English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

မုန်တိုင်းကယ်ဆယ်ရေးကိစ္စ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ရန်ကုန်သွားမည်
The Nation/ ၉ မေ ၂၀၀၈
line

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ စမတ်ဆွန်ထရာဝေ့ခ်ျသည် မုန်တိုင်းဒဏ်သင့်သူများအား လူသား ချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရေးအတွက် နိုင်ငံတကာအား ခွင့်ပြုရန်ကိစ္စကို မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် ရန်ကုန်သို့ သွားမည်ဖြစ်သည်။

ယခုလာမည့် တနင်္ဂနွေနေ့၌  မြန်မာနိုင်ငံသို့ သွားမည်ဖြစ်ကြောင်း မစ္စတာစမတ်က ထိုင်းနိုင်ငံ ဆိုင်ရာ ယူကေ သံအမတ်ကြီးအား ပြောကြားသည်။

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် သန်းနှင့်ချီသော မြန်မာပြည်သူများအား ကူညီရန် နိုင်ငံခြား တိုင်း ပြည်များမှ ကယ်ဆယ်ရေးအဖွဲ့များကို မြန်မာစစ်အစိုးရက နိုင်ငံတွင်း ၀င်ခွင့်မပေးသည့် နောက် ပိုင်း ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ လူပေါင်း (၃) သောင်းခန့်ရှိပြီး သေဆုံးသူ အရေအတွက် (၁) သိန်းထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း စစ်အစိုးရက ပြောသည်။

မုန်းတိုင်းဒဏ် သင့်သူများကို လူသားချင်းစာနာသည့် အကူများ ပေးခွင့်ရရေး ထိုင်းနိုင်ငံ၏ အကူ အညီကို အမေရိကန်က အထူးတောင်းဆိုနေသည်။

အမေရိကန်သံအမတ် အဲရစ်ဂျွန်က ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး အမေရိကန်အရေးပေါ် ကယ် ဆယ်ရေးအဖွဲ့ကို မြန်မာခေါင်းဆောင်များက ပြည်ဝင်ခွင့် ပေးလာစေရေး  ကြားဝင်ဆောင်ရွက် ပေးရန် ပြောကြားခဲ့သည်။

မြန်မာကိုကူညီရန် ထိုင်းအစိုးရက အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးတွဲ လုပ်ဆောင်သွား မည်ဟု မစ္စတာ စမတ်က အခိုင်အမာ ပြောကြားခဲ့ကြောင်း အဲရစ်ဂျွန်က ပြောသည်။       ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics