ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မင်းနိုင်သူ / ၁၉ မေ ၂၀၀၉

line

 

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်စပ်လျဉ်းသည့် သတင်းကို နအဖစစ်အစိုးရသတင်းစာများက ယနေ့ထည့်သွင်း ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားခံဟု သုံးနှုန်းရေးသားထားသည့်အတွက် ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက စိတ်ဆိုးဒေါသထွက်နေကြကြောင်း သိရသည်။

ပြည်တွင်းအမျိုးသမီးသတင်းထောက်တဦးက “ဒေါသဖြစ်နေကြတယ်လေ။ သတင်းစာဝယ်ဖတ်ပြီး ပြောဆိုနေကြ တာပေါ့။ အမှုမစစ်ရသေးခင် တရားခံလို့ သုံးနှုန်းထားတာကို မကျေနပ်ကြဘူး။ စာနယ်ဇင်းကျင့်ဝတ်အရကလည်း ဒါမျိုးမရေးရဘူးဆိုတာ ကျမတို့လို သတင်းထောက်ငယ်တွေတောင် သိပါတယ်” ဟု ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများ၏ နောက်ကျောဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်အမှုသတင်းကို ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားခံဟု ခေါ်ဝေါ်သုံးစွဲထားသည်။

ယင်းကဲ့သို့ သုံးစွဲရေးသားမှုနှင့်စပ်လျဉ်း၍ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက “တရားရုံးက ပြစ်ဒဏ်စီရင်ခြင်း မပြုသေးမီမှာ မည်သည့်လူတဦးတယောက်ကိုမျှ တရားခံလို့ သုံးစွဲရေးသားလို့မရပါဘူး။ တရားရုံးကို မထီမဲ့မြင်ပြုရာ လည်း ရောက်တယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ရေးရင် စွပ်စွဲသူ စွပ်စွဲခံရသူ ဒီလိုပဲရေးရမှာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွပ်စွဲခံရသူလို့ပဲ သုံးနှုန်းရမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့ကြောင်း သတင်းကို နအဖစစ်အစိုးရသတင်းစာများက မေ (၇) ရက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

“အဲဒီရေကူးဝင်ရောက်တဲ့ သတင်းတုန်းကတော့ ဖော်ပြလို့ရတယ်။ တခြားဒီအမှုနဲ့ ပတ်သက်ပြီး သိထားရတာတွေ တော့ ရေးလို့မရဘူး။ စိစစ်ရေးက ပယ်တယ်။ အခုဒီနေ့ သူတို့သတင်းစာမှာ ရေးလာပြီဆိုတော့ ဒီသတင်းကို စိစစ်ရေး တင်ကြည့်ရမှာပဲ။ တင်လို့ လွတ်လည်း သတင်းစာမှာပါသလောက်ပဲ ပြန်ရေးလို့ရမှာပဲ။ ခက်တာက သတင်းစာကို ကိုးကားရေးနေကြရတော့ အခုသတင်း ပြန်ကိုးကားကြရင် ဘယ်ဂျာနယ်က စာနယ်ဇင်း ကျင့်ဝတ်ဖောက်မိကြဦးမလဲ မသိဘူး။ သတင်းစာမှာက ဒေါ်စုကိုတရားခံလို့ သုံးထားတော့ အဲဒီအတိုင်း ကိုးကားမိတဲ့ ဂျာနယ်တွေတော့ သွားမှာပဲ” ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အမှုစွဲဆိုချက်ကို ပြည်သူလူထုအား ကြားနာခွင့်မပြုသည့်အပြင် နအဖစစ်အစိုးရသတင်းစာများက တရားစီရင်ရေးလမ်းကြောင်းကို ကြိုချပြနေသည့် အရေးအသားများကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုမိုစိုးရိမ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook