ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - -ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ ငြင်းဆို မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ (သတင်းသုံးသပ်ချက်) ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း
 


quote
 
 

လှိုင်သာယာ လေဘေးဒုက္ခသည်များထံ နိုင်ငံတကာအကူအညီမရောက်
ပီတာအောင်/ ၁၂ မေ ၂၀၀၈
line

  hty
လေဘေးကြောင့် ၀မ်းစာအခက်ကြုံနေရသည့် ရန်ကုန်မြို့စွန် တနေရာရှိ လူထု
 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းရှိ လေဘေးဒဏ်ခံရသည့် နေအိမ်များ အချိန်မီ ပြန် မဆောက်လုပ်နိုင်မီ မိုးရွာနေသဖြင့် လေဘေးဒုက္ခသည်များ နေစရာမရှိဘဲ ဒုက္ခရောက်နေရ သည်ဟု ဒေသခံများက ပြောသည်။

လှိုင်သာယာ (၁၈) ရပ်ကွက်တွင် နေထိုင်သူတဦးက “ကျနော်တို့ လှိုင်သာယာမြို့နယ် တမြို့နယ် လုံးမှာ အိမ်ခြေပေါင်း (၁) သောင်းနီးပါးလောက် ပြိုလဲကျသွားတယ်။ ပြိုလဲကျသွားတဲ့ နေရာ တွေမှာ လူတွေ ဒုက္ခတွေ အကြီးအကျယ် ဖြစ်နေတယ်။ ညကဆို ဒီမှာ မိုးရွာတယ်၊ မိုးရွာတော့ ပြန်မဆောက်နိုင်တဲ့ အိမ်တွေကလူတွေ  တာပေါ်မှာ အိပ်နေတာ  မိုးရွာတော့ ဈေးဆိုင်ခန်းလေး တွေထဲ ၀င်ပုန်းပြီးနေရတော့ အရမ်းဒုက္ခ ရောက်တယ်” ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း လေဘေးဒုက္ခဒဏ် ဆိုးဆိုးဝါးဝါးခံနေရသည့် နေရာများမှာ ရပ်ကွက် အမှတ် (၁၈၊ ၁၉၊ ၂၀) ရွှေလင်ပန်းရပ်ကွက်နှင့် မကြာသေးခင်က မီးဘေးသင့်ခဲ့သည့် ရေဥက္ကံရပ် ကွက်တို့ဖြစ်ပြီး ရပ်ကွက်နေလူထုမှာ အစားအစာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။

လှိုင်သာယာ ရေဥက္ကံ အလုပ်သမားရပ်ကွက်တွင် နေထိုင်သူတဦးက “လုပ်ငန်းတွေ ရပ်ဆိုင်းနေ တယ်။ စားသောက်ကုန်ဈေးတွေ မြင့်လာတယ်၊ ၀င်ငွေမရှိတော့ လာပေးတဲ့လူ မျှော်နေရတယ်။ ဆန်ပြုတ်တိုက်တယ်ဆို ဆန်ပြုတ်တိုက်တာကို သွားသောက်ရတယ်။  ထမင်းကြွေးရင် သွားစားရ တယ်။ အဲလိုမျိုး ဖြစ်နေတယ်။ နိုင်ငံတကာအကူညီတွေ လူထုဆီကို လုံးဝရောက်မလာဘူး” ဟု ပြောသည်။

(၁၈) ရပ်ကွက်နေ ပြည်သူလူထု သုံးဆွဲရန် ချပေးထားသည့် ဒီဇယ်ဆီပေပါ (၃) ပေပါကို ရယက ဥက္ကဋ္ဌက ကျပ်ငွေ (၃) သိန်းခွဲဖြင့် ရောင်းစားပစ်လိုက်ကြောင်း၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက သွတ် လျှောက်လွှာတစောင်လျှင် ကျပ်ငွေ (၅၀၀) ဖြင့် လျှောက်လွှာများ တင်ခိုင်းသော်လည်း သွတ်ချပေးခြင်း မရှိသေးကြောင်း သိရသည်။

လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီများ ပေးပို့နေသည်ဟု  ကြားသိရသော် လည်း လုံးဝမြင်တွေ့ရခြင်း မရှိသေးကြောင်း၊ လတ်တလော ဆန်တပြည်၊ ဆီ (၂) ကျပ်ခွဲသားနှင့် ဖယောင်းတိုင် (၁) တိုင်သာ အကူအညီ ရရှိကြောင်း လှိုင်သာယာ (၈) ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

၎င်းက “၀န်ကြီးချုပ်သိန်းစိန် လာသွားတယ်။ သူလာတော့ စွမ်းအားရှင်နဲ့ ကြံ့ဖွံ့တွေက ကယ်ဆယ် ရေး တဲတွေဆိုပြီး အလုံး (၄၀) လောက်ထိုးချလိုက်တယ်။ ဆန်အိတ် လေးငါးအိတ် ပုံထားလိုက် တယ်။ သိန်းစိန်လည်း ပြန်သွားရော အကုန်လုံး ဖြုတ်ယူသွားရော။ နိုင်ငံတကာအကူအညီတွေ လုံးဝမရောက်ဘူး။ စေတနာရှင်တွေ လာလှူတာတောင်မှ  မနေ့ကဆို ရုပ်ရှင်မင်းသား မင်းသမီး
တွေ လာလှူကြတယ်ဗျ။  ဒီမှာ ကြံ့ဖွံ့တွေ၊ ရယကတွေက သူတို့ကို ပေးရမယ်ဆိုလို့ အကုန်လုံး ပြန်ယူသွားလို့ လူထုမှာ ဘာမှမရဘူး” ဟု ပြောသည်။

မြန်မာစစ်အစိုးရကမူ  နိုင်ငံတကာ အကူအညီများ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပုံနှင့် စစ်သား များက လက်ခံ သယ်ယူနေပုံတို့ကို မြန်မာရုပ်မြင်သံကြားမှ အဆက်မပြတ် ထုတ်လွှင့်ပြသလျက် ရှိသည်။      ။

 

job
job
job
job
job
job
News Photo
sayartinmoe
KPP_ads