ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မပခတိုင်းမှူးနှင့် အာဏာပိုင်များကို လာဘ်ငွေထိုးပြီး သစ်များ ခိုးထုတ်နေ
ခိုင်လင်း/ ၈ မတ် ၂ဝ၁ဝ

line

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ တရားမဝင်ခုတ်လှဲထားသည့် သစ်များကို တဖက် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ ရက်ပိုင်းက အလုံးအရင်းဖြင့် သယ်ထုတ်နိုင်ခဲ့ပြီး ယင်းသို့ သယ်ထုတ်ရန်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၊ မိုးမိတ်ဗျူဟာမှူးနှင့် နယ်မြေခံအာဏာပိုင်များအား လာဘ်ငွေပေးခဲ့ရသည်ဟု သိရသည်။

ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမိတ်၊ မဘိန်းမြို့နယ် အကြားရှိ သစ်တောများအတွင်း တရားမဝင် သစ်ခုတ်လှဲမှုများကို တဖက်တရုတ်နိုင်ငံသားများက ပြုလုပ်နေရာ ခုတ်လှဲပြီးသည့်သစ်များကို ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ ညပိုင်းတို့က ကားအစီး (၆ဝ) ထက်မနည်း သယ်ထုတ်ခဲ့သည်။

ယင်းသို့ သယ်ထုတ်ရန် မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းအား ကျပ်သိန်း (၁,၅ဝဝ) တန်ဖိုးရှိသည့် ရွှေချောင်းများကို လာဘ်ထိုးခဲ့ရ သကဲ့သို့ မိုးမိတ် စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်းနှင့် ဗန်းမော်အာဏာပိုင်များကိုလည်း လာဘ်ထိုးခဲ့ရသည်ဟု သစ်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “အဲလို လာဘ်ပေးဖို့ အောင်မိုင်ကုမ္ပဏီပိုင်ရှင် ဦးအောင်တိုးကိုယ်တိုင် တိုင်းမှူးကို ပြီးခဲ့တဲ့ သောကြာ နေ့လယ်ပိုင်းက သိန်း (၁,၅ဝဝ) ဖိုးရှိတဲ့ ရွှေတွေ ပေးခဲ့ရတယ်။ ဗန်းမော်မှာရှိတဲ့ အောင်မိုင်ကုမ္ပဏီတာဝန်ခံ ကျော်မြင့်ခိုင်က ဗျူဟာမှူးနဲ့ တပ်ရင်းမှူးတွေကို ငွေတွေ ပေးခဲ့ရတယ်။ ဗန်းမော်ဘက်ကနေ ကိုက်ထိပ်ကျေးရွာကို ဖြတ်ပြီး နမ်းခမ်းတဖက်မှာရှိတဲ့ တရုတ်ပြည်၊ နောင်တောင်ကို ပို့တယ်” ဟု ပြောသည်။

အောင်မိုင်ကုမ္ပဏီက တရုတ်သစ်လုပ်ငန်းရှင်များနှင့် မပခအကြား သစ်သယ်ထုတ်ယူနိုင်ရေးအတွက် ကြားလူပွဲစား သဘောမျိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံဘက်သို့ သစ်ခိုးထုတ် သယ်ယူနေသည်မှာ ၂ဝဝ၅ ခုနှစ် ဝန်းကျင်က ဖြစ်ကြောင်း အဆိုပါသစ်လုပ်ငန်းရှင်က ပြောသည်။

၎င်းက “အောင်မိုင်ကုမ္ပဏီက အရင် မပခတိုင်းမှူး လုပ်သွားတဲ့ ဗိုလ်ချုပ် အုန်းမြင့်ရဲ့ သားတွေ၊ ယောက်ဖတွေက ရှယ်ယာပါသလိုလိုနဲ့ နာမည်ခံထားတာ။ အောင်မိုင်ကုမ္ပဏီကလည်း ဗိုလ်ချုပ် အုန်းမြင့် အရှိန်အဝါနဲ့ ဗန်းမော်ဒေသထဲက ဖမ်းဆီးရမိတဲ့ သစ်တွေကို ဧရာဝတီမြစ်ဆိပ်အရောက် သယ်ထုတ်ရေးအတွက် နှစ်စဉ် ကန်ထရိုက် ရနေတယ်။ မကောင်းတဲ့ သစ်ကို အစိုးရဆီအပ်ပြီး ကောင်းတဲ့သစ်တွေကို တရုတ်ကို ရောင်းနေတာ။ အခုက သူကိုယ်တိုင်လည်း သစ်လုပ်၊ မပခအထိ တရုတ်တွေကိုယ်စား လာဘ်ထိုးတဲ့ကိစ္စပါ လုပ်လာတာ” ဟု ပြောသည်။

တရားမဝင်သစ်များ ခုတ်လှဲနေမှုကို ဖမ်းဆီးရေးအတွက် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက စ၍ စစ်ကြောင်းများဖြင့် ဝင်ရောက် ရှာဖွေနေခဲ့သော်လည်း သစ်များကို အဖမ်းအဆီး အချို့ပြကာ ဒေသခံအာဏာပိုင်များထံ လာဘ်ထိုးပြီး တရုတ်ပြည်ဘက်သို့ ခိုးထုတ်နေသည်မှာ ဆယ်စုနှစ် တခုမက ရှိနေပြီဖြစ်ကြောင်း နယ်စပ်ဒေသခံများက ပြောသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook