ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၈ မေ ၂၀၀၉

line

 

အာရှနိုင်ငံများသည်  A(H1N1) တုပ်ကွေးကို မျက်ခြည်မပြတ် စောင့်ကြည့်ကြရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က သတိပေးပြောကြားလိုက်သည်။

အဆိုပါ တုပ်ကွေးရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ပါဝင်သည့် အာရှ (၁၃) နိုင်ငံမှ ကျန်းမာရေးထိပ်တန်း အရာရှိများ တက်ရောက်သည့်အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ကီဂျီဖူကူဒါက ယင်းသို့ပြောကြားခြင်းဖြစ်သည်။

A(H1N1) တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် ၁၉၁၈ ခုတွင် ဖြစ်ပွားသည့် စပင်းနစ်ခ်ျ တုပ်ကွေး (Spanish flu) ကဲ့သို့ မပြင်းထန်သော်လည်း ယင်းတုပ်ကွေးပုံစံအသွင်တူမျိုး ဖြစ်ပေါ်လာနိုင်ကာ ယခုနှစ်အတွင်း ပိုမိုပြင်းထန်လာ နိုင်သည်ဟုလည်း ဖူကူဒါက ပြောသည်။

“အာရှနိုင်ငံတွေအနေနဲ့  ဒီတုပ်ကွေးရောဂါပိုးကို အမြဲသတိထား စောင့်ကြည့်နေကြဖို့ အရေးကြီးပါတယ်။ ဒါမှ ပြောင်းလဲဖြစ်ပေါ်မှုတွေကို ဆက်လက်ပြီး ထိရောက်စွာကိုင်တွယ် လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်” ဟု ဂျနီဗာမှ ပေးပို့သည့် ဗီဒီယိုမှတဆင့် ဖူကူဒါက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဗိုင်းရပ်ပိုး၏ဖြစ်စဉ်အခြေအနေကို ထိန်းချုပ်နိုင်ရန် မလွယ်ကူသဖြင့် အာရှနိုင်ငံများအနေဖြင့်  ကြိုတင် ပြင်ဆင်မှု အစီအစဉ်များကို အသေအချာ လုပ်ဆောင်ထားသင့်သည်ဟုလည်း ၎င်းက ထပ်မံသတိပေးလိုက်သည်။ 

မေ (၆) ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းအရ နိုင်ငံ (၂၃) ခုတွင် A(H1N1) တုပ်ကွေးလက္ခဏာ တွေ့ရှိသူပေါင်း (၁,၈၉၃) ဦးရှိပြီး သေဆုံးသူ (၃၁) ဦး ရှိကြောင်း သိရသည်။

 အာရှ (၁၃) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများသည် A(H1N1) တုပ်ကွေး တားဆီးနိုင်ရေးအတွက် မည်သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို ယနေ့ ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။

SARS ရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးသည့် အာရှနိုင်ငံများသည် နိုင်ငံတကာလေဆိပ်များတွင် အပူချိန်တိုင်းကိရိယာများ တပ်ဆင်ခြင်းမှအစ ခရီးသည်များအား အနီးကပ်စောင့်ကြပ်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

သို့သော် တုပ်ကွေးအန္တရာယ်ကို သတိထားကြရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လှုံ့ဆော်ထားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook