ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အင်းစိန် စီအိုင်ဒီဝင်း ဆိုင်ခန်း (၁ဝဝ) ကျော် ဖျက်သိမ်း
မျိုးဝင်းဇော်/ ၉ မတ် ၂ဝ၁ဝ

line

 

ယခုလဆန်းမှစပြီး ရန်ကုန် အင်းစိန် စီအိုင်ဒီဝင်း ပတ်ပတ်လည် ဘုရင့်နောင်လမ်းမကြီးနှင့် အင်းစိန်ဘူတာရုံလမ်း ဘေးတလျှောက်ရှိ ဆိုင်ခန်း (၁၀၀) ကျော်ကို အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ဖြိုချဖျက်ဆီးနေကြောင်း ဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ဆိုင်ပိုင်ရှင်တဦးက “ကျမတို့ရဲ့ ဆိုင်ခန်းဟာ အုတ်နဲ့အခိုင်အမာ ဆောက်ထားပြီး ဝယ်ထားတာ (၁ဝ) နှစ်ကျော်ရှိပြီ။ ခု သက်ဆိုင်ရာကနေ ဘာအကြောင်းပြချက်မှ မပေးဘဲ ဆိုင်ခန်းတွေအားလုံး ဖေဖော်ဝါရီလကုန် ဖျက်ပေးရမယ်လို့ ပြောတယ်။ ဘာလျော်ကြေးမှလည်း မပေးဘူး၊ ဘယ်မှာမှလည်း ပြန်ပြီး နေရာချပေးတာ မရှိဘူး။ တချို့ မတ်လရောက်တဲ့အထိ မဖျက်တော့ သူတို့က ခိုင်းတဲ့သူတွေကိုယ်တိုင် ဝင်ဖျက်ကြတယ်။ ခုလို လုပ်လိုက်တော့ ရာနဲ့ချီတဲ့ မိသားစုဝင်တွေ၊ သူတို့ကို မှီခိုနေသူတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ဒုက္ခရောက်ကြတော့မယ်။ ကျမတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

အဆိုပါ ဆိုင်ခန်းများကို ယခင်က အင်းစိန်စီအိုင်ဒီရုံး တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ယာယီဆိုင်ခန်းလေးများအဖြစ် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားခြင်းဖြစ်ကာ နောက်ပိုင်း မြို့ပြအင်္ဂါနှင့်လျော်ညီရန် အုတ်တိုက်ဆိုင်ခန်းများအဖြစ် ကိုယ်ထူကိုယ်ထ ငွေကုန်ကြေးကျခံ တည်ဆောက်ခဲ့ကြပြီး ဆိုင်ခန်းပိုင်ရှင်များက စီအိုင်ဒီရုံး တာဝန်ရှိသူတို့ကို လစဉ် ဆိုင်လခ ပေးကြရသည်။

ဆိုင်ခန်း စတင်ဆောက်စဉ်က တခန်းလျှင် ကျပ် (၂) သောင်းခန့်သာ တန်ကြေးရှိသော်လည်း ယခုအခါ တခန်းလျှင် ကျပ်သိန်း (၂ဝ) မှ (၃ဝ) ကြားအထိ တန်ကြေးရှိနေပြီဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့ခံတဦးက “နဂိုကလည်း ဒီဆိုင်ခန်းတွေဟာ ဒီအစိုးရ လက်ထက်မှာပဲ ခွင့်ပြုချက်နဲ့ ဆောက်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်စားခဲ့တာ။ အခု ဒီအစိုးရကပဲ ပြန်ဖျက်သိမ်းတယ်။ နောက် ပြန်လည်နေရာချထား ပေးတာမျိုးလည်း မရှိဘူးဆိုတော့ ဒီမိသားစုဝင်တွေ ဘာလုပ်စားကြမလဲ။ ပျံကျဈေးသည်တွေ လုပ်ကြမယ်။ တချို့ ကာရာအိုကေဆိုင်တွေမှာ အလုပ်လုပ်ကြမယ်။ တချို့ ပြည့်တန်ဆာတွေ ဖြစ်လာမယ်၊ တချို့ ထိုင်းဘက်ကိုသွားပြီး အလုပ်လုပ်စားကြလိမ့်မယ်” ဟု ပြောသည်။

အင်းစိန်ဘူတာရုံလမ်းဘက် မျက်နှာချင်းဆိုင်တွင် အင်းစိန်အကျဉ်းဦးစီးဌာနပိုင် ဈေးဆိုင်ခန်းများ ရှိနေပြီး အဆိုပါ ဆိုင်ခန်းများလည်း ဖျက်သိမ်းခံရမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ဆိုင်ခန်းဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသူများ စိတ်မချမ်းမြေ့ ဖြစ်နေကြကြောင်းလည်း အင်းစိန်မြို့ခံများက ပြောပြကြသည်။

အဆိုပါ အင်းစိန်စီအိုင်ဒီဝင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တဦးအား ရောင်းချထားပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မည်သူ့ကို ဈေးနှုန်းမည်မျှဖြင့် ရောင်းချခဲ့သည်ကိုမူ မသိကြရသေးပေ။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook