ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၁၉ မေ ၂၀၀၉

line

 

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူ (၃) ဦးကို ယမန်နေ့က စတင် ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အကျဉ်း ထောင်ရှေ့၌  စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အရန်အတားများနှင့် ပိတ်ဆို့ထားရာ အနီးတွင် ယနေ့လည်း အန်အယ်လ်ဒီပါတီဝင်များနှင့် ပြည်သူအချို့သွားရောက်စုရုံးစောင့်ဆိုင်းခဲ့ကြသည်။

ယနေ့ နေ့လယ် အင်းစိန်ထောင်အနီးသွားရောက်ခဲ့သူတဦးက “ကျမ မနေ့ကလည်း ရောက်ပါတယ်။ မနေ့က စုပြီး ထိုင်နေကြတဲ့ နေရာမှာပဲ ခန့်မှန်းခြေ လူ (၂၀၀) ကျော်လောက် စုပြီး ထိုင်နေကြတာတွေ့တယ်။ အန်အယ်လ်ဒီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကိုလည်း တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲမှာ စစ်ဆေးလို့ လာစုကြတယ် ဆိုပေမယ့် ဆိုင်းဘုတ်ကိုင်တာ၊ အော်ဟစ်ကြွေးကြော်တာ ဘာတခုမှ မလုပ်ကြဘူး။ ငြိမ်းငြိမ်းချမ်းပဲ ထိုင်နေကြတာ၊ အသံတိတ် ဆန္ဒထုတ်ဖော်ပြသတဲ့ သဘောပေါ့။ အာဏာပိုင် အဖွဲ့အစည်းကလို့ ယူဆရတဲ့ လူတွေက မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ ဓာတ်ပုံရိုက်တာ။ ဗွီဒီယိုရိုက်တာ တွေ့နေ သိနေပေမယ့် ဘာမှ ဂရုမစိုက်ကြဘူး။ အေးအေးချမ်းချမ်းပဲ” ဟု ပြောသည်။

အဆိုပါ ဧရိယာတ၀ိုက် လုံထိန်းတပ်ဖွဲ့ဝင်များကို နေရာစိပ်စိပ် ချထားသော်လည်း ၀င်ထွက်သွားလာနေသူများကိုမူ တစုံတရာ အနှောင့်အယှက် မပေးကြောင်း သိရသည်။

လုံခြုံရေးကို ယမန်နေ့ထက် နှစ်ဆမျှ တိုးမြှင့်ထားပြီး စွမ်းအားရှင်နှင့် ပြည်ခိုင်ဖြိုးတို့ဖြင့် ထပ်မံအားဖြည့်ထားသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

ကားလမ်းကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး မြို့တွင်းမှ ကားအားလုံးလိုလို ပန်းခြံအနီး ခုံးကျော်တံတားမှ တက်ခွင့်မရဘဲ အခြားလမ်းမှသာ ကွေ့ပတ်မောင်းနေကြရဆဲ ဖြစ်သည်။

ရန်ကုန်မြို့တွင်း ဘတ်စ်ကားဂိတ်တို့တွင် ချထားသည့် လုံခြုံရေးများ အနည်းငယ် လျော့သွားသော်လည်း ဟံသာဝတီအ၀ိုင်းအနီး ပြည်လမ်းမပေါ်၌ လုံထိန်းကား (၆) စီး၊ ရန်ကုန်မြို့လယ် ၀န်ကြီးများရုံးဟောင်းအတွင်း၌ လုံထိန်းကား (၁၀) စီးခန့်၊ ဗိုလ်ချုပ်ဈေးအနီး ဂရင်းမီးရထား ဟိုတယ်ဝင်းအတွင်း (၁) စီး စသဖြင့် မြို့အနှံ့ အသင့်အနေအထား ဖြန့်ထားကြောင်း မြို့ခံများက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးတင်စစ်ဆေးသည့်သတင်းကို (၁၈) ရက်နေ့ည အစိုးရပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတို့တွင် ကြေညာခဲ့ပြီး (၁၉) ရက်နေ့ မနက် သတင်းစာများတွင်လည်း ဖော်ပြခဲ့သည့်အတွက် ပြည်သူများ အထူးစိတ်ဝင်စားကာ သတင်းစာများ အရောင်းသွက်ခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့ခံတဦးက “သတင်းစာမှာ ဖတ်ကြည့်တော့ ဒီ အမေရိကန်နိုင်ငံသား မစ္စတာ ရက်တောဟာ ၂၀၀၈ နိုဝင်ဘာ (၃၀) ရက်နေ့တုန်းကလည်း ဒီလိုပဲ ရေကူးဝင်ရောက်ခဲ့တာလို့ ရေးထားတယ်။ ဒီတော့ စစ်အစိုးရက အဲဒီ အမေရိကန် ၀င်လာနိုင်အောင် ဗီဇာပေး၊ တမင် အကွက်ဆင်တယ်ဆိုတာ မှန်နေပြီပေါ့” ဟု ပြောသည်။

အဆိုပါ မြို့ခံကဲ့သို့ပင် အခြားသော ပြည်သူများအကြား၌လည်း အလားတူ ထင်မြင်ယူဆချက်များကို ပြောဆိုနေ ကြကြောင်း သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook