ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

အန်ဒီအေ (ကချင်) အဖွဲ့ ရာထူးအပ်နှင်းပွဲ လုပ်မည်
လင်းနိုင်ဦး / ၃ နိုဝင်ဘာ ၂၀၀၉

line

 

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်တွင် တာဝန်ယူကြမည့် အရာရှိ အရာခံ အဆင့်အသီးသီးကို တရားဝင် ရာထူးအပ်နှံသည့် အခမ်းအနားတခု လာမည့် နိုဝင်ဘာ (၈) ရက်နေ၌ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “နိုဝင်ဘာလ (၈) ရက်နေ့မှာ တရားဝင် ရာထူးခန့်အပ်ပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး တက်မယ်လို့တော့ ကြားတယ်။ ဆဒုံးမြို့နယ်ထဲမှာ လုပ်ဖို့ရှိပါတယ်။ ရာထူးခန့်အပ်ခံရတဲ့ အဲဒီသူတွေဟာ အစိုးရအသိအမှတ်ပြု တရားဝင် ပြန်တမ်းဝင်သူတွေ ဖြစ်လာမှာဖြစ်တယ်” ဟု ပြောသည်။

အန်ဒီအေကေ ကချင်တပ်ဖွဲ့သည် မူလတပ်ဖွဲ့မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆက်လက် အကောင်အထည်ဖော်နေဆဲဖြစ်ပြီး ဒေသအတွင်းရှိ ဆဒုံးမြို့နယ် ဝေါ်ချုံးတွင် တပ်ရင်း (၁) ရင်း၊ ဂမ်ခွန်းတွင် တပ်ရင်း (၁) ရင်းနှင့် လုပြည်တွင် တပ်ရင်း (၁) ရင်း ဖွဲ့စည်းနေရာချထားသည်။

ယခုကဲ့သို့ ရာထူးခန့်အပ်ပွဲပြီးပါက အဆင့်အသီးသီးမှ အရာရှိတပ်သားများသည် နေရာဒေသအသီးသီးတွင် ထပ်မံပြီး သင်တန်းများ တက်ကြရဦးမည်ဖြစ်ကာ အရာရှိအဆင့်တို့ကို ဗထူးမြို့၊ တပ်သားများကို မြစ်ကြီးနားမြို့အနီးရှိ ပျဉ်ထောင်၊ အခြား အဆင့်များကို ကရင်ပြည်နယ် သံတောင်တွင် နအဖက စစ်သင်တန်းများ ပေးဦးမည်ဟု သိရပြီး အချို့ကိစ္စများအတွက် အန်ဒီအေကေ ခေါင်းဆောင်ပိုင်းက စိုးရိမ်မှုရှိနေကြောင်း သိရသည်။

အန်ဒီအေကေ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက “ဒီ ကချင်လူမျိုး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို ကရင်ပြည်နယ် သံတောင်လို နေရာမျိုးကို ခေါ်သွားပြီး သင်တန်းပေးမယ်ဆိုရင် မြန်မာအစိုးရ စစ်တပ်က အမိန့်ပေးတဲ့အတိုင်း နာခံကြရမှာဖြစ်တယ်။ ဒီအခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို ခေါ်သွားပြီး ဥပမာ ကရင်နဲ့ တိုက်ခိုင်းတာမျိုး ရှိလာရင် မတွေးရဲစရာ ကောင်းလောက်တဲ့ အနေအထား ဖြစ်သွားပြီ။ ကချင် နယ်ခြားစောင့်တပ်ဟာ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတာ ခံရတဲ့ အနေအထားမျိုး ရောက်သွားမှာ အထူးစိုးရိမ်မိတယ်။ ဒီလိုမဖြစ်ဖို့ အန်ဒီအေကေ ခေါင်းဆောင်ပိုင်းဟာ နအဖအစိုးရကို ခုကတည်းက ပြောဆို သဘောတူညီချက် ယူထားသင့်တယ်” ဟု ပြောသည်။

ရာထူးအပ်နှံပွဲပြီးနောက် မကြာမီသင်တန်းများ ပေးတော့မည်ဖြစ်သည့်အတွက် သင်တန်းသွားတက်မည့် တပ်ဖွဲ့များနေရာ၌ လက်ကျန်တပ်ဖွဲ့နှင့်အတူ နယ်ခြားစောင့်တပ်တွင် တာဝန်ကျသည့် နအဖ စစ်တပ်ဖွဲ့ဝင်များ ဒေသတွင်း ဝင်ရောက်လာပြီး လုံခြုံရေးတာဝန် ယူကြမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo