ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ
မတရားအသင်း ကြေညာခံရဖွယ်ရှိ

ပေါက်ပေါက်/ ၈ မတ် ၂ဝ၁ဝ

line

 

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့ခေါ် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပျက်ကွက်လျှင် မတရားအသင်း ကြေညာသွားမည်ဟု နအဖဘက်က သတိပေးထားသည်။

ပြီးခဲ့သည့်လ (၂၅) ရက်က ကျိုင်းတုံမြို့တွင် နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ စစ်ဦးစီး ပထမတန်း အရာရှိ ဒု-ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက မိုင်းလားတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစံပေ၊ ဦးဆန်လူတို့နှင့် တွေ့ဆုံစဉ်အတွင်း နယ်ခြားစောင့်တပ် လက်မခံပါက မတရားအသင်း ဖြစ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “စရဖ ဂျီဝမ်းက ပြောခဲ့တာက နယ်ခြားစောင့်တပ် လက်မခံဘူးဆိုရင်တော့ မတရားအသင်း ဖြစ်သွားမယ်ပေါ့။ အမြန် အကြောင်းပြန်ပါဆိုပြီး ထပ်ပြောခဲ့တာ။ ဒါနဲ့ သူတို့ (၂၈) ရက်မှာ အကြောင်းပြန်လိုက်တာက အရင်က တင်ပြထားတဲ့ မိမိတပ်ဖွဲ့နဲ့သာ ဖွဲ့ဖို့တို့၊ စစ်သင်တန်းကို မိုင်းလားနယ်ထဲမှာ လုပ်ဖို့တို့ကို ထပ်တင်ပြတယ်။ အဲဒီအတွက် နောက်ထပ် ဆွေးနွေးဖို့ အချိန်ပေးပါတို့ပေါ့” ဟု ပြောသည်။

ထို့အတူ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါ် ဝတပ်ဖွဲ့ကိုလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပါက မတရားအသင်း ကြေညာသွားမည်ဖြစ်၍ နယ်ခြားစောင့်တပ်လက်ခံလာရေး ဖျောင်းဖျပေးရန် တရုတ်အာဏာပိုင်များထံ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အကူညီတောင်းခံထားသည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နအဖ အကြား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြေလည်မှု ရနိုင်မည်မဟုတ်ဘဲ ယင်းကိစ္စသည် ၂ဝဝ၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းသာဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

၎င်းက “နယ်ခြားစောင့် အသွင်ကူးပြောင်းရေးကိစ္စကတော့ နှစ်ဖက်စလုံးအတွက် Constitutional Crisis ။ ဖွဲ့စည်းပုံ ပြဿနာ အဓိကကျတယ်ပေါ့။ ပြည်တွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတာ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေကျတော့ အဲလို မပြောပေမယ့် ဖွဲ့စည်းပုံထဲက သူတို့နဲ့ မကိုက်ညီတဲ့ဟာတွေကို ပြန်လည်တောင်းဆိုတာ။ အဲဒါကို နအဖက ဖွဲ့စည်းပုံကို ဘယ်လိုမှ ပြင်လို့မရတော့ဘူး ပြောနေတာ။ အဲလို အခြေအနေအောက်မှာ နအဖဘက်က သူတို့တွေကို မတရားအသင်းဆိုပြီး ကြေညာ၊ မူးယစ်ဆေးကိစ္စ၊ သစ်ကိစ္စ အကြောင်းရှာပြီး လက်နက်နဲ့ ဖြေရှင်းဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံး သတ်မှတ်ထားခဲ့သော်လည်း အပစ်ရပ်အဖွဲ့များကမူ နအဖဘက်မှ လိုလားသည့်အဖြေကို မပေးခဲ့ပေ။ ထို့အတွက် ထပ်မံ ရက်ရွှေ့ဆိုင်း သတ်မှတ်ခြင်းမျိုး မရှိတော့သကဲ့သို့ နှစ်ဖက်အကြား သဘောတူညီချက် မရရှိဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ မတရားအသင်း ကြေညာမည့် ကိစ္စရပ်များ ပေါ်ထွက်လာနေခြင်းဖြစ်သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဖြေပေးနိုင်ရန် ဗဟိုကော်မတီအစည်းဝေးတရပ်ကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၂) ရက်က စတင်ကျင်းပ နေခဲ့သော်လည်း မည်သို့ဆုံးဖြတ်ချက် ချခဲ့သည်ကိုသိရှိရန် ကေအိုင်အိုအဖွဲ့ထံ ဆက်သွယ်၍ မရရှိသေးပါ။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook