English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

မြန်မာဗီဇာစောင့်နေသည့် ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များ ငိုယိုနေ
NEJ/ ၉ မေ ၂၀၀၈
line

 

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအတွက် အကူအညီပေးလိုသည့် နိုင်ငံခြားကယ် ဆယ်ရေးအဖွဲ့များ သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများ ပြင်ပတွင် ဇွဲကောင်းကောင်းဖြင့် ဗီဇာစောင့်ဆိုင်းနေကြသည်ဟု မျက်မြင် သက်သေများက ပြောသည်။

ယနေ့နံနက်ပိုင်း၌ ဂျာမနီနိုင်ငံ ဘာလင်မြို့ မြန်မာသံရုံးရှေ့တွင် ဗီဇာစောင့်ဆိုင်းနေသည့် ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များထဲမှ အတော်များများ မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်များ အတွက် စိတ်မကောင်းဖြစ်ပြီး ငိုယိုနေကြသည်ကို မြင်ရကြောင်း မျက်မြင်သက်သေများက ခေတ်ပြိုင်ကို ပြောသည်။

နိုင်ငံခြားသားများက မြန်မာ မုန်တိုင်းဒုက္ခသည်များအတွက် စိတ်မကောင်းဖြစ်ရမှန်း သိသော် လည်း မြန်မာစစ်အစိုးရဘက်က ဗီဇာပိတ်ထားသည့်အတွက် ဂျာမနီရောက် မြန်မာများ ဒေါသ ဖြစ်နေသည်ဟု အတိုက်အခံတဦးက ပြောသည်။

ဗီဇာစောင့်ဆိုင်းနေသည့် ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များထဲတွင် အင်ဒိုနီးရှား ဆူနာမိလှိုင်း ဘေးခံရစဉ်က ပစ္စည်းအစုံပါသည့် ဧရာမ ကိုယ်ပိုင်လေယာဉ်ကြီးများဖြင့် သွားရောက်ကူညီ ခဲ့ဖူးသည့် ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များပင် ပါဝင်သည်ဟု စုံစမ်းသိရသည်။

မြန်မာစစ်အစိုးရဘက်မှ နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များအား လောလောဆယ် လက်ခံနိုင် သည့် အနေအထား မရှိသေးကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုပြီးသည့်တိုင် ယခုကဲ့သို့
ဂျာမန် ကယ်ဆယ်ရေးအဖွဲ့များ ဗီဇာစောင့်နေကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌လည်း ဗီဇာစောင့်နေသည့် ကုလ၀န်ထမ်းများ၊ အကူအညီ ပေးရေးအဖွဲ့များ အများအပြား ရှိနေသည်။

မြန်မာစစ်အစိုးရသည် ကာတာနိုင်ငံမှ ရောက်လာသည့် မုန်တိုင်းကယ်ဆယ်ရေးလေယာဉ်ကို ရန်ကုန်လေဆိပ်မှ လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့သော်လည်း စစ်အစိုးရနှင့် ဆက်ဆံရေး ပြေလည် သည့် NGO နိုင်ငံခြား လူမှုရေးအဖွဲ့အချို့ကိုမူ ဗီဇာထုတ်ပေးနေသည်ဟု စုံစမ်းသိရသည်။

မကြာခင်က ရန်ကုန်ဝင်ခွင့်ရသွားသည့် အင်္ဂလန်နိုင်ငံမှ Merlin NGO အဖွဲ့သည် မြန်မာစစ်အစိုး ရနှင့် ယခင်ကတည်းက လုပ်ငန်းများ ပူးတွဲဆောင်ရွက်ခဲ့ဖူးသည့်ပြင် စစ်အစိုးရနှင့် နီးစပ်သည့် မြန်မာ NGO များနှင့်ပါ ဆက်ဆံရေးကောင်းသည့် အဖွဲ့ဖြစ်သည်ဟု မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ သို့သော် အင်္ဂလန်မှ အချို့ NGO များကို ယခုထိ လန်ဒန် မြန်မာ သံရုံးက ဗီဇာ ထုတ်မပေးသေးဟု သိရသည်။

သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများက ထုတ်ပေးသည့် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် မြန်မာ နိုင်ငံ သွားရောက်ခဲ့သည့် ကယ်ဆယ်ရေးကိစ္စ ကူညီလိုသူ နိုင်ငံခြားသားများကိုလည်း ရန်ကုန်မှ စိစစ်ပြီး နှင်ထုတ်နေသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။      ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics