ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်၊ ရွာများစွာ ရွှေ့ပြောင်းခံရဖွယ်ရှိ
ဝီရ/ ၉ မတ် ၂ဝ၁ဝ

line

 

မြန်မာနိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အကောင်အထည်ဖော်ဆောင်ရေးတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ရေနက်ဆိပ်ကမ်း တည်နေရာကို ထားဝယ်မြို့ မောင်းမကန်ကမ်းခြေ အထက်ပိုင်း နဘူးလယ်ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲကျွန်းစုအကြားတွင်ဖြစ်ပြီး ဆောက်လုပ်မည့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း (၁) ဒါဇင်ကျော်တို့ကို စတင်ပြောင်းရွှေ့ ခိုင်းနေကြောင်း ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူတဦးက ပြောကြားသည်။

၎င်းက “ဆိပ်ကမ်းနေရာက မောင်းမကန်ကမ်းခြေကနေ (၁၀) မိုင်လောက်ပဲ ဝေးတယ်။ အရင်ဆုံးအနေနဲ့ ကမ်းရိုးတန်း တလျှောက်က တံငါသည်ရွာတွေနဲ့ နဘူးလယ်ကျေးရွာအုပ်စုတွေကို မောင်းမကန်ချောင်းဘက်ကို ပြောင်းခိုင်းနေတယ်။ လျော်ကြေးပေးမယ့်အကြောင်းလည်း မပြောတော့ ရွာသားတွေက မပြောင်းချင်ကြဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ဒေသခံရွာသားများကို အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အခကြေးငွေပေး၍ အသုံးပြုမည်ဟု သက်ဆိုင်ရာ အာဏာပိုင်တို့က ကတိပေးထားကြောင်း ရွာသားများထံမှ သိရသည်။

ယခု စတင်လိုက်သည့် စီမံကိန်းသည် ဆိပ်ကမ်းတည်ဆောက်ရေးအပါအဝင် ထိုင်းနိုင်ငံ ကန်ချနဘူရီ-ထားဝယ် နယ်စပ်ဖြတ်ကျော် လမ်းပိုင်းလည်း ပါဝင်ကြောင်း ထိုလုပ်ငန်းခွင်မှ လက်ထောက်အင်ဂျင်နီယာတဦးက အတည်ပြု ပြောကြားသည်။

“စက်မှုနဲ့ပညာပိုင်းကတော့ ထိုင်းက အားလုံးချပေးထားတယ်။ အခု စက်ယန္တရားကြီးတွေကို နယ်စပ်နဲ့ပင်လယ်ကနေ ထိုင်းက ပို့ပေးနေပြီး လုပ်ငန်းတချို့ စတင်နေပြီ” ဟု အဆိုပါ အင်ဂျင်နီယာက ပြောကြားသည်။

ထိုင်းဘတ်ငွေ (၂) ဘီလီယံကျော် ကုန်ကျမည့် ထိုစီမံကိန်းအတွက် ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက်လေ့လာခဲ့ပြီး ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် ကန်ချနဘူရီမြို့မှ ကီလိုမီတာ (၁၃၀) ကျော် ရှည်လျားသည့် ကားလမ်းပိုင်း ဖောက်လုပ်ပေးသွားရန် ၂၀၀၈ ခုနှစ် မေလတွင် ထိုင်းအစိုးရက မြန်မာစစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပြီးစီးသွားပါက ထိုင်းနိုင်ငံသာမက နောက်ပိုင်းတွင် တရုတ်၊ လော၊ ဗီယက်နမ်နိုင်ငံအပါအ၀င် ဥရောပနှင့် အနောက်နိုင်ငံတို့မှ ကုန်စည်များကို မလက္ကာကျွန်းဆွယ်ဒေသနှင့် စင်ကာပူနိုင်ငံကို ဖြတ်သန်း၍ ကုန်စည်သယ်ယူခြင်းထက် မြန်မာနိုင်ငံ ရေနက်ဆိပ်ကမ်းမှတဆင့် လျင်မြန်ချောမွေ့စွာ ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း အောင်မြင်နိုင်ရန် ထားဝယ်ဒေသရှိ ပြည်သူတို့အပေါ် မြန်မာစစ်အစိုးရက ပိုမို၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လာမည်ကို လူ့အခွင့်အရေး စောင့်ကြည့်သူတို့က စိုးရိမ်နေကြသည်။

“ထားဝယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဖြတ်တဲ့လမ်းကြောင်းက ကေအန်ယူ တပ်မဟာ (၄) တည်ရှိတဲ့ ဒေသဖြစ်တယ်။ အဲဒီဒေသမှာ နအဖက စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်နိုင်သလို ဒေသခံတွေကိုလည်း လိုအပ်သလို ပြောင်းရွှေ့ခိုင်းတာတို့၊ လူ့အခွင့်အရေး ချိုးဖောက်တာတို့တွေ ပိုမိုလုပ်ဆောင်လာမှာ စိုးရိမ်ရတယ်” ဟု ပြည်တွင်းမှ လူ့အခွင့်အရေး စောင့်ကြည့်နေသူ တဦးက ပြောကြားသည်။

ထားဝယ်-ကန်ချနဘူရီ ကုန်းတွင်းပိုင်း နယ်စပ်ဖြတ်ကျော်လမ်းကြောင်းသည် အာရှလမ်းမကြီးစီမံကိန်း၏ တစိတ်တပိုင်း၌ ပါဝင်သည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook