ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

ဖမ်းဆီးခံ စာနယ်ဇင်းသမားများ
မည်သည့်နေရာ ရောက်နေမှန်း မသိရ

မင်းနိုင်သူ / ၄ နိုဝင်ဘာ ၂၀၀၉

line

 

အလင်္ကာဝတ်ရည်ဂျာနယ် ဒီဇိုင်နာ ကိုခန့်မင်းထက်ကို အာဏာပိုင်များက အောက်တိုဘာ (၂၂) ရက်တွင် နေအိမ်မှ လာရောက်ခေါ်ဆောင်သွားပြီးနောက် ရက်သတ္တ (၂) ပတ်ကြာသည်အထိ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ဖခင်ဖြစ်သူ စာရေးဆရာမောင်စိမ်းနီက ပြောသည်။

“ည (၁၀) နာရီလောက်မှာ လာခေါ်သွားတာ။ ဘာ့ကြောင့်ဆိုတာလဲ ဘာမှမသိရဘူး။ သူက ကဗျာဆရာလည်း ဖြစ်နေတာဆိုတော့ သူ့ကဗျာတွေနဲ့များ ပတ်သက်သလား။ ဘာမှ ရေရေရာရာ မသိရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က အခုချိန်ထိ ဘယ်မှာ ထားမှန်းမသိရတော့ စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။

ကိုခန့်မင်းထက်ကို သာကေတမြို့နယ် အမှတ် (၃) နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၄) ရက်အကြာတွင် အလင်္ကာဝတ်ရည်ဂျာနယ်တိုက်ရှိ ကွန်ပျူတာများကို အာဏာပိုင်များက စစ်ဆေးခဲ့ပြီး ကွန်ပျူတာဟတ်ဒစ်ကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

၎င်းအဖမ်းအဆီးခံရပြီးနောက် (၅) ရက်အကြာတွင် သာကေတမြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် ရှိနေသော FOREIGN AFFAIR ဂျာနယ်မှ အယ်ဒီတာ ကိုသန့်ဇင်စိုးနှင့် သတင်းထောက် ကိုပိုင်စိုးဦးတို့ အပါအ၀င် လူငယ် (၈) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထိုလူငယ် (၈) ဦးကိုလည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယခုအချိန်ထိ မသိရသေးကြောင်း ရန်ကုန် သတင်းထောက်များက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိနေဆဲဖြစ်ပြီး ထိုအထဲတွင် စာနယ်ဇင်းသမား (၄၀) ကျော်လည်း ပါဝင်သည်။

မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံများစာရင်းတွင် အစဉ်တစိုက်ပါဝင်နေပြီး နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း မြန်မာစစ်အစိုးရ၏ သတင်းမီဒီယာများအပေါ် ဖိနှိပ်နေမှုကို အောက်တိုဘာ (၂၉) ရက်တွင် ပြစ်တင်ရှုတ်ချထားသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo