ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရွှေ့ပြောင်းများအရေး ထိုင်းအလုပ်သမားဝန်ကြီး ဆွေးနွေး
စိုးမိုး/ ၅ မတ် ၂ဝ၁ဝ

line

 

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် ပျက်ကွက်သည့်အကြောင်းရင်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀န်ကြီးက အလုပ်သမားရေးရာအဖွဲ့များနှင့် ယနေ့ဆွေးနွေးကြောင်း သိရသည်။

ယခုလ (၂) ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းနိုင်ငံတွင်းရှိ တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား (၁၃) သိန်းကျော်ကို အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန်နှင့် ယခုလကုန်တွင် နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ထိုင်းအစိုးရက ညွှန်ကြားထားသော်လည်း အလုပ်သမား (၅) သိန်းကျော်က လုပ်ဆောင်ရန် ပျက်ကွက်နေခြင်းဖြစ်သည်။

“ထိုင်းအလုပ်သမားဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းကျော်တောင် ဘာကြောင့် အလုပ်လုပ်ခွင့် သက်တမ်းမတိုးလဲ ဆိုတာကို အလုပ်သမားရေးရာဌာနတွေနဲ့ ဆွေးနွေးမေးမြန်းတယ်လို့ ပြောတယ်။ သက်တမ်း မတိုးသေးတဲ့သူတွေအတွက် အဖြေတခုခုတော့ ရလာမယ်လို့ မျှော်လင့်ရတာပဲ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ရွှေ့ပြောင်းလုပ်သားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်အကိုင်ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က အလုပ်သမားလက်မှတ် သက်တမ်းမတိုးသူ ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

ယင်းနောက် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားသက်တမ်း တိုးပြီးသူများကို မဖမ်းဆီးရန် ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးသို့ ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၀န်ဆောင်ခပေးပြီး နိုင်ငံသားစိစစ်မှုကို အလွယ်တကူ လုပ်ကိုင်နိုင်ကြောင်း၊ တရားဝင် အလုပ်သမားအဖြစ် သက်တမ်းတိုးခွင့် ပေးထားခြင်းကို မလုပ်ကိုင်ကြသည့် အကြောင်းရင်းကို ရှာဖွေရန်လိုကြောင်း ၀န်ကြီးက ပြောကြားသည်ဟု ထိုင်းအစိုးရသတင်းဌာန NTT က ဖော်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရေးနှင့် နိုင်ငံသားစိစစ်မှု လုပ်ဆောင်ရန် ငွေကြေး အခက်အခဲအပါအ၀င် မိမိတို့ ကိုယ်ရေးအချက်အလက်မှန်များကို မြန်မာစစ်အစိုးရသို့ မပေးလိုကြခြင်းလည်း ပါဝင်ကြောင်း သိရသည်။

“ဒီအလုပ်သမားတွေရဲ့  သမိုင်းနောက်ခံမှာ ဘ၀ရပ်တည်လို့မရအောင် အခြေအနေဆိုးတွေကြောင့် ဒီမှာလာပြီး ရုန်းကန်နေရတာပါ။ လူတိုင်း ကိုယ့်မြေ ကိုယ့်ရေမှာပဲ နေထိုင်လုပ်ကိုင် စားသောက်ချင်ကြတာပါ။ အခု ရွှေ့ပြောင်းကိစ္စလည်း အချိန်ပေးညှိနိုင်းဖို့ လိုပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook