဆိုရင်လည်း ပြောပါလို့ပြောပါတယ်။ အရေးပေးခံရတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သူ အသက် (၄၀) နှစ်ခန့်အရွယ် လူလတ်ပိုင်းတဦးက ယခုကြံ့ဖွံ့အသင်းကို ၀င်နေသူများမှာ ယခင်က ၁၉၈၈ အရေးအခင်းတွင် ဆန္ဒပါဝင်ပြသခဲ့သူ အများစုဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ အဲဒီတုန်းက အသက် (၂၀) မပြည့်ချင်သေးတဲ့အရွယ်ပါ။ ကျနော်တို့နဲ့အတူ လက်တွဲပြီးတော့ ချီတက်ခဲ့တဲ့ ကောင်တွေက အခုကြံ့ဖွံ့ကို ဘုရားထင်နေကြတယ်။ ဒီကောင်တွေက တကယ်ပဲစိတ်ပါလို့ လုပ်တာလား၊ အခွင့်အရေးရလို့ပဲ လုပ်တာလားဆိုတာ မတွေးတတ်ဘူး” ဟု ပြောသည်။

ရန်ကုန်ရှိ လူဦးရေ (၆) သန်းခန့်တွင် ရန်ကုန်တိုင်း ကြံ့ဖွံအသင်း၏ အသင်းသားဦးရေမှာ (၃) သန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ယင်းအသင်း၏ တရားဝင်စာရင်းများအရ သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook