English Page
archive
newspaper
journalarchive
photoalbum
bloglogo

Exchange Rate
US 1 $ = 1200 Ks
Thai Bht 1= 35.50 Ks
currency
19 August 2008


 
 

သရုပ်ဆောင် အကယ်ဒမီ ကျော်သူ ပါဝင်သော ဇာတ်ကားများ
ပြန်လည်ပြသခွင့် ရရှိ

NEJ/ ၃၀ မေ ၂၀၀၈
line

 

အကယ်ဒမီကျော်သူ ပါဝင်သော ဇာတ်ကားများ ပြန်လည် ပြသခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန်ပြောကြားသည်။

ကျော်သူ ပါဝင်သရုပ်ဆောင်ထားသော ဗွီဒီယိုနှင့် ဒီဗွီဒီဇာတ်ကားပေါင်း (၆၀) ကျော်ကို  နအဖက လွန်ခဲ့သည့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် ပြသခွင့် ပိတ်ပင်
ခဲ့ပြီး ဇာတ်ကား ရိုက်ကူးခွင့်ပါ တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နအဖက ပြန်လည်ပြသခွင့် ပေးလိုက်သည့်အတွက် ရုပ်ရှင်လောကသားများနှင့် ရုပ်ရှင် ထုတ်လုပ်သူများက ၀မ်းသာလျှက် ရှိကြကြောင်း ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိရေး အသိုင်းအ၀ိုင်းမှ သိရသည်။

“ဗွီဒီယို တကားကို ရိုက်ရင် ရင်းနှီးရတဲ့ ငွေပမာဏ အနိမ့်ဆုံး သိန်း (၁၀၀) ၀န်းကျင်ရှိတယ်။ ဒီလို အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိခွင့် မပေးဘဲ ပိတ်ပင်ထားတာ ခံရတဲ့အတွက် ကျွန်တော်တို့ရဲ့ ငွေကြေးကုန်ကျမှုနဲ့အတူ အနုပညာ ဆုံးရှုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်စေပါတယ်။ ငွေကြေးဆုံးရှုံးမှုကို တွက်ရတာထက် အနုပညာဆုံးရှုံးမှုက ပိုများပါတယ်” ဟု (၃၆) လမ်းမှ ဇာတ်ကားထုတ်လုပ်သူ တဦးက ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကမူ သူ့အနေဖြင့် ယခု လောလောဆယ်တွင် ရုပ်ရှင်လုပ်ငန်း
ထက် လေဘေးဒုက္ခသည်များအတွက် လူမှုရေးလုပ်ငန်းများကို ဇောင်းပေးပြီး လုပ်နေကြောင်း ပြောသည်။

၎င်းက “ဇာတ်ကားတွေ ပြန်ရိုက်ဖို့ကတော့ လောလောဆယ် အဲဒီဖီးလ်မရှိဘူး။ ကျနော့်အနုပညာ
ကို ပိတ်ထားတာ (၉) လ ရှိပြီ။ ကျနော် အနုပညာနဲ့လည်း စိမ်းတဲ့သဘော ရှိနေတယ်။ အခုလော လောဆယ် ကျနော်က လူမှုရေးကိစ္စကို လုပ်နေတော့ အနုပညာကိစ္စ လုပ်ဖို့ သိပ် ဖီးလ်မရှိဘူး။ လာပြီးကမ်းလှမ်းရင်လည်း ဖီးလ်ရှိမှ ကျနော်ရိုက်တော့မယ်” ဟု ပြောသည်။

ယခုကဲ့သို့ နအဖအနေဖြင့် အကယ်ဒမီ ကျော်သူ၏ ဇာတ်ကားများကို ပြန်လည်ဆင်ဆာခွင့်ပြုခြင်း အပေါ် ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူက ပြောခွင့်မရှိကြောင်း ငြင်းဆိုသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်၏ သတင်းအယ်ဒီတာတဦးက “ဒါက ရှင်းနေတာပဲ၊ စစ်အစိုးရ က သဘောထားကြီးပါတယ်လို့ မြင်အောင်၊ ကျော်သူဟာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါတဲ့သူ တယောက်ဖြစ်လို့ အရင်က သူ့ကို ဖမ်းဆီးခဲ့ဖူးတာရော၊ ဇာတ်ကားတွေ ပြသခွင့်မပေးတာတွေကိုပါ အခုဆိုရင် အားလုံး လွတ်လွတ်လပ်လပ် နေလို့ရပြီလို့ သူများ မြင်သာအောင် လုပ်လိုက်တာပဲ” ဟု ပြောသည်။

သံဃာတော်များ ဦးစီးသည့် ရွှေဝါရောင် ဆန္ဒပြမှုတွင် ကိုကျော်သူသည် ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ပါဝင်ထောက်ခံခြင်းတို့ကြောင့် အောက်တိုဘာ (၁၀) ရက်တွင် ဖမ်းဆီးခံ ခဲ့ရပြီး အောက်တိုဘာ (၁၈) တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။       ။

 

asean
ကြော်ငြာကဏ္ဍ

KPP_ads

music

sayartinmoe

hiv

fbppn

burma

88

oway

alinpyakyelsin

 

Opentracker.net: Website Statistics