ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - -ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ ငြင်းဆို မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ (သတင်းသုံးသပ်ချက်) ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း
 


quote
 
 

ကွန်းခြံကုန်းမြို့နယ်မှ မုန်တိုင်းသင့်ကျေးရွာများ
အစိုးရအကူအညီ မရသေး

NEJ/ ၁၂ မေ ၂၀၀၈
line

 

toeriver
တိုးမြစ်ကမ်းဘေး တင်နေသည့် အလောင်းတလောင်း

ရန်ကုန်နှင့် မိုင် (၃၀) ကျော်ခန့်သာ ဝေးသည့် ရန်ကုန်တဘက်ကမ်း ကွန်းခြံကုန်းမြို့နယ်အတွင်းရှိ နာဂစ်လေမုန်တိုင်းသင့် ကျေးရွာများတွင် အစိုးရ၏ ကယ်ဆယ်ရေး အထောက်အပံ့အကူအညီများ မရရှိသေးဘဲ ၀မ်းရောဂါ စတင်ဖြစ်ပွားနေပြီဟု သိရသည်။

ကွန်းခြံကုန်းမြို့နယ်တွင်းရှိ ကွန်းခြံကုန်းမြို့နှင့် (၃) မိုင်ခန့်ဝေးသည့်  ကျွန်းချောင်း၊ ခရမ်း၊ တော ကြီး၊ တော်ခရမ်း (အရှေ့၊ အနောက်)၊ သုံးခွ စသည့် တိုးမြစ်နဘေးရှိ ရွာများမှ လေမုန်တိုင်းသင့် သူများသည် အိမ်အပျက်အစီး၊ အစားအသောက် မည်သည့် အကူအညီ အထောက်အပံ့မျှ မရ သေးကြောင်း ယမန်နေ့၌ သွားရောက် အကူအညီပေးခဲ့သည့် ပုဂ္ဂလိက စုပေါင်း စေတနာရှင်များ အဖွဲ့မှ မျက်မြင်သူတဦးက ပြောသည်။

၎င်းက “မနေ့ကမှ ကျနော်တို့ ယူသွားတဲ့ အကူအညီ စရတာ။ ရွာက လူတွေက အိမ်အပျက်အစီး ပြင်ဖို့လည်း ဘာမှ အထောက်အပံ့ မရှိဘူး၊ အစားအသောက်လည်း ဘာမှ အထောက်အပံ့ မရ သေးဘူး။ ကျွန်းချောင်းရွာမှာ အခုဆို ၀မ်းရောဂါစဖြစ်နေပြီ။ (၇) အိမ် လောက်ရှိနေပြီ။ ကလေး
တွေ စဖြစ်နေပြီ။ အဲဒီအိမ်တွေမှာ ဓာတ်ဆားထုပ်လည်း မရှိဘူး၊ ၀မ်းပိတ်ဆေးလည်း မရှိဘူး” ဟု ပြောသည်။

အဆိုပါရွာများတွင် အိမ်နှင့်လယ်များ ပျက်စီးကာ သောက်ရေတွင်းများမှာ ပင်လယ်ရေငံ ၀င်နေ သောကြောင့် ပျက်စီးနေကြောင်း၊ ထိုရွာများမှ စုံစမ်းရသမျှ လူအသေအပျောက်မှာ (၃၀၀) ကျော်ခန့်ရှိပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများမှာ (၄,၀၀၀) ခန့်ရှိကြောင်း ၎င်းက ပြောသည်။

“လုံးဝပြိုသွားပြီး မြေပေါ် ပြားပြားဝပ်သွားတဲ့ အိမ်တွေကျတော့ ဘာမှ မတတ်နိုင်ဘူး။ နီးစပ်ရာက
ဝိုင်းဝန်းပြီး ကြည့်နေကြရတယ်။ ပြန်လည်ပြင်ဆင်ရေးအတွက် အမိုးအကာတွေလည်း ဘာမှ မရောက်သေးဘူး။ အစားအသောက် ဆေးဝါးလည်း ဘာမှ မရောက်သေးဘူး။ ကုန်းမြင့်ဘေးမှာဆို အလောင်းတွေက တန်းစီနေတာပဲ။ လူသေကောင်တွေရော၊ နွားသေကောင်တွေ ကျွဲသေကောင် တွေရော၊  အဲဒီ အသေကောင်တွေလည်း ဘာမှကို မရှင်းနိုင်ဘူး။ အနံ့တွေက တော်တော်နံတာပဲ။ တိုးမြစ်ကမ်းစပ်မှာ တင်နေတာ မနေ့ကအထိ အထင်အရှား ရှိနေသေးတယ်” ဟု ၎င်းက ဆက် လက်ပြောပြသည်။

ကျွန်းချောင်းရွာမှ လေဘေးဒုက္ခသည်တဦးကလည်း “အခုထိ ရွာကို အကူအညီ မလာသေးဘူး။ အပျက်အစီးစာရင်းတော့ ကြည့်သွားတယ်။ အလောင်းတွေ ဘာမှမရှင်းနိုင်သေးဘူး။ သောက် ရေလည်း  ရေငံတွေဝင်နေတဲ့ ရေတွင်းထဲကရေကိုပဲ သုံးရတာ အနံ့အသက်မကောင်းဘူး၊ အစားအသောက်လည်း အခက်အခဲဖြစ်လာပြီ” ဟု ပြောသည်။

ယခုအခါ ကွန်းခြံကုန်းဘက်သို့ သွားသည့်ကားများမှာ ဇက်ဖြင့်ကူး၍မရဘဲ လှိုင်သာယာဘက်မှ ပတ်ကာ တွံတေးတံတားမှ သွားရကြောင်း၊ သို့သော် ကွန်းခြံကုန်း မြို့အ၀င်တွင် စစ်ဆေးရေး ဂိတ်ရှိပြီး ယင်းဂိတ်က လာသမျှကို စစ်ဆေးကာ နိုင်ငံခြားသားများဆိုလျှင် အလာမခံဘဲ ပြန် လွှတ်နေကြောင်း သိရသည်။

ပြည်တွင်းမှ ကိုယ့်အသိစိတ်ဖြင့်ကိုယ် စုပေါင်း လာရောက်လှူဒါန်းသူများ၏ ကားများကိုပင်လျှင်  “ဘယ်ကလဲ၊ ဘယ်သူ့ခွင့်ပြုချက် ယူထားလဲ၊ ဘယ်ကိုသွားမှာလဲ၊  လှူတဲ့ပစ္စည်းတွေက ဘာတွေလဲ ပြဆိုပြီး စစ်ဆေးပြီးတော့မှ လွှတ်တာ။ ကားတွေက လွယ်လွယ်ကူကူ ၀င်လို့မရဘူး” ဟု အဆိုပါ ကိုယ်တိုင်သွားရောက်ခဲ့သူက ပြောသည်။

ကွမ်းခြံကုန်းနှင့် ဒေးဒရဲအကြား လမ်းဘေးတလျှောက်တွင် လမ်းနှင့်အတော်ဝေးသည့်  လေမုန် တိုင်းထိသည့် ရွာများမှ လေဘေးသင့်သူများက လမ်းပေါ်ထွက်ပြီး ရန်ကုန်ဘက်မှလာ ကူသည့် စေတနာရှင်ကားများထံမှ အကူပစ္စည်းများ တောင်းခံနေကြသည်ဟုလည်း  သိရသည်။

“ကျနော်တို့သွားတာ စားစရာပါရင် ပေးခဲ့ပါ၊ သောက်ရေသန့် ပါရင် ပေးခဲ့ပါ၊ သောက်ရေဘူး ပါရင် ချခဲ့ပါဆိုပြီး အော်တောင်းနေကြတယ်။ သူတို့ရွာတွေကို စဖြစ်ပြီးတဲ့နောက် ဆန်တွေတော့ လာ ပေးတယ်ပေါ့၊  တအိမ်ကို နို့်ဆီဘူး နှစ်ဘူးလောက်ရတယ်။ (၉) ရက်အတွင်းမှာ (၂) ရက် လောက်ပဲ ရသေးတယ်တဲ့။  တခြား ကယ်ဆယ်ရေးပစ္စည်း အထောက်အပံ့ ဆေးဝါးတွေကတော့ ဘာမှမရ ဘူး” ဟု ကိုယ်တိုင် သွားရောက်ခဲ့သည့် အလှူရှင်တဦးက ပြောသည်။      ။

 

job
job
job
job
job
job
News Photo
sayartinmoe
KPP_ads