English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

ကယ်ဆယ်ရေးအဖွဲ့ကို အမြန်ဆုံးဝင်ခွင့်ပေးရန်
အမေရိကန် သံအမတ် ထပ်မံတောင်းဆို

NEJ / ၉ မေ ၂၀၀၈
line

 

usaid

မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြန်မာလူထုကို အကူအညီ ပေးနိုင်ရန်အတွက် ဘန်ကောက်မြို့၌ အသင့်စောင့်ဆိုင်းနေသည့် အမေရိကန်ကယ်ဆယ်ရေးအဖွဲ့ကို အမြန်ဆုံး မြန်မာပြည် ၀င်ခွင့်
ပြုရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက တောင်းဆိုလိုက်သည်။

သံအမတ်ကြီး အဲရစ်ဂျွန်က “ကျနော်တို့နိုင်ငံ တသီတတန်းကြီးဟာ အကူအညီပေးဖို့ အဆင်သင့် ဖြစ်နေသလို ကူလည်းကူညီချင်တယ်၊ ကူလည်း ကူညီနိုင်တယ်။ ဒါပေမယ့်လည်း အဲဒီနိုင်ငံ တသီတတန်းကြီးဟာ မြန်မာအစိုးရ မယုံကြည်တဲ့နိုင်ငံတွေပဲ ဖြစ်နေတယ်” ဟု ဘန်ကောက် အမေရိကန်သံရုံး၌ ယမန်နေ့ညနေက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စစ်အစိုးရအာဏာပိုင်များက အမေရိကန်ကယ်ဆယ်ရေးအဖွဲ့အား  ၀င်ခွင့်မပေးသည်ကို စိတ်ပျက် မိကြောင်းနှင့် ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအား နှောင့်ယှက်မည့်သူများမဟုတ်ဘဲ ထိထိ ရောက်ရောက် အကူအညီပေးနိုင်မည့်သူများဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်း၌ လူအများအပြား သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု အလွန့်အလွန် ကြီးမားသဖြင့် နိုင်ငံတကာက အကူအညီများ အမြန်ဆုံးပေးကြရန် လိုအပ်ကြောင်းလည်း အမေရိကန်သံအမတ်ကြီးက ပြောသည်။

အမေရိကန် ကယ်ဆယ်ရေးအဖွဲ့တွင် ကျွမ်းကျင်သူ (၁၀) ဦး ပါဝင်ပြီး အတွေ့အကြုံရှိသူများ ဖြစ်သဖြင့် ထောက်ပံ့ရေးပစ္စည်းများနှင့် တပါတည်းသွားရောက်နိုင်ပါက လေဘေးဒုက္ခခံနေရ
သည့် မြန်မာပြည်သူများအား  အမြန်ဆုံးနှင့် အထိရောက်ဆုံး ကူညီနိုင်မည်ဟု မြန်မာနိုင်ငံ သွားရောက်ခွင့်ရရန် စောင့်ဆိုင်းနေသည့် အမေရိကန် ထောက်ပံ့ရေးအဖွဲ့ (USAID) လက် အောက်ခံ သဘာဝ ဘေးတုံ့ပြန် ကူညီရေးအဖွဲ့ခေါင်းဆာင် ဘေလ်ဘာဂါက ပြောသည်။

အမေရိကန်လေယာဉ်နှင့် သဘောင်္များ မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့်ရသွားပြီဆိုသည့် သတင်း များကို မဟုတ်မှန်ကြောင်း အမေရိကန် သံအမတ်ကြီးက ငြင်းဆိုသွားသည်။

၎င်းက “စီ-၁၃၀ လေယာဉ် မြန်မာပြည်ကို ၀င်ဖို့ ခွင့်ပြုချက် မရသေးပါဘူး။ ၀င်ခွင့်ပေးဖို့ ဆုံးဖြတ် ချက်ကို သူတို့ ပယ်ဖျက်လိုက်တာလား၊ ဒါမှမဟုတ် ဆက်သွယ်သတင်းပေးပို့ချက် လွဲသွားတာလား ကျနော်မသိပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ လေဘေးအတွက် အကူအညီပေးရန် အမေရိကန်ဒေါ်လာ (၃) သန်း USAID အဖွဲ့က ချထားပေးပြီး ထိုငွေများမှ သဘာဝ ဘေးတုံ့ပြန် ကူညီရေးအဖွဲ့အတွက်  (၂) သန်း၊ အမေရိကန် ကြက်ခြေနီအဖွဲ့အတွက်  (၁) သန်း ဖြစ်ကြောင်း သိရသည်။ ကုလသဂ္ဂ အေဂျင်စီများဖြစ်သည့် UNICEF, WFP နှင့် UNHCR တို့အတွက် ဒေါ်လာ (၂) သိန်းခွဲ ထည့်ဝင်ပြီးဖြစ်သည်ဟု USAID က တရားဝင် စာရင်းထုတ်ပြန်ထားသည်။

နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များအတွက် အသင့်မဖြစ်သေးကြောင်း နအဖ နိုင်ငံခြားရေးဌာန၏ ပြောကြားချက်ကို  စစ်အစိုးရ သတင်းစာများ၌ ဖော်ပြသည်။       ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics