ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တောင်ဒဂုံစက်မှုဇုန်တွင် လုပ်ငန်းလည်ပတ်မှုများ
သိသာစွာ ကျဆင်းနေ

အောင်ထက် / ၉ နိုဝင်ဘာ ၂၀၀၉

line

 

ကား ဖရိန်ချိုး၊ ရိုလာခွေလုပ်ငန်းမှအစ မူလီနတ်ခေါင်းအဆုံး သံထည်လုပ်ငန်း အကျယ်ပြန့်ဆုံးဖြစ်သော ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်၌ လုပ်ငန်းလည်ပတ်မှုကျဆင်းလာ၍ ကိုယ်ပိုင်အလုပ်ရုံနှင့် ဆိုင်ခန်းများကို ရောင်းချ ငှားရမ်းလိုသူ လုပ်ငန်းရှင် များပြားလာသည်။

“Supply ဘယ်လောက်ရှိရှိ၊ Production ဘယ်လောက်ကောင်းကောင်း Demand မရှိရင် ဘာမှလုပ်လို့မရပါဘူး။ အဲဒီမှာ လုပ်ငန်းကျွမ်းကျင်ပါးနပ်သူတွေရှိတဲ့ အလုပ်ရုံတွေသာ လုပ်ငန်းကို ပုံမှန်အဆင့် လည်ပတ်နေရပြီး သာမန်အလုပ်ရုံတွေကတော့ အလုပ်တွေ ခါးဆက်ပြတ်နေတယ်” ဟု ဇုန် (၁) ယောက်ကော်လမ်းပေါ်ရှိ မီးစက်လုပ်ငန်းရှင်တဦးက ပြောသည်။

တောင်ဒဂုံစက်မှုဇုန်၏ သံထည်အရောင်းအ၀ယ်သည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှ ကျဆင်းလာခဲ့ပြီး လတ်တလော သီတင်းပတ်များအတွင်း အဆိုးဝါးဆုံး အခြေအနေဖြစ်နေသည်ဟု စက်မှုဇုန် (၃)၊ ဇောင်းတူလမ်းပေါ်ရှိ ဒိုင်နမိုမော်တာ လုပ်ငန်းရှင်တဦးက ပြောသည်။

စက်မှုဇုန် (၃) ရှိ လောပိတလမ်း၊ ကျောက်ပုထိုးလမ်း၊ ရတနာသိင်္ဂီလမ်းနှင့် ဟိန္ဒားလမ်းတို့တွင် ပေ (၂၀x၃၀) ပတ်လည် အလုပ်ရုံနှင့် ဆိုင်ခန်းအချို့တို့ကို ရောင်းချလိုသူများရှိပြီး သိန်း (၄၀၀) ခန့် ခေါ်ဈေးရှိနေသည်။

ပုဇွန်တောင် စက်မှုလမ်းမကြီးပေါ်ရှိ ဆိုင်ခန်းများနှင့် လမ်းဆုံထောင့် အလုပ်ရုံတို့သည် သိန်း (၅၀၀) နှင့် (၈၀၀) ကြား ဈေးဖြစ်နေသည်။

ထိုသို့ ဆိုင်ခန်းရောင်းချမည့်၊ ငှားရမ်းမည့် လုပ်ငန်းရှင်အချို့ ရှိနေသော်လည်း အ၀ယ်-အငှား မေးမြန်းစုံစမ်းသူ တစုံတရာမရှိကြောင်း သိရသည်။

ဤသို့ဖြစ်ရသည်မှာ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနှင့် ရှေ့အလားအလာကို မှန်းဆမရခြင်း၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှားပါးခြင်းတို့အပေါ် စိုးရိမ်စိတ်များ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်ကြီးများက သုံးသပ်သည်။

“Offer အနေအထားအရ လုပ်ငန်းမတိုးချဲ့ရဲဘူး။ လက်ရှိအနေအထားကို မနည်းမတ်အောင် ထိန်းနေရတယ်။ လျှပ်စစ်မီးက ဇုန် (၂) မှာ နေ့လယ် (၁၂) နာရီကနေ ည (၇) နာရီအထိရတယ်။ ဇုန် (၃) က နံနက် (၇) နာရီကနေ နေ့လယ် (၁၂) နာရီအထိ ရတယ်။ ကိုယ်ပိုင်မီးစက်တွေနဲ့ပဲ လုပ်ငန်းလည်ပတ်နေတာ” ဟု ဇုန် (၂) စစ်တောင်းလမ်းပေါ်ရှိ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံတာဝန်ခံက ရှင်းပြသည်။

တောင်ဒဂုံစက်မှုဇုန်တွင် ယခုနှစ်အတွင်း စက်တင်ဘာ (၁) လသာ အချိန်ပြည့်လျှပ်စစ်မီးရရှိပြီး အောက်တိုဘာလဆန်း ကတည်းက ယနေ့အထိ နေ့တ၀က်သာ လျှပ်စစ်မီးရရှိခြင်းသည် ထုတ်လုပ်မှုကျဆင်းရသည့် အချက်တချက်ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်အများက ပြောဆိုသည်။

တောင်ဒဂုံစက်မှုဇုန်၌ ဇုန် (၃) ခုရှိပြီး ဇုန် (၁) တွင် အထည်အလိပ်စက်ရုံ၊ သံရည်ကျိုလုပ်ငန်း၊ မော်တော်ကား အင်ဂျင်စက်ရုံတို့ကဲ့သို့ အကြီးစားစက်မှုလုပ်ငန်းများ၊ ဇုန် (၂) တွင် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ဆေးဝါးလုပ်ငန်းများကဲ့သို့ အိမ်တွင်းမှုလုပ်ငန်းများ၊ ဇုန် (၃) တွင် ပုဇွန်တောင် ကြက်တန်းမှ ရွှေ့ပြောင်းလာသော တွင်ခုံ၊ သံပန်းတံခါး၊ ၀ရိန်လုပ်ငန်းငယ်တို့ ပါဝင်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook