ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 
 

နာဂစ်မုန်တိုင်း မှတ်တမ်းစီဒီခွေ ရောင်းချ
NEJ/ ၁၆ မေ ၂၀၀၈
line

 

cdနာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၁၂) ရက်အကြာ မေ (၁၅) မှစပြီး  ဧရာဝတီတိုင်း လပွတ္တာနှင့်  ဘိုကလေး ဘက်မှ  မုန်တိုင်းဒဏ်ခံရသည့် အခြေအနေများကို ရိုက်ကူးထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများ ပါဝင်သည့် စီဒီများကို ရန်ကုန်မြို့လယ်တွင် စတင်ရောင်းချ နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

နအဖစစ်အစိုးရက ၎င်းတို့ပိုင် ရုပ်မြင်သံကြားများတွင် ဒေသတွင်းမှ တကယ့်အဖြစ်အပျက်များကို ပြသခြင်း မပြုဘဲ စစ်အစိုးရ အာဏာပိုင်များက လေဘေး ဒုက္ခသည်များအား မည်သို့ ကူညီနေသည် ဆို သည်များကိုသာ ပြသနေချိန်တွင် ယခုကဲ့သို့
တရားမ၀င် စီဒီများ ရောင်းချလာခြင်း ဖြစ်သည်။

အဆိုပါ စီဒီတချပ်ကို ကျပ် (၅၀၀) နှင့် ၀ယ်ယူခဲ့သူ ရန်ကုန်မြို့ခံတဦးက “လပွတ္တာဘက်က ပင်လယ်ကမ်းစပ်တလျှောက် လှေပေါ်က ရိုက်ထားတဲ့ ဗီဒီယိုပြကွက်မှာ ကမ်းစပ်အပင်တွေကြား က ပုပ်ပွပြီး မျှောပါနေတဲ့ လူသေအလောင်းတွေ၊ တိရစ္ဆာန် ကျွဲနွားအသေကောင်တွေ အများကြီး တွေ့ရတယ်။ နောက် ပျက်စီးနေတဲ့ အိမ်ယာတွေ၊ တဲတွေ၊  အသက်မသေ ကျန်ရစ်သူတွေ ဒုက္ခရောက်နေကြပုံတွေကိုလည်း တွေ့ရတယ်။ ဒီ စီဒီခွေကို ကြည့်လိုက်ရင် ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းကို ပြည်သူတွေ ဘယ်လောက်ခံလိုက်ရသလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း သိနိုင်ပါတယ်” ဟု ပြောသည်။

ရိုက်ကူးသူ အမည်မပါ၊ တည်းဖြတ်ထားခြင်း မရှိသည့် အဆိုပါ စီဒီခွေများကို မနေ့ကစပြီး ရန်ကုန်မြို့လယ်၊ မြေနီကုန်း၊ လှည်းတန်း၊ မရမ်းကုန်းမီးပွိုင့်နှင့် ဆင်ခြေဖုံးဈေးများတွင် ရောင်း ချနေကြောင်း သိရသည်။

နအဖ စစ်အစိုးရကမူ  ဧရာဝတီတိုင်းတွင် ပြည်သူများ အမှန်တကယ် ခံစားနေရမှုများကို ဖုံးကွယ် ထားလိုပြီး  မြန်မာ့ရုပ်မြင်သံကြား ညပိုင်းအစီအစဉ်များတွင် ပုံမှန်အချိန်များနှင့်မတူ (၁၅) မိနစ် တခါ  Breaking News ဆိုပြီး စစ်အစိုးရအာဏာပိုင်များက ကယ်ဆယ်ရေးပစ္စည်းများ ပေးနေ ပုံကို ထုတ်လွှင့်ပြသနေသည်။

ယမန်နေ့ကလည်း ပြည်တွင်းထုတ် သတင်းဂျာနယ် ထုတ်ဝေသူများကို  စာပေစိစစ်ရေးက ဖိတ် ခေါ်ပြီး လေဘေးကြောင့် ပြည်သူများ ဒုက္ခရောက်နေသည်ကို ဦးစားပေး မဖော်ပြဘဲ စစ်အစိုးရ အာဏာပိုင်များက ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပုံကိုသာ အသားပေး ဖော်ပြရန် ဖိအားပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီ့မတိုင်ခင်ကမူ Weekly Eleven, Flower News, The Voice, 7 Days News၊ မော်ဒန် စသည့် ပြည်တွင်းဂျာနယ်များက လေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေပုံများကို ကွက်ကွက်
ကွင်းကွင်း ရေးသားဖော်ပြခဲ့ကြပြီး  ပြည်သူများကလည်း အားပေးဖတ်ရှုကြကြောင်း သိရသည်။  

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo