ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 
 

လေဘေးဒုက္ခသည်များ နှင်ထုတ်ခံရ
ကျော်ထင်/ ၉ မေ ၂၀၀၈
line

  ygn
ရန်ကုန်မြို့မှ မုန်တိုင်းဒုက္ခသည်များ
 

မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်ပျက်စီးသွား၍ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ နီးစပ်ရာ စာသင်ကျောင်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များကို အာဏာပိုင်များက ယမန်နေ့၌ မောင်း ထုတ်လိုက်သည်။

လှိုင်သာယာမြို့၊ အမက (၂၅) တွင် ခိုလှုံနေကြသည့် ဒုက္ခသည် (၁၀၀) ကျော်ကို ကျောင်းအုပ် ကြီးက ယမန်နေ့ နေ့လည် (၁၂) နာရီတွင် နောက်ဆုံးထားပြီး ထွက်ခွာကြရန် ပြောဆိုခဲ့ကြောင်း ဒုက္ခသည်တဦးက ပြောသည်။

၎င်းက “ ကျနော်တို့ ဆက်လက်နေထိုင်ဖို့ တောင်းဆိုတယ်၊ လုံးဝ လက်မခံဘူး၊ အစကတော့ ဒီမှာရှိတဲ့ မိသားစုတွေ စုပြီး လက်မှတ်ထိုးပြီးတော့ မယကကို တင်ပြမယ်လို့ အစီစဉ်ရှိတာပေါ့နော်။ ညတုံးက စဉ်းစားတာပေါ့၊ ပြီးတော့မှ ဒီပြင်လူတွေကို မေးတော့လည်း နှင်ထုတ်ခံရတာပေါ့ပဲ။ ကျနော်တို့ အကိုလာလို့ မေးတော့လည်း သူတို့ကျောင်းမှာလည်း ပြောင်းခိုင်းတယ်ဆိုတော့ ဘယ်လို တင်ပြတော့မှာလဲ” ဟုပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်းက အိမ်ပြိုပျက်များကြားသို့ ပြန်လည်ပြောင်းရွှေ့လာကြသော ဒုက္ခသည် များကို အကူညီပေးရေး အန်ဂျီအိုတခုဖြစ်သည့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ဆန်၊ ပဲ၊ ဆီအနည်းငယ်နှင့် တာလပတ်စများ ဝေငှခဲ့သည်။

တပတ်ခန့် စာသင်ကျောင်းများတွင် ခိုလှုံနေကြစဉ်ကလည်း အာဏာပိုင်များက တဦးလျှင် ဆန် နို့ဆီဗူး(၂) လုံးနှုန်းဖြင့် တရက်သာ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

၎င်းက “လောလောဆယ်ကတော့ ကျနော်တို့က ကူညီမယ့်သူ လိုနေတယ်၊ ပြောရရင်တော့ ကယ်တင်ရှင် လိုချင်တာပဲပေါ့၊ တခုခုပေါ့နော်၊ တနိုင်လုံးလို ဖြစ်နေပြီး ကိုယ့်ထက် ဆိုးတဲ့နေရာ များတာကိုး၊ များတော့ တတ်နိုင်သလောက်လေးပေါ့နော်၊ အခု သူတို့က ကယ်ဆယ်ရေးစခန်း တွေမှာ မထားဘူး၊ မထားတော့ ကျနော်တို့အိမ်လေး ပြန်ဆောက်ချင်တယ် ၊ (၁) သိန်း ကုန်မယ့် နေရာမှာ နည်းနည်းပါးပါး ကူပေးပေါ့၊ အဲလိုလေးဆိုရင် ကမန်းကတမ်း လုပ်ပစ်လို့ ရတာပေါ့၊ ခုတော့ မိသားစု စားဝတ်ရေးကို ဖြေရှင်းနေရတော့ ဒီဟာတွေကို မလုပ်နိုင်ဘူးဖြစ်နေတယ်” ဟုပြောသည်။

ဒုက္ခသည်များကို ထိရောက်လျှင် မြန်စွာကူညီနိုင်ရန် နိုင်ငံတကာ အကူညီပေးရေးအဖွဲ့များက ကမ်းလှမ်းနေကြသော်လည်း စစ်အစိုးရမှ အကန့်အသတ်ဖြင့်သာ စီစစ်လက်ခံလျှက်ရှိသည်။     ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo