ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင်
ရေကြီးမှုဒဏ် အများဆုံးခံနေရ

NEJ/ ၉ မေ ၂၀၀၈
line

 

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အောက်မြန်မာနိုင်ငံတွင် ရေကြီးလျက်ရှိရာ တိုင်းနှင့်ပြည်နယ် အလိုက် ရေကြီးမှု အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ UNOSAT အဖွဲ့မှ မေ (၅) ရက် နေ့စွဲဖြင့် ဂြိုဟ်တုဓာတ်ပုံများ ထုတ်ပြန်ထားသည်။

အဆိုပါ ရေကြီးမှု ဂြိုဟ်တုဓာတ်ပုံများတွင် တိုင်းနှင့်ပြည်နယ်တို့၌ ရေကြီးနေမှုကို လူဦးရေအလိုက် စာရင်းဇယားများ ထုတ်ပြန်ထားသည့်အပြင် ရေကြီးသည့် ဧရိယာအလိုက် စာရင်းကိုပါ ထုတ်ပြန် ထားသည်။

graph

ဧရာဝတီတိုင်း လပွတ္တာတွင် ရေကြီးမှုဒဏ်ခံရသည့် လူဦးရေ (၂) သိန်းကျော်သဖြင့် အများဆုံး ရေကြီးသည့် ဒဏ်ခံရသည့် ဒေသဖြစ်သည်။ ဘိုကလေးတွင် လူဦးရေ (၁၈၀,၀၀၀) ကျော် ရေကြီး သည့် ဒဏ်ခံနေရပြီး ဖျာပုံတွင် လူဦးရေ (၁၃၀,၀၀၀) ကျော် ရေကြီးသည့် ဒဏ်ခံနေရသည်။

ဧရာဝတီတိုင်းတွင် လူဦးရေ (၈) သိန်းခွဲကျော် ရေကြီးသည့် ဒဏ်ခံနေရပြီး ရန်ကုန်တိုင်းတွင် လူဦးရေ (၆) သိန်းနီးပါး ရေကြီးသည့်ဒဏ် ခံနေရသည်။       ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo