English Page
archive
newspaper
journalarchive
photoalbum
bloglogo

Exchange Rate
US 1 $ = 1200 Ks
Thai Bht 1= 35.50 Ks
currency
19 August 2008


 
 

စစ်သားများ လမ်းပေါ်ရောက်လာ
NEJ/ ၆ မေ ၂၀၀၈
line

 

soilders

နာဂစ်မုန်တိုင်း ကျရောက်ပြီးနောက် လမ်းများပေါ်၌ ပြိုလဲကျနေသည့် သစ်ပင်နှင့် အပျက်အစီး များကို ရှင်းလင်းရန် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်သားများကို လမ်းမများပေါ်တွင် ပြန်လည်တွေ့ရှိရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပုဇွန်တောင်မြို့နယ်၌ နေထိုင်သည့် ရန်ကုန်မြို့ခံတဦးက “မနေ့က မနက်ကစပြီး စစ်သားတွေကို
လမ်းပေါ်မှာ စမြင်ရတယ်။ ကားလမ်းပေါ်မှာ လဲနေတဲ့ သစ်ပင်တွေကို ခုတ်ရှင်းနေတာ တွေ့ရ
တယ်။ ဒါပေမယ့် သူတို့မှာ ဘာမှပါလာတာ မတွေ့ရဘူး။ နီးစပ်ရာ အိမ်က ဓားတွေငှားပြီး ခုတ်နေ
တာ တွေ့ရတယ်။ ပါလာတဲ့ စစ်ဗိုလ်ကတော့ အရန်မီးသတ်တယောက်ကို ခေါ်ပြီး ရပ်ကွက်ထဲက
ကားတစီးကို ငှားတယ်။ အဲဒီကားနဲ့ လိုက်ကြီးကြပ်တယ်။ နောက် သစ်ပင်ကို ဆွဲဖို့ ဆိုင်တချို့ကနေ
သံကြိုးတွေ လိုက်တောင်းတယ်။ ကြည့်ရတာ လမ်းရှင်းဖို့ဆိုပြီး ဒီအတိုင်း လွှတ်လိုက်တယ်လို့ ထင်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့၌ စနေနေ့ မုန်တိုင်းမိပြီးနောက် အဆိုပါညတွင် စစ်အစိုးရက ကယ်ဆယ်ရေး ကော်မတီ များ ဖွဲ့စည်းကြောင်း ကြေညာခဲ့သော်လည်း တနင်္ဂနွေနေ့ တနေ့လုံး မည်သူမှ ပေါ်မလာသည့် အတွက် ပြည်သူများ ကိုယ့်အားကိုယ်ကိုးပြီး လမ်းများတွင် ပိတ်ဆို့နေသော သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကြပြီး ပျက်စီးသွားသည့် နေအိမ်အမိုးများကို ပြုပြင်ကြရသည်ဟု  သိရသည်။

ထို့အပြင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲနေသည့်အတွက် လျှပ်စစ်ဓာတ်အား ပြတ် တောက်လျက်ရှိပြီး သောက်ရေသုံးရေ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ကြက်ဥ၊ ဘဲဥ အပါအ၀င် အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်း ကြီးမြင့်နေပြီး အိမ်ဆောက် ပစ္စည်းများဖြစ်သည့် သွပ်၊ သွပ်သံ၊ ဘိလပ်မြေဈေးနှုန်းများလည်း အဆမတန် တက်နေကြောင်း၊ တနင်္လာနေ့ပိုင်း၌ ဘတ်စ်ကား အသွားအလာ အနည်းငယ်သာ တွေ့ရပြီး ကားခဈေးနှုန်းများ ကြီးမြင့်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့နေ ပြည်သူများက ယခုလောလောဆယ် နအဖစစ်အစိုးရ၏ ကယ်ဆယ်ရေး အစီ အစဉ်များသည် ငွေကြေးရုပ်ဝတ္ထုပစ္စည်းမပါဘဲ လက်ချည်းဗလာ အကူအညီမျိုးသာဖြစ်သည်ဟု ပြောဆိုနေကြသည်။       ။

 

asean
ကြော်ငြာကဏ္ဍ

KPP_ads

music

sayartinmoe

hiv

fbppn

burma

88

oway

alinpyakyelsin

 

Opentracker.net: Website Statistics