English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

မုန်တိုင်းဘေးသင့်သူများအတွက် မဲဆောက်၌
ကယ်ဆယ်ရေးဌာန ဖွင့်လှစ်

NEJ/ ၉ မေ ၂၀၀၈
line

  monk
မြန်မာအလုပ်သမား လာရောက်လှူဒါန်းသည့် ဆေးဝါးပစ္စည်းများအား ဆရာတော် လက်ခံယူစဉ်
 

မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များကို အကူအညီပေးရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောရ မြန်မာဘုန်းတော်ကြီးကျောင်း၏ ဆရာတော်ဘဒ္ဒန္တမဟိန္ဒ မှ ကမကထပြုပြီး ဒေသတွင်း ရောက် မြန်မာနိုင်ငံသားများနှင့် ပူးပေါင်းဖွဲ့စည်းကာ အဆိုပါကျောင်းတွင် ကူညီကယ်ဆယ် ရေးဌာန ဖွင့်လှစ်လိုက်သည်။

ယနေ့စတင်ဖွင့်လှစ်သည့် ကူညီကယ်ဆယ်ရေးဌာနသို့ ဒေသတွင်းရောက် မြန်မာနိုင်ငံသားများက ဆေးဝါးများ၊ အ၀တ်အထည်များနှင့် ငွေကြေးများ လာရောက်လှူဒါန်းကြသည်။

ကယ်ဆယ်ရေးဌာန ကော်မတီ၏ ဦးစီးအဖွဲ့ဝင် ဦးချစ်ဆွေက “ဒီကရရှိတဲ့ အလှူငွေနဲ့ ပစ္စည်းတွေ ကို မုန်တိုင်းဒဏ် ခံနေရတဲ့ လူတွေဆီ တိုက်ရိုက် ပို့ဆောင်နိုင်ဖို့အတွက် ထိုင်းကြက်ခြေနီအဖွဲ့၊ ထိုင်းလူမှုရေးအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုပ်ထားတယ်။ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီက နေတဆင့် အကူအညီ ပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့လည်း စီစဉ်ဆက်သွယ်ထားပါတယ်” ဟု  ပြောသည်။

အဖွဲ့အား ဒေသတွင်းရောက် စက်ရုံ၊ အလုပ်ရုံများမှ စေတနာရှင်များ၊ အခြားလူမှုရေး အဖွဲ့ အစည်းများမှ စေတနာရှင်များ၊ တသီးပုဂ္ဂလများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

အဖွဲ့အား ဆက်သွယ်လိုပါက မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်း (ဖုန်းနံပါတ် ၀၅၅-၅၃၂၀၄၁)၊ မဲဆောက် ကျောင်းကြီးကျောင်း (ဖုန်းနံပါတ် ၀၈၁-၀၄၀၄၉၀၉) သို့ ဆက်သွယ် လှူဒါန်းနိုင်ပြီး ပြည်ပနှင့် ထိုင်းနိုင်ငံအတွင်း အလှူငွေများ လှူဒါန်းလိုပါက ARTHIT SIRIPORN/ ဘဏ်နံပါတ် ၅၇၃-၂၃၄၂၂၀-၇ ၊ Siam Commercial Bank/ Mae Sot မြို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအား ရည်စူး၍ လာမည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းသွတ် အမျှအတန်း ပေးဝေမည်ဖြစ်၍ ဒေသတွင်းရောက် မြန်မာနိုင်ငံသားများကို အသိပေး နှိုးဆော်စာများ ဝေငှထားသည်။       ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics