ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

မုန်တိုင်းပြီးနောက် ရေပြဿနာ အဆိုးဆုံးဖြစ်
NEJ/ ၆ မေ ၂၀၀၈
line

 

water

ပြီးခဲ့သည့် စနေနေ့တွင် မုန်တိုင်းကျရောက်ပြီးနောက် ရန်ကုန်မြို့နေ ပြည်သူများ သောက်သုံးရေ အခက်အခက်ခဲနှင့် အကြီးအကျယ် ရင်ဆိုင်နေကြရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက “လျှပ်စစ်မီးမရှိတော့ ရေက မရဘူး ဖြစ်နေတယ်။ ရေသန့်ဘူးတွေလည်း ဈေးတက်သွားတဲ့အပြင် ၀ယ်မရတော့ဘူး။ ရေတဘူးကို နဂိုက ကျပ် (၃၀၀) လောက်ရှိနေရာကနေ ခု တဘူး ကျပ် (၈၀၀၊ ၁,၀၀၀) ဖြစ်နေတယ်။ အားလုံးက ခေါ်ဈေး ဖြစ်နေ တယ်။ ရပ်ကွက်တွေမှာ အာဏာပိုင်တွေက ကားနဲ့ ရေလိုက်ဝေတာတွေ ရှိပေမယ့် လူတွေက များလွန်းတော့ ရတဲ့ လူကရ၊ မရတဲ့လူက မရ ဖြစ်နေတယ်” ဟု ပြောသည်။

အခြားမြို့ခံ တဦးကမူ ရေသန့်ဘူးကြီးများသာမက ရေသန့်ဘူးငယ်များလည်း ရှားပါးပြီး ဈေးတက် လာကြောင်း၊ ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံများရှေ့၌ အယ်လ်ပိုင်း သောက်ရေသန့် ကားကြီးက ရေသန့် ဘူးငယ်များ ရောင်းချပေးရာ အလုအယက် တိုးဝှေ့ဝယ်နေကြကြောင်း၊ ရေသန့်ဘူး (၆) ဘူးပါ တကတ် ကျပ် (၁,၁၀၀) ရောင်းချနေပြီး လမ်းဘေးဈေးဆိုင်များတွင်မူ တဘူး ကျပ် (၃၅၀- ၄၀၀) ဖြစ်နေကြောင်း ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က ရေကား အနည်းငယ်ဖြင့် ရေ လိုက်ဝေနေသော်လည်း လူဦးရေ (၅) သန်းခန့်ရှိသည့် ရန်ကုန်မြို့၌ မည်သို့မျှ မလောက်ငကြောင်း မြို့ခံများက ပြောသည်။

ပုဇွန်တောင်မြို့နယ်ဘက်၌မူ စစ်ဘက်နှင့် ၀န်ထမ်းနေအိမ်များကို မြို့တော်စည်ပင်က ရေတင်ကား များဖြင့် ရေပေးနေသည်ကို တွေ့၍ ရေလိုအပ်သည့် သာမန် အရပ်သားများက ရေ၀ိုင်းတောင်းကြ သည်ကို မပေး၍ စကားများပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကြကြောင်း သိရသည်။

ရေပေးဝေရေး ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်က ယမန်နေ့ည (၇း၀၀) နာရီမှစ၍ ရေပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် မီးစက်ဖြင့် ကိုယ့်ဖာသာကိုယ် စုပ်တင်ရမည် ဖြစ် ကြောင်း ပြောကြားခဲ့သော်လည်း ပြည်သူအများစုသည် မီးစက်ကိုယ်ပိုင် မရှိသည့်အတွက် ရေမလုံ လောက်သည့်ပြဿနာဖြင့် ရင်ဆိုင်နေကြရသည်။        ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo