ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြန်မာစက်မှုပြပွဲတွင် တရုတ်ဆိုလာပြားကို စိတ်ဝင်စားသူများ
မျိုးဝင်းဇော်/ ၈ မတ် ၂ဝ၁ဝ

line

 

ယခုလ (၅) ရက်မှ (၇) ရက်အထိ ရန်ကုန်၊ ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ပြုလုပ်သည့် မြန်မာ့စက်မှုပြပွဲ ၂ဝ၁ဝ ၌ နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများကိုသာ အဓိက ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူများကလည်း နိုင်ငံခြားဖြစ်များကိုသာ ပိုမို စိတ်ဝင်စားကြကြောင်း စုံစမ်းသိရသည်။

ပြပွဲသွားရောက်ခဲ့သူတဦးက “လူတွေ အထူးစိတ်ဝင်စားတာက ပြခန်း (၃) ခုမှာ ရောင်းတဲ့ ဆိုလာပြားနဲ့ ဘတ္တရီ၊ အင်ဗက်တာတွေကို စိတ်ဝင်စားကြတယ်။ လူတွေက မီးပျက်တာများတော့ အမျိုးမျိုးစဉ်းစားလာကြပြီး ဆိုလာပြားကိုလည်း စိတ်ဝင်စားလာကြတာ ဖြစ်တယ်။ ပြခန်း (၃) ခန်းစလုံးမှာ ရောင်းတဲ့ ဆိုလာပြားတွေ အားလုံး တရုတ်ပြည်ကနေ သွင်းလာတာချည်းပဲ။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပြခန်းမှာဆိုရင် ကျပ် (၃,ဝဝဝ) တန်၊ ကျပ် (၁၀,၀၀၀) တန် အပေါစား ဆိုလာပြားတွေ ရောင်းတယ်။ ရောင်းသူက မြန်မာစကား မတတ်တဲ့ တရုတ်မတယောက်။ ဒါဘယ်လောက်လဲလို့ မေးလိုက်ရင် စန်းချင်း (တရုတ်လို ကျပ် ၃,ဝဝဝ) လို့ ဖြေတယ်။ မြန်မာ့စက်မှုပြပွဲဆိုပေမယ့် လက်ညှိုးထိုးပြစရာ စက်မှုထုတ်ကုန် ဘာမှ မယ်မယ်ရရ မရှိဘူး” ဟု ပြောသည်။

အဆိုပါပြပွဲ အဝင်ဝတွင် ကိုရီးယားလုပ် ဆမ်ဆောင်း အမှတ်တံဆိပ် အယ်လ်စီဒီ တီဗွီနှင့် ပလပ်စမာ တီဗွီများကို ချိတ်ဆွဲပြသ ရောင်းချသည်။

ရာကျော် စက်ပစ္စည်း အရောင်းပြခန်းတွင် တရုတ်ပြည်၌ နံပါတ် (၁) အဆင့် ရှိသည်ဆိုသော RAM အမှတ်တံဆိပ် တရုတ် ဆိုင်ကယ်များကို ပြသထားပြီး လိုင်စင်အပါ တစီး ကျပ် (၆) သိန်းခွဲဖြင့် ရောင်းချသည်။

ကေအမ်ဒီ ပြခန်းတွင်မူ နိုင်ငံခြားဖြစ် Acer, Lenovo, HP, Compaq အမှတ်တံဆိပ် လက်ဖ်တော့၊ ဒက်စ်တော့ ကွန်ပျူတာများနှင့် အပိုပစ္စည်းများကို ပြသရောင်းချသည်။

ပြခန်းတခုတွင်မူ တရုတ်ပြည်လုပ် တူ၊ ပလာယာ၊ ဝက်အူလှည့်၊ ဂွရှင် စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး အသေးစား ပစ္စည်းမျိုးစုံ ပြသရောင်းချနေပြီး လူများ ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးကြသည်။

ပြပွဲ ဒုတိယနေ့တွင် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လာရောက်ကြည့်ရှုကြောင်း ပြပွဲတွင် ပါဝင်ပြသသည့် စက်မှုလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို ဝန်ကြီးက လုပ်ပါ လုပ်ပါ ဆိုလို့သာ လုပ်ရတာ၊ တကယ်တော့ မြန်မာ့စက်မှုထုတ်ကုန် စစ်စစ်ဆိုပြီး ပြစရာက သိပ်ရှိတာ မဟုတ်ဘူး။ ဝန်ကြီးလာတော့ ဓာတ်ပုံတွေကလည်း ရိုက်၊ ဗွီဒီယိုတွေလည်း ရိုက်တော့ နိုင်ငံခြားဖြစ် ကုန်ပစ္စည်း ရောင်းတဲ့ဆိုင်တွေ၊ တရုတ်လုပ်ပစ္စည်း ရောင်းတဲ့ပြခန်းတွေကို မဝင်ဘူး။ ဒီတော့ စားသောက်ကုန် ထုတ်တဲ့ ပြခန်းတွေ၊ ဆေးဝါး၊ ဖျော်ရည်၊ ဆပ်ပြာမှုန့်၊ အရက် စတဲ့ အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းတွေ ထုတ်တဲ့ စက်မှု (၁) ပြခန်းကိုပဲ ဝင်တယ်။ ကြည့်စရာ သိပ်မရှိတော့ ကြာကြာလည်း မကြည့်ပါဘူး ပြန်သွားတာပါပဲ” ဟု ပြောသည်။

စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ထားသည့် စာရင်းဇယားများတွင် ပြည်ပပို့ကုန်အနက် သဘာဝဓာတ်ငွေ့၊ ကျွန်းနှင့် သစ်မာ၊ ဆန်ပါအဝင် လယ်ယာထွက်ကုန်၊ ရေထွက်ကုန် အမျိုးမျိုးတို့သာ အဓိကဖြစ်ပြီး စက်မှုထွက်ကုန်မှာ မရှိသလောက် နည်းပါးသည်။

ယခုပြပွဲတွင်လည်း မြန်မာ့စက်မှုထုတ်ကုန် ပြစရာ မယ်မယ်ရရ မရှိခြင်းကြောင့် တရုတ်ထုတ်ကုန် ဈေးရောင်းပွဲဟု ပြောလျှင် ပိုမှန်မည်ဖြစ်ကြောင်း ပြပွဲလာသူများက ကောက်ချက်ချနေကြသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook