ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နအဖ ရွေးကောက်ပွဲ ဟန်ပြသာဖြစ်ဟု
ထိုင်းအထက်လွှတ်တော်အမတ် ပြောကြား

ရဲရင့်/ ၈ မတ် ၂ဝ၁ဝ

line

 

မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ဒီမိုကရေစီကို သွေဖည်သည့် ဟန်ပြရွေးကောက်ပွဲသာဖြစ်မည်ဟု ထိုင်းအထက်လွှတ်တော်အမတ် နိုင်ကရိုင်ဆတ် ချွန်ဟာဗန်က မဲဆောက်မြို့၌ သတင်းထောက်များကို ပြောကြားသည်။

ထိုင်းလွှတ်တော်အမတ်နှင့် အာဆီယံ မြန်မာ့အရေးဆိုင်ရာ ပါလီမန် အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌဖြစ်သူ နိုင်ကရိုင်ဆတ် ချွန်ဟာဗန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် ပြောကြားခြင်းဖြစ်သည်။

၎င်းက “မြန်မာပြည်မှာ လုပ်မယ့် ရွေးကောက်ပွဲက ဒီမိုကရေစီစနစ်ကို အခြေခံတာ မဟုတ်တဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာစစ်တပ်ကလည်း သူ့အတွက်ပဲ ကြည့်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ ကောင်းတဲ့ရလဒ်ကို ရမှာမဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ သူတို့တောင်းဆိုနေတာတွေ မရရှိနိုင်တဲ့အတွက် မြန်မာပြည်ရဲ့ အခြေအနေက လက်ရှိထက်ကို ဆိုးလာဖို့ပဲ ရှိတယ်။ မြန်မာနဲ့ငြိမ်းချမ်းရေး ယူထားတဲ့ အပစ်ရပ်အဖွဲ့တွေထဲကလည်း ဒီရွေးကောက်ပွဲကို လက်မခံနိုင်တဲ့အတွက် မြန်မာပြည်မှာ စစ်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာဖို့ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်သည့်အတွက် နယ်စပ်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် မြန်မာဒုက္ခသည်များ ထိုင်း၊ တရုတ်၊ အပါအ၀င် အိမ်နီးချင်းနိုင်ငံတို့တွင် ၀င်ရောက်ခိုလှုံနေရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းတို့အဖွဲ့သည် ယမန်နေ့က မဲဆောက်မှတဆင့် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးနှင့်မဲအူစု ကျေးရွာများရှိ ယာယီဒုက္ခသည် စခန်းတွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၆၀၀) ခန့်ကို သွားရောက်တွေ့ဆုံခဲ့ပြီး စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ တွေ့ရှိရသည့်အတွက် ဒုက္ခသည်များအား နေရပ်အတင်းအကျပ် ပြန်ပို့ခြင်းမပြုရန် ထိုင်းအစိုးရကို တိုက်တွန်းသွားမည်ဟုလည်း နိုင်ကရိုင်ဆတ် ချွန်ဟာဗန်က ပြောသည်။

၎င်းက “ဒီကေဘီအေအဖွဲ့ဟာ နအဖဘက်က လူတွေဖြစ်တယ်။ ဒီစစ်ပြေးဒုက္ခသည်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား လုပ်ခဲ့တာမျိုးရှိတယ်။ သူတို့ အုပ်ချုပ်မှုအောက်မှာ ဒုက္ခသည်တွေရဲ့ အသက်ရှင်နေထိုင်ရေးအတွက် အာမခံချက် မရှိတဲ့နေရပ်ကို လက်ရှိအခြေအနေမှာ မပြန်ချင်ကြသေးဘူး။ သူတို့နေရပ်မှာ အဓမ္မလုပ်အားစေခိုင်းတာတွေ စစ်သားစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေ ရှိတဲ့အတွက် သူတို့ကို ပြန်ပို့မယ့်ကိစ္စ အထူးစိုးရိမ်မိတယ်။ ဒီကိစ္စ အထက်ကို တင်ပြသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်အရေးနှင့် ပတ်သက်၍ နိုင်ငံကို စီမံခန့်ခွဲနေသူများသည် ဘန်ကောက်တွင်သာ ရုံးထိုင်ကြပြီး အခြေအနေအမှန်ကိုသိရှိရန် မဲဆောက်မြို့သို့ လာရောက်ခြင်း မရှိကြောင်း၊ ဒုက္ခသည်များ ခိုလှုံနေသည့် နောင်းဘိုးဝါးရွာဆိုလျှင် နယ်မြေတာဝန်ရှိသူများသာ ရှိကြောင်း ၎င်းက ပြောသည်။

ထာ့ဆောင်ရန်းမြို့နယ်ရှိ ကရင်စစ်ပြေးဒုက္ခသည်များနှင့် သွားရောက်တွေ့ဆုံခဲ့ရာတွင် AIPMC ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ AIPMC အဖွဲ့ကို မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် အာဆီယံ (၅) နိုင်ငံမှ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည်။

အာဆီယံ မြန်မာ့အရေးဆိုင်ရာ ပါလီမန်များအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဲဆောက်ဒေသတွင်းရှိ မြန်မာဒုက္ခသည်များ၊ ထိုင်းနယ်စပ်အခြေစိုက်ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့စုဆောင်းရရှိသည့် အချက်အလက်များကို ထိုင်းအစိုးရထံ တင်ပြသွားမည်ဟု သိရသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်ဒုက္ခသည်များသည် ယမန်နှစ်လယ်ပိုင်းက နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့နှင့် ကေအန်ယူတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲ၏ဂယက်ကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာသည့် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ဒေသခံရွာသားများဖြစ်သည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook