ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

စပါးဈေး ထိုးကျသဖြင့် လယ်သမားများ
ဆောင်းသီးနှံစိုက်ရန် အခက်တွေ့

မေကျော် / ၉ နိုဝင်ဘာ ၂၀၀၉

line

 

စပါးတင်း (၁၀၀) လျှင် ယခင် ကျပ် (၃) သိန်းခွဲမှ ယခု ကျပ် (၂) သိန်းခွဲခန့်အထိ ကျပ် (၁) သိန်းနီးပါး ဈေးကျသွားသဖြင့် တောင်သူများ ဆောင်းသီးနှံစိုက်ရန် အရင်းအနှီးမရှိဘဲ အခက်တွေ့နေကြကြောင်း သိရသည်။

စပါးဈေးထိုးကျသွားသဖြင့် ယခု ထွက်ရှိသည့်မိုးစပါးကို ရောင်းချပြီး ဆောင်းသီးနှံ ပဲပြန်စိုက်ရန် အရင်းအနှီးအဖြစ် ပြန်သုံးသော တောင်သူများ အခက်ကြုံနေကြရခြင်း ဖြစ်သည်ဟု ဆန်ကုန်သည်များက ပြောသည်။

“အရင်ဈေးလေးဆိုတော့ စိုက်စရိတ်ရောဘာရော တော်သေးတာပေါ့။ ပဲစိုက်ချိန်ကလည်း ရာသီချိန်နဲ့ဆိုတော့ စိုက်စရိတ်နဲ့ ကတော့ မကျန်ဘူး။ ရှုံးတယ်။ ရှေ့ကယူထားတဲ့ကြွေးလည်း မကျေ၊ နောက်ထပ် ပဲစိုက်ဖို့ ငွေမရှိဆိုတော့ စိတ်ညစ်တာပေါ့” ဟု ပဲခူးတိုင်းမှ ဒေသခံလယ်သမားတဦးက ပြောသည်။

စစ်အစိုးရက ကျပ် (၅,၀၀၀) တန် ထုတ်လိုက်ပြီးနောက်ပိုင်း ပြည်တွင်းဆန်ဈေးကွက် အတက်ဘက် ဦးတည်လာခဲ့သော်လည်း ပြည်ပဆန်တင်ပို့ခွင့် ပိတ်ပင်လိုက်သည့်အတွက် ယခုကဲ့သို့ စပါးဈေးထိုးကျသွားခြင်းဖြစ်သည်။ ထို့အပြင် တပ်ရိက္ခာအတွက် နှစ်စဉ်ဝယ်နေသည့် ရိက္ခာစပါးကိုလည်း စစ်တပ်က မ၀ယ်ယူသေးကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အိတ်စပို့တွေက ဈေးချ ၀ယ်တဲ့အတွက်ကြောင့် ဈေးပြုတ်ကျသွားတယ်။ တပ်စပါးတွေကလည်း စပါးခြောက်မှ ၀ယ်မယ်လို့ အသံတွေ ထွက်လာလို့ ဈေးတွေက နိမ့်ကုန်တယ်” ဟု ရန်ကုန်အခြေစိုက် ဆန်ကုန်သည်က ပြောသည်။

တောင်သူများ၏ စပါးတဧက စိုက်ပျိုးစရိတ်မှာ ကျပ် (၁) သိန်း (၈) သောင်းမှ (၂) သိန်းခန့်အထိ ပျမ်းမျှရှိပြီး နှစ်စဉ်ပျမ်းမျှ အထွက်နှုန်းမှာ တဧက တင်း (၆၀) ခန့်သာရှိသဖြင့် တောင်သူများ အရင်းမကျေ ဖြစ်ကြရကြောင်း ဘိုကလေး၊ မြင်းကကုန်းကျေးရွာမှ တောင်သူတဦးက ပြောသည်။

၎င်းက “မိုးတွင်းစပါးက မြေဆီ မသုံးတာများတယ်ဆိုတော့ (၂) သိန်းလောက်ပဲ တဧကကို။ အထွက်က (၆၀) နဲ့ (၈၀) ကြားပဲ။ ဒီထက် ပိုမထွက်ဘူး” ဟု ပြောသည်။

နွေစပါးကသာ တဧက တင်း (၁၀၀) ကျော်ခန့် ထွက်ပြီး မိုးစပါးအထွက်မှာ တဧက တင်း (၆၀) ကျော်သာ ပျမ်းမျှထွက်ကြောင်း၊ အညာဒေသတွင်လည်း ယင်းပမာဏခန့်သာ ပျမ်းမျှထွက်ကြောင်း ၎င်းက ပြောသည်။

တောင်သူများက မိုးစပါးစိုက်ရန် အရင်းအနှီးကို စပါးကြိုပေးစနစ်ဖြင့် စိုက်စရိတ် ငွေကြေးကို ချေးယူထားရပြီး စပါးထွက်လာသည့်အခါ ပေါက်ဈေးဖြင့် အတိုးပေးကာ ပြန်လည်ပေးချေရရာ ယခု စပါးဈေးနိမ့်သွားခြင်းက နောက်သီးနှံအတွက် အရင်းအနှီးမရဘဲ ဖြစ်သွားခြင်းဖြစ်သည်။

မြန်မာ့လူဦးရေ (၇၀) ရာခိုင်နှုန်း မှီခိုနေသည့် လယ်ယာလုပ်ငန်းတွင် နှစ်စဉ် စပါးပေါ်ချိန်၌ အစိုးရက စပါးဈေးကို ထိန်းလိုက်ပြီး အရင်းအနှီးကြီးသူများက စပါးဈေးနှိမ့်ဝယ်ယူခြင်းကြောင့် နှစ်စဉ် တောင်သူများ စိုက်ပျိုးစရိတ် အခက်အခဲ ကြုံတွေ့နေကြရခြင်း ဖြစ်သည်။

“တောင်သူ စပါးပေါ်ချိန် ဈေးချလိုက်တယ်။ ကုန်သည်တွေ လက်ထဲ စပါးရောက်သွားရင် ဈေးတက်သွားပြီ။ အဲတော့ တောင်သူက စားဖို့ဆန်ကို ဈေးကြီးပေးပြီး ပြန်ဝယ်စားရတယ်။ ဘယ်တောင်သူမှ စပါးကို လှောင်မထားနိုင်ဘူး” ဟု ဘိုကလေး ဒေသခံတောင်သူက ပြောကြားသည်။

တောင်သူများက လယ်ယာသွင်းအားစုများဖြစ်သော ဒီဇယ်၊ မြေဆီနှင့် လုပ်အားခများကို ကာလပေါက်ဈေးဖြင့် နှစ်စဉ် ၀ယ်ယူ သုံးစွဲနေရသော်လည်း စစ်အစိုးရက လယ်ယာထွက်ကုန် စပါးကို ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး အဖွဲ့ဖွဲ့ကာ နည်းမျိုးစုံဖြင့် ဈေးနှုန်း ထိန်းချုပ်ထားခြင်းဖြစ်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook