ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ယာဉ်မောင်းလိုင်စင်ကတ် ပုံစံသစ်ပြောင်း
အောင်ထက်/ ၈ မတ် ၂ဝ၁ဝ

line

 

ယာဉ်မောင်းလိုင်စင် အတုများစွာ ထွက်ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် မူလလိုင်စင်အဟောင်းများကို ပြန်လည် သိမ်းဆည်းကာ ပုံစံပြောင်း လိုင်စင်ကတ်အသစ်များ မတ်လ (၁၀) ရက်တွင် စတင်လဲလှယ်ပေးရန် စီစဉ်လျက်ရှိကြောင်း နေပြည်တော် ကညနမှ အရာရှိတဦးက အတည်ပြုပြောကြားသည်။

ပုံစံပြောင်း လိုင်စင်အသစ်ကို နေပြည်တော် (ကညန)၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင် စတင် စမ်းသပ်လဲလှယ်ပေးမည် ဖြစ်သည်။

“အဲဒီရက်ပိုင်းမှာ (အနီ၊ အညို၊ အနက်) ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတွေကို ဦးစားပေး (၁) အဖြစ် ဆောင်ရွက်ပေးပါ့မယ်။ နေ့ချင်းပြီး ဆောင်ရွက်မှာပါ” ဟု အဆိုပါကညနမှ အရာရှိက ပြောသည်။

ရန်ကုန်တိုင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်ရှိသူတဦးကလည်း “မူလက ဘတ်ဂျက်ကာလအပြီး ဧပြီ (၁) ရက်နေ့ စမယ်ကြားတာ။ ခုတော့ မတ်လ (၁၀) ရက်နေ့ စတင်လဲလှယ်ပေးမယ် ဖြစ်သွားတယ်။ လိုအပ်တဲ့ Data တွေ၊ ကွန်ပျူတာ Code တွေ၊ လုံခြုံရေးစနစ်တွေ ရိုက်ထည့်ဖို့ ကွန်ပျူတာအခြေခံရှိတဲ့ ၀န်ထမ်းတချို့ကို သင်တန်းပေးနေပါတယ်” ဟု ဆိုသည်။

ကတ်ပြားကို နိုင်ငံတကာ အဆင့်မီပြုလုပ်ထားပြီး အတုပြုလုပ်၍ မရအောင် လုံခြုံရေးစနစ် တိကျစွာ ထည့်သွင်းထားသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းက “တပြည်လုံး ပုံစံတမျိုးတည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် တိုင်းခွဲပြီး ပုံစံကွဲ၊ အရောင်ကွဲလည်း ဖြစ်နိုင်တယ်။ ခုထိ ကျနော်တို့ ရေရေရာရာ မသိရသေးဘူး။ အထူးလျှို့ဝှက်ထားတယ်” ဟု ပြောသည်။

နေပြည်တော် (ကညန) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်မှာ မကြာမီလများအတွင်း အငြိမ်းစားယူတော့မည်ဖြစ်သည့်အတွက်
အထက်ပါအစီအစဉ်ကို အရေးပေါ် သတ်မှတ်လိုက်ခြင်း ဖြစ်ပုံရကြောင်း ရန်ကုန်တိုင်း ကညန ၀န်ထမ်းအချို့က ထင်ကြေး ပေးကြသည်။

ယခင် လိုင်စင်များတွင်လည်း လုံခြုံရေးစနစ်ရှိသည့်ကြားမှ လိုင်စင်တုများ ထွက်နေကြောင်း၊ ကွန်ပျူတာ အစစ်ခံနိုင်သည် ဟုဆိုကာ ယာဉ်မောင်းလိုင်စင် အညို၊ အနီ တခုကို ကျပ် (၃) သောင်းဖြင့် ကညန ၀န်ထမ်းများက လုပ်ပေးနေကြောင်း၊ ယာဉ်မောင်းလိုင်စင် (၂) ခု၊ (၃) ခု ကိုင်ထားသူများရှိကြောင်း ရန်ကုန်မြို့ခံ ယာဉ်မောင်းလိုင်စင်ရှိသူ တဦးက ပြောသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook