ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 


NEJ / ၂၉ မေ ၂၀၀၉

line

 

နအဖစစ်အစိုးရ၏ တရားစီရင်ရေးစနစ်သည် ပြည်တွင်းပြည်ပ ဥပဒေများအား ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း အန်အယ်လ်ဒီပါတီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တို့အား မစစ်ဆေးမီ ရှေ့နေများနှင့် ညှိနှိုင်းဆွေးနွေးရန် လုံလောက်သော အချိန်ကို အစိုးရဘက်က မပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁၅/၀၅/၀၉ ပထမအပိုဒ်တွင် ဖော်ပြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကို ၎င်းတို့၏ သက်သေများအဖြစ် စာရင်းတင်ခဲ့သော်လည်း ကျန်(၃) ဦးကို ပယ်ချလိုက်ပြီး ဦးကြည်ဝင်းတဦးတည်းသာ သက်သေထွက်ခွင့်ရခြင်းမှာ ခုခံချေပခွင့် အပြည့်အ၀မရခြင်း ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။

တရားရုံးက တရားစွဲဆိုသူ တရားလိုအတွက် တရားလိုပြသက်သေ (၁၅) ဦးကို စစ်မေးခွင့်ပြုခဲ့သည်။

အမှုကိစ္စတရပ်တွင် စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ ရှေ့နေနှင့် ညှိနိုင်းဆွေးနွေးရန် အချိန်အလုံအလောက် ပေးရကြောင်း၊ စွပ်စွဲခံရသူဘက်က ပြသသော သက်သေများကိုလည်း စစ်မေးခွင့်ပြုရကြောင်း၊ သို့မှသာ ခုခံချေပခွင့် ပေးသည်ဟု ဆိုနိုင်ကြောင်း ပါတီကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအချက်များကို မပေးအပ်ခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၁ (၁) ပါ အချက်များနှင့် နအဖ၏ ဥပဒေအမှတ် - ၅/၂၀၀၀ ဖြစ်သည့် “၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ” ၏ တရားစီရင်ရေးဆိုင်ရာမူ ပုဒ်မ ၂ (စ) ပါ အမှုတွင် ခုခံချေပခွင့်ပေးခြင်းဆိုသည့် အချက်များကို ချိုးဖောက်နေကြောင်း အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo