ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြန်မာအမျိုးသမီးများအား ပံ့ပိုးရန် နိုင်ငံတကာကို တိုက်တွန်း
စိုးမိုး/ ၈ မတ် ၂ဝ၁ဝ

line

 

ပြည်ပအခြေစိုက် မြန်မာအမျိုးသမီးအဖွဲ့အစည်း (၁၃) ခု ပါဝင်သည့် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) က မြန်မာနိုင်ငံတွင်း အမျိုးသမီးအခွင့်အရေး တိုးတက်ရရှိရေး နိုင်ငံတကာမှ ၀ိုင်းဝန်းအရေးယူပေးရန် ယနေ့ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကြေညာချက်ထုတ် တိုက်တွန်းလိုက်သည်။

မြန်မာအမျိုးသမီးများအပေါ် စစ်အစိုးရ ကျူးလွန်ထားသည့် ရာဇ၀တ်မှုများကို WLB က စုံစမ်းရယူပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့ထားကာ ယခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ ခုံရုံးတင် အရေးယူနိုင်ရေးအတွက် နိုင်ငံတကာမှ ၀ိုင်းဝန်းပံ့ပိုးပေးကြရန် ပြောကြားလိုက်ခြင်းဖြစ်သည်။

“စစ်အစိုးရကနေပြီးတော့မှ ကင်းလွတ်ခွင့်ပေးထားတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်ပေါ်လာဖို့အတွက်ကို လုံခြုံရေးကောင်စီကနေ လုပ်ပေးဖို့ပေါ့နော် တောင်းဆိုထားပါတယ်” ဟု WLB သဘာပတိအဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောကြားသည်။

စစ်အစိုးရက မြန်မာအမျိုးသမီးများကို နိုင်ငံရေးလောကတွင် မ၀င်ရောက်နိုင်ရေးအတွက် တင်းတင်းကျပ်ကျပ် ပိတ်ပင် ကန့်သတ်မှုများ လုပ်ဆောင်ထားပြီး စီးပွားရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်သူများကိုလည်း ထိန်းချုပ်မှုများ ရှိနေကြောင်း WLB က စွပ်စွဲပြောဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် စာပေးတာကို စစ်အစိုးရက ပယ်ချတယ်။ ဒေါ်နော်အုန်းလှတို့ ကိစ္စ၊ ဒေါ်ဝင်းမြမြ အထည်ဆိုင်ကို စစ်အစိုးရက လေလံတင်ရောင်းတာတွေကို ထောက်ပြထားပါတယ်” ဟု ဒေါ်တင်တင်ညိုက ပြောကြားသည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ်ပိုင်းမှ စတင်ကာ ဖြစ်ပေါ်လာသည့် အမျိုးသမီးအများစု ပါဝင်သည့် အလုပ်သမား ဆန္ဒပြပွဲများကိုလည်း လုံထိန်းရဲများဖြင့် ၀ိုင်းရံ ပိတ်ဆို့ထားခဲ့ခြင်းမှာ အလုပ်ရှင်များ၏ မတရားမှုများကို အားပေးရာ ရောက်စေသည်ဟု အမျိုးသမီးအဖွဲ့ချုပ်က ထောက်ပြသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် WLB က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သကဲ့သို့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးအဖွဲ့များ၊ အလုပ်သမားအဖွဲ့များ စုပေါင်းပြီး အမျိုးသမီးအခွင့်အရေးများ တိုးတက်ရရှိရေး လမ်းလျှောက်ချီတက်ကြသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook