English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

ရန်ကုန်မြို့တွင် ဓာတ်ဆီဈေးနှုန်း အဆမတန် မြင့်တက်
NEJ/ ၉ မေ ၂၀၀၈
line

  gas
ရန်ကုန်မြို့မှ ဓာတ်ဆီဆိုင် တဆိုင်တွင် ကားများ တန်းစီနေစဉ်

နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက် လျှပ်စစ်မီး ပြတ်တောက်နေ သည့် ရန်ကုန်မြို့တွင် မီးစက် များကို အသုံးပြုနေကြသည့် အတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဗိုလ်တထောင်မြို့တွင် နေထိုင် သူတဦးက “ခုချိန်ထိ မီးက မရ သေးတော့ ရေစုပ်ဖို့အတွက် ဆိုပြီး မီးစက်တွေ အလုအယက်

 

ဝယ်ကြတယ်။ မီးစက်တွေ အဆမတန် ဈေးမြင့်တက်ရုံမက ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးတွေလည်း မြင့်တက်နေပြီး ၀ယ်လို့မရဖြစ်နေတယ်” ဟု ပြောသည်။

ရေပြဿနာကြောင့် နဂိုမူလ ကျပ် (၇) သောင်း ပေးရသည့် တရုတ်မီးစက် အငယ်စား တလုံးကို ယခု ကျပ် (၁) သိန်း (၂) သောင်း၊ ဟွန်ဒါအမျိုးအစား မီးစက် အလတ်အစားတလုံးကို နဂိုမူလ ကျပ် (၂) သိန်းမှ ယခု (၄) သိန်းကျော်အထိ ဈေးတက်နေကြောင်း၊ အချို့တိုက်ခန်းကြီးများတွင်
အ၀ီစိတွင်းများ တူးဖော်နေကြကြောင်း ရန်ကုန် (၄၈) လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

မီးစက်အသုံးပြုမှု များလာသည့်အတွက် ပြင်ပ မှောင်ခိုဓာတ်ဆီဈေးကွက်တွင် ဓာတ်ဆီတဂါလံ ကျပ် (၁) သောင်းမှ (၁၅,၀၀၀) အထိ ဈေးပေါက်နေပြီး စစ်အစိုးရအာဏာပိုင်များက ဓာတ်ဆီ မှောင်ခိုသမားများကို လိုက်လံဖမ်းဆီးနေသည့်အတွက် နေရာအတော်များများ၌ ဓာတ်ဆီ ရှာဝယ်
၍မရဖြစ်နေကြောင်း သိရသည်။

ထို့အပြင် စီအန်ဂျီ သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲထားသည့် တက္ကစီကားများနှင့် အခြားယာဉ်ငယ်များလည်း စီအန်ဂျီအရောင်းဆိုင်များ မဖွင့်လှစ်သေး၍ မှောင်ခိုဓာတ်ဆီဝယ်
ယူပြီး မောင်းနှင်နေသည့်အတွက် ယခုကဲ့သို့ ဓာတ်ဆီ ပိုမိုရှားပါးရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပေါ်ရှိ အချို့ရပ်ကွက်များတွင် ရပ်ကွက်အာဏာပိုင်များက လောလောဆယ် ရှားပါး ကုန်ဖြစ်နေသည့် ဓာတ်ဆီ၊ ဖယောင်းတိုင်၊ ဓာတ်ခဲတို့ကို သင့်တော်သည့် နှုန်းထားဖြင့် လိုက်လံ ရောင်းချပေးမည်ဟု ကြေညာထားသော်လည်း လက်တွေ့ရောင်းချခြင်း မရှိသေးဟု ရန်ကုန်မြို့ ခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို စစ်အစိုးရက တဦးတည်းချုပ်ကိုင်ထားပြီး မော်တော်ကား ပိုင်ရှင်များကို ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးနေသော်လည်း မလောက်ငသဖြင့် အများစုမှာ မှောင်ခိုဈေးကွက်မှ ၀ယ်ယူသုံးစွဲနေကြရသည်။        ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics