ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မီတာမသုံးသော တက္ကစီများ ဖမ်းဆီးကြောင်း အသိပေး
တက်လူ/ ၉ မတ် ၂ဝ၁ဝ

line

 

ရန်ကုန်တွင် မီတာကိုအသုံးမပြုသော စီအန်ဂျီ တက္ကစီများကို အမှန်တကယ် အရေးယူမှု ပြုလုပ်သည်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရုံးက ပြည်တွင်းသတင်းမီဒီယာများကို ခေါ်ယူပြောကြားကြောင်း သိရသည်။

မီတာအသုံးမပြုသည်ကို ယာဉ်ထိန်းတပ်ဖွဲ့က စစ်ဆေးတွေ့ရှိလျှင်သော်လည်းကောင်း၊ ခရီးသည်က မီတာဖြင့် အသုံးမပြုသည်ကို တိုင်လျှင်သော်လည်းကောင်း ဖမ်းဆီးခြင်းဖြစ်သည်ဟု အဆိုပါ ရန်ကုန်တိုင်း ကြိုးမဲ့၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး၏ တာဝန်ရှိသူက ပြောသည်။

ယင်းသို့အရေးယူရာတွင် ပထမအကြိမ် ကျူးလွန်ပါက ဒဏ်ငွေ (၁၁,၅၀၀) ကျပ်နှင့် ယာဉ်မောင်းလိုင်စင် (၁) လ ပိတ်သိမ်းခြင်း၊ ဒုတိယအကြိမ် ကျူးလွန်ပါက ဒဏ်ငွေ (၃၁,၅၀၀) ကျပ်နှင့် ယာဉ်မောင်းလိုင်စင် (၃) လ ပိတ်သိမ်းခြင်း၊ တတိယအကြိမ် ကျူးလွန်ပါက စီအန်ဂျီ ထုတ်ယူခွင့် (၁) လ ပိတ်သိမ်းခြင်း (သို့မဟုတ်) လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းနှင့် တက္ကစီမှာ (ကက, ခခ) ဖြစ်နေပါက စီအန်ဂျီ (၂) လ ပိတ်သိမ်းခြင်းတို့ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ယာဉ်မောင်းလိုင်စင်ပိတ်တယ်ဆိုတာ ဒဏ်ဆောင်ပြီးတဲ့နေ့ကစပြီးတော့ ပိတ်တာ ဖြစ်တယ်။ စပြီးတော့ ဖမ်းတဲ့နေ့က စတာမဟုတ်ဘူး။ ဒါ့ကြောင့် ဒဏ်ငွေကိုဆောင်ဖို့ နောက်ကျနေရင် လိုင်စင်ပိတ်တဲ့ရက် ပိုကြာနိုင်ပါတယ်” ဟု ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါရုံး၏ စာရင်းများအရ ၂၀၁၀ ဇန်န၀ါရီလတွင် အစီးရေ (၃၉၇) စီး၊ ဖေဖော်ဝါရီလတွင် (၈၉) စီး၊ မတ်လဆန်းတွင် (၁၈) စီး ဖမ်းဆီးခဲ့ကြောင်း၊ ဒဏ်ငွေရိုက်သော အစီးရေမှာ ဇန်န၀ါရီလတွင် (၁၇၁) စီး၊ ဖေဖော်ဝါရီလတွင် (၈၆) စီးဖြစ်ကြောင်း သိရသည်။

ခရီးသည်တဦးက “လမ်းမှာ ပါရမီတက္ကစီကို တားပြီး မီတာနဲ့ သွားမယ်ပြောတဲ့အခါ မလိုက်ဘူးတဲ့။ ဒါနဲ့ ပါရမီကုမ္ပဏီ ဖုန်း ၅၄၁,၇၃၂ ကို တိုင်တော့ ကားပေါ် တက်စီးတာမှ မဟုတ်ဘဲတဲ့၊ မီတာကိုပြန်ပြီး စစ်ဆေးလို့မရဘူးတဲ့။ ဒါ့ကြောင့် အရေးယူလို့ မရဘူးတဲ့” ဟု ပြောသည်။

စီအန်ဂျီပြောင်းလဲပြီးသော စီးတီးတက္ကစီယာဉ်များကို မီတာတပ်ဆင်ရမည်ဟု အာဏာပိုင်များက ပြီးခဲ့သည့် ဇန်န၀ါရီ ၂၀၀၉ ခုနှစ် (၁) ရက်နေ့က ညွှန်ကြားခဲ့ပြီး LYNX, Aye Family, SAKURA, ASIA Value နှင့် Champion ကုမ္ပဏီတို့ထံတွင် တပ်ဆင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

တက္ကစီကားမောင်းသူတဦးက “ကျနော်တို့အားလုံး မီတာတပ်တယ်ဆိုတာက အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက တပ်ပေးတဲ့ မီတာတွေကို ကျပ် (၂) သိန်းနဲ့ တပ်ရမယ်၊ မတပ်ရင် လိုင်စင်သက်တမ်း တိုးမပေးဘူး။ တက္ကစီ ပြေးဆွဲခွင့် လိုင်စင်ရုပ်သိမ်းမယ်၊ ဖမ်းဆီးပြီး ဒဏ်ရိုက်မယ် စသဖြင့် အတင်းအကျပ် တပ်ခိုင်းလို့ တပ်ရတာ” ဟု ပြောသည်။

ယာဉ်ပိုင်ရှင်ထံမှ တနေ့လျှင် ကျပ် (၁၅,၀၀၀) ဖြင့် ငှားကာ မောင်းရသော ယာဉ်မောင်းများအနေဖြင့် တွက်ခြေမကိုက်သဖြင့် မီတာဖြင့်မဆွဲဘဲ ခရီးသည်နှင့် ဈေးညှိနှိုင်းကာ ပြေးဆွဲကြကြောင်း၊ ရန်ကုန်မြို့ရှိ ပါရမီတက္ကစီအချို့မှာမူ တွက်ခြေကိုက်ရန် မီတာခိုး၍ ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ခံများက ပြောပြသည်။

ယခုအခါ ရန်ကုန်တွင် စီးတီးတက္ကစီစီးရေ (၁၅,၅၀၀) ကျော်ရှိသည့်အနက် စီအန်ဂျီပြောင်းလဲပြီး ယာဉ်မှာ (၁၂,၂၀၀) ကျော် ရှိကြောင်း၊ ယင်းတွင် မီတာတပ်ဆင်ပြီးယာဉ် (၉,၈၀၀) ရှိကြောင်း သိရသည်။

 


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook