ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဘားမားဗီဂျေဇာတ်ကား ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရ
ဝီရ/ ၈ မတ် ၂ဝ၁ဝ

line

 

အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အော်စကာဆုအတွက် လျာထားခြင်းခံရသော ဘားမားဗီဂျေ ဇာတ်ကားသည် အော်စကာဆုပေးပွဲတွင် ဆန်ခါတင်စာရင်းဝင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အဆိုပါအခမ်းအနားသို့ မြန်မာသံဃာတော် (၂) ပါး တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ မတ်လ (၇) ရက်နေ့ ညပိုင်းက ကျင်းပခဲ့သည့် (၈၂) ကြိမ်မြောက် အော်စကာဆုပေးပွဲသို့ ဘားမားဗီဂျေ ရုပ်ရှင် ဒါရိုက်တာ Anders Ostergaard ၊ ထုတ်လုပ်သူ Lise Lense-Moller ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) မှ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်တို့နှင့်အတူ ၂၀၀၇ သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦပညာဇောတနှင့် ဦးဃောသိတတို့လည်း တက်ရောက်ခဲ့ကြသည်။

ဒီဗွီဘီမှ ထိုင်းနိုင်ငံ တာဝန်ခံ ဦးတိုးဇော်လတ်က “ဒီဘားမား ဗီဂျေဇာတ်ကားမှာ မြန်မာပြည်တွင်းက Undercover Reporters တွေ ဖော်ထုတ်ပြသနိုင်ခဲ့တာကို နိုင်ငံတကာကလည်း အသိမှတ်ပြုခဲ့တယ်။ ကြိုဆိုခဲ့ကြတယ်။ ဆုမရပေမယ့် မြန်မာပြည်ထဲက တကယ့်အဖြစ်အပျက်တရပ်ကို ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့တဲ့ ဒီဇာတ်ကားအတွက် ကျနော်တို့ ဒီဗွီဘီကလည်း အရမ်းဝမ်းသာမိပါတယ်။ နောက်ဆုံး အော်စကာဆုပေးဖို့အထိ အောင်မြင်ခဲ့တယ်ဆိုတော့ ဂုဏ်ယူပါတယ်။ ဒီလို တကယ့်အဖြစ်အပျက်တွေကို နောက်ထပ် တင်ပြနိုင်အောင် ကြိုးစားသွားပါ့မယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘားမားဗီဂျေ ဇာတ်ကားအပါအဝင် အော်စကာဆုအတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဆန်ခါတင် (၅) ကားအနက် ဂျပန်နိုင်ငံမှ လင်းပိုင်ငါးတို့ အသက်အန္တရာယ် ကျရောက်နေသည့် အကြောင်းကို ရိုက်ကူးထားသည့် “The Cove” အမည်ရှိ မှတ်တမ်းရုပ်ရှင်က ဆုကို ဆွတ်ခူးရရှိသွားသည်။

ဒိန်းမတ် ဒါရိုက်တာ Anders Ostergaard ၏ ဘားမားဗီဂျေ ဇာတ်ကားသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် မြန်မာစစ်အစိုးရက သံဃာတော်များနှင့် ပြည်သူတို့၏ လှုပ်ရှားမှုများကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သည့် တကယ့်အဖြစ်အပျက်များကို မြေအောက် ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျား မှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ ပေးပို့ခဲ့ပုံကို တင်ပြထားခြင်းဖြစ်ပြီး ဇာတ်ကား (၅) ကားအနက် တစ်ပြေးခဲ့သော ဇာတ်ကားလည်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ အရှင်ဇဝနက “ဒီဇာတ်ကားက နည်းပညာပိုင်း အားနည်းချက် ရှိခဲ့ပေမယ့် အော်စကာရဲ့ မှတ်တမ်းရုပ်ရှင်အတွက် နောက်ဆုံး ဆန်ခါတင် (၅) ကားစာရင်းအထိ ပါခွင့်ရခဲ့တာ မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်လာနိုင်အောင် လုပ်နိုင်ခဲ့လို့ဖြစ်တယ်။ နဂိုမူလကတည်းက အော်စကာဆုအထိ ဦးဇင်းတို့ မှန်းမထားပါဘူး။ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

ဘားမားဗီဂျေ မှတ်တမ်းရုပ်ရှင်ဇာတ်ကားသည် လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးပြီးဖြစ်ကြောင်း ဦးတိုးဇော်လတ်က ပြောသည်။

ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများတွင် ယခုနှစ် (၈၂) ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲအတွက် ဆန်ခါတင်ရုပ်ရှင်စာရင်း ဖော်ပြခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

“ဘားမားဗီဂျေက အော်စကာဆုနဲ့ ထိုက်တန်တဲ့ သွေးနဲ့သားနဲ့ ရေးသားရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကားပါ။ ဒီနှစ် အော်စကာဆန်ခါတင် ကားစာရင်း ဖော်ပြခွင့်အတွက် စာပေစိစစ်ရေးက အရမ်းစိစစ်တယ်။ အခုနှစ်တွေအတွင်း နိုင်ငံခြားသား လာရောက်လည်ပတ်မှု များလာတာဟာ ဘားမားဗီဂျေ ဇာတ်ကားကြောင့်လည်း ပါပါတယ်။ ဒီဇာတ်ကားကြောင့် မြန်မာပြည်ကို ကမ္ဘာက ပိုပြီး စိတ်ဝင်စားလာစေတယ်” ဟု ပြည်တွင်းမှ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

အကောင်းဆုံး အော်စကာ မှတ်တမ်းရုပ်ရှင်ဆုအတွက် ဆန်ခါတင် (၅) ကားတွင် “The Most Dangerous Man in America; Daniel Ellsberg and the Pentagon Papers” အမည်ရှိ ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်သူ စစ်ရေးလေ့လာသူတဦးက ပင်တကွန် စစ်ဌာနချုပ်မှ အရေးကြီးစာရွက်စာတမ်းများကို သတင်းမီဒီယာများသို့ လျှို့ဝှက်ပေးပို့ခဲ့သော အကြောင်း၊ “Which Way Home” အမည်ရှိ အိမ်နီးချင်း မက္ကဆီကိုမှ အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နိုင်ရန် ကြိုးစားရင်း အသက်အန္တရာယ် ကျရောက်ခဲ့ရသော ကလေးငယ်များ၏ ဘဝအကြောင်း၊ “Food, Inc” အမည်ရှိ အမေရိကန် အစားအစာစက်ရုံ ထုတ်လုပ်ရေးနှင့် ပတ်သက်သော စိန်ခေါ်မှုများအကြောင်း ရိုက်ကူးထားသော ကားများပါဝင်သည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook